Connect with us

China

တရုတ်-လာအို ရထားလမ်း ဖြတ်သန်းသွားရာ လန်ချန်းမြစ်ကမ်းနံဘေးက တိုင်လူမျိုးတို့၏ ကျေးရွာလေး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန်ဟန်မြို့နယ် တရုတ်-လာအို ရထားလမ်းတွင် တိုင်လူမျိုးကျေးရွာလေးနံဘေးက ဖြတ်သန်းသွားသော ကျည်ဆန်ရထားအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှစ်ဆောင်ပဏ္ဏား၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟုန်မြို့ မုန်ဟန်မြို့နယ် မန့်ထိန်းကျေးရွာသည် တောင်ဘက်တွင် လန်ချန်းမြစ်၊ မြောက်ဘက်တွင် တရုတ်-လာအို ရထားလမ်း တည်ရှိရာ အစဉ်အလာအားဖြင့် တိုင်လူမျိုးတို့၏ယဉ်ကျေးမှု ကျေးရွာလေး ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လိုက်ခြင်းသည် မုန်ဟန်မြို့နယ်ရှိ ကျေးရွာသူ၊ကျေးရွာသားများ၏ သွားလာမှုကို ပြောင်းလဲနိုင်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး သွားလာမှု အဆင်ပြေချောမွေ့ရုံသာမက ခရီးသွားများ ကျည်ဆန်ရထားဖြင့် ထိုနေရာများအား လာရောက်လည်ပတ်ရန် ပို၍ ဆွဲဆောင်မှုရှိလာခဲ့ရာ မန့်ထိန်းကျေးရွာလေးကဲ့သို့သော ရထားလမ်းတစ်လျှောက် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားသစ်များ ဖြည့်တင်းပေးခဲ့သည်။
ဒေသခံအစိုးရ၏ ထောက်ခံအားပေးမှုအောက်တွင် လုပ်ငန်းအများအပြား ဝင်ရောက်လာခဲ့ပြီး မန့်ထိန်းကျေးရွာလေး၏ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း တစ်ဆင့်တိုး ဖွံ့ဖြိုးလာခဲ့သလို ကျေးရွာသူ၊ ကျေးရွာသားများ အလုပ်အကိုင်ရရှိ ဝင်ငွေတိုးစေသည့်လမ်းသည် ပိုမို ကျယ်ပြန့်လာသည်။ ကျေးရွာ၏ပုံရိပ်မြင့်မားလာသလို တိုင်းရင်းသားရိုးရာဓလေ့ယဉ်ကျေးမှုများ ထိန်းသိမ်းဆက်ခံရာတွင် အားမာန်သစ်များ တောက်ပလျက်ရှိသည်။

မန့်ထိန်းကျေးရွာ၏ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်-လာအို ရထားလမ်းတစ်လျှောက် ကျေးလက်တောရွာများ ဖွံ့ဖြိုးတိုးတက်လာသည့် ပုံရိပ်ငယ် ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းတစ်လျှောက်တွင် နာမည်ပေါ်လွင်မှုမရှိခဲ့သည့်ကျေးရွာလေးများပင် “ခရီးသွားနေရာ”အဖြစ် ပြောင်းလဲလာကြရာ ရထားလမ်းတစ်လျှောက်နေ ပြည်သူများသည် တရုတ်-လာအို ရထားလမ်းမှရရှိသော အကျိုးကျေးဇူးများကို မျှဝေခံစားနေကြပြီ ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန်ဟန်မြို့နယ် ကျေးရွာတစ်ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသူများအနောက်ရှိ တရုတ်-လာအို ရထားလမ်းမှ ကျည်ဆန်ရထား ဖြတ်သန်းသွားသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ မုန်ဟန်မြို့နယ် ကျေးရွာတစ်ရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသူများအနောက်ရှိ တရုတ်-လာအို ရထားလမ်းမှ ကျည်ဆန်ရထား ဖြတ်သန်းသွားသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
神州风物|澜沧江边的傣寨:中老铁路过我家
云南省西双版纳傣族自治州景洪市勐罕镇曼听村南傍澜沧江、北靠中老铁路,是传统傣族文化村,民族风情浓郁。
中老铁路的开通,改变了勐罕镇许多村民的出行方式,不仅方便了村民外出,也吸引了更多游客乘坐动车到此旅游,为以曼听村为代表的一批沿线村落的发展注入新动力。
在当地政府的支持下,不少企业相继进驻,曼听村的文旅产业进一步发展,村民就业增收的路子更广了,村容村貌进一步提升,民族风情和传统文化在保护传承中焕发新的活力。
曼听村的蓬勃发展是中老铁路沿线村落发展的缩影。中老铁路沿线一批名不见经传的小村落,陆续出现在“旅游目的地”清单上。越来越多沿线居民日子越过越红火,陆续分享到中老铁路带来的发展红利。
新华社发(李云生摄)

1. 10月18日,在云南省景洪市勐罕镇,中老铁路上的动车从傣族村寨旁驶过(无人机照片)。
2,3. 10月20日,云南省景洪市勐罕镇村民在一处种植基地务工,身后的中老铁路上动车飞驰。