Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တတိယအကြိမ်မြောက် အာဖဂန်အိမ်နီးချင်းနိုင်ငံများနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မိန့်ခွန်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၁၈ ရက်တွင် ပေကျင်းမြို့မှ အမေရိကန်သမ္မတဘိုင်ဒန်နှင့်ဗွီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် အာဖဂန်နစ္စတန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မတ် ၃၁ ရက်က မိန့်ခွန်းသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် သမ္မတရှီကျင့်ဖိန်က အာဖဂန်နစ္စတန်သည် ခရီးကြမ်းနှင့်ဆင်းရဲမှုဒဏ်ကို အတိခံစားခဲ့ရပြီး လုပ်ငန်းပေါင်းများစွာ ပြန်လည်ရှင်သန်ရန်စောင့်ဆိုင်းနေသော ရှုပ်ထွေးမှုများကြားမှ စီမံအုပ်ချုပ်ရေးသို့ သွားနေသည့် အရေးကြီးကာလတွင် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။ အာဖဂန်သည် အစည်းအဝေးတက်ရောက်ကြသည့် နိုင်ငံအသီးသီးနှင့်အတူတကွရှိနေသော အိမ်နီးချင်းမိတ်ဖက်များ ဖြစ်ကြကြောင်း၊ မိမိတို့သည် တောတောင်ရေမြချင်းဆက်စပ်နေပြီး အေးအတူ၊ပူအမျှ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစည်ပင်သော အာဖဂန်နစ္စတန်သည် အာဖဂန်ပြည်သူတစ်ရပ်လုံး၏မျှော်လင့်ရာဖြစ်သလို ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

“အိမ်နီးချင်းနိုင်ငံများနှင့်ကောင်းမွန်ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် နိုင်ငံ၏အဖိုးမဖြတ်နိုင်သည့် တန်ဖိုးဖြစ်သည်”ဟု သမ္မတရှီက သဝဏ်လွှာတွင် အလေးထား ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို အစဉ်လေးစားပြီး အာဖဂန် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုကို အားပေးထောက်ခံကြောင်း ၊ အာဖဂန်အိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီးသည်မှစပြီး အိမ်နီးချင်းနိုင်ငံများ၏အားသာချက်ဖြင့် အာဖဂန်အခြေအနေ တည်ငြိမ်စွာ အသွင်ပြောင်းရေးအတွက် အပြုသဘောကဏ္ဍမှ ဖော်ဆောင်ခဲ့ကြကြောင်း ဆိုသည်။

အာဖဂန်ပြည်သူများ လှပသည့်အနာဂတ်ကို တည်ဆောက်ရာတွင် အာဖဂန်အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့တတ်နိုင်သမျှ သဘောတူညီချက်များစုစည်းပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အားပေးထောက်ခံကြရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က သဝဏ်လွှာတွင် အလေးထား ဖော်ပြခဲ့သည်။ (Xinhua)

#ThirdForeignMinisters’MeetingAmongTheNeighboringCountriesOfAfghanistan, #XiJinping, #xinhua, #တတိယအကြိမ်မြောက်အာဖဂန်အိမ်နီးချင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး, #ရှီကျင့်ဖိန်, #ဆင်ဟွာ
…………………..
(Chinese Version)
习近平向第三次阿富汗邻国外长会发表书面致辞
2022-03-31 09:54:14
新华社北京3月31日电3月31日,国家主席习近平向第三次阿富汗邻国外长会发表书面致辞。
习近平指出,阿富汗饱经沧桑,百业待兴,正处在由乱及治的关键时期。阿富汗是与会各国共同的邻居和伙伴,我们是山水相连、休戚与共的命运共同体。一个和平、稳定、发展、繁荣的阿富汗,是全体阿富汗人民的期盼,也符合地区国家和国际社会共同利益。
习近平强调,“亲仁善邻,国之宝也”。中国一贯尊重阿富汗的主权、独立、领土完整,致力于支持阿富汗实现和平稳定发展。阿富汗邻国协调合作机制自去年9月创立以来,发挥邻国优势,为阿富汗局势平稳过渡发挥了建设性作用。
习近平最后强调,阿富汗邻国要各尽所能,凝聚共识,协调配合,支持阿富汗人民开创美好未来。(完)

图说:3月18日晚,国家主席习近平在北京应约同美国总统拜登视频通话。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.