Connect with us

China

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တုန်းဖုန်း မြေပြင်ဆင်းသက်သောနေရာတွင် ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ်၏ ကမ္ဘာမြေသို့ အပြန်အာကာသယာဉ်အခန်း ဆင်းသက်လာသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများမှာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းနှင့် ရှန်ကျိုး-၁၆ လူလိုက်ပါသောအာကာသမစ်ရှင် အောင်မြင်မှုရှိကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီအရ သိရသည်။
ရှန်ကျိုး-၁၆ အာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်အာကာသယာဉ်အခန်းသည် အာကာသယာဉ်မှူးများဖြစ်သော ကျင်ဟိုင်ဖုန်၊ ကျူးဟိုင်ကျု၊ ကွေ့ဟိုင်ချောင်းတို့ကို တင်ဆောင်လျက် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း ဆင်းသက်နေရာသို့ အောက်တိုဘာ ၃၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၈:၁၁ နာရီ၌ ဆင်းသက်လာခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

အဆိုပါ ကမ္ဘာမြေသို့အပြန်အာကာသယာဉ်အခန်းသည် နံနက် ၇:၂၁ နာရီက ရှန်ကျိုး-၁၆ ဂြိုဟ်ပတ်လမ်းကြောင်းသွားအာကာသယာဉ်အခန်းမှ ခွဲထွက်ခဲ့သည်။ ထို့နောက် ဘရိတ်အင်ဂျင် စက်နှိုးကာ အာကာသယာဉ်တွန်းကန်အခန်းမှ ကမ္ဘာမြေသို့အပြန်အာကာသယာဉ်အခန်း ခွဲထွက်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာမြေသို့အပြန်အာကာသယာဉ်အခန်းမှာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် မကြာမီအချိန်အတွင်း မြေပြင်ရှာဖွေရေးအဖွဲ့က အာကာသယာဉ်အခန်း ဆင်းသက်သောနေရာသို့ ရောက်ရှိလာခဲ့သည်။ အာကာသယာဉ်မှူးများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ်ကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က လွှတ်တင်ခဲ့သည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ အာကာသစခန်း အသုံးပြုမှုနှင့် တိုးတက်မှုအဆင့်အတွက် ပထမဆုံး လူလိုက်ပါသည့် မစ်ရှင်လည်း ဖြစ်သည်။

အဆိုပါ အာကာသယာဉ်မှူးများသည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ၁၅၄ ရက်ကြာ နေထိုင်ခဲ့ကြကာ အာကာသ လက်တွေ့စမ်းသပ်မှုအကြိမ် ၇၀ ၊ အာကာသယာဉ်ပြင်ပလမ်းလျှောက်ခြင်း၊ အာကာသစခန်းမှ သင်ခန်းစာပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s Shenzhou-16 astronauts return safely
JIUQUAN, Oct. 31 (Xinhua) — The Shenzhou-16 astronauts are in good health condition and the Shenzhou-16 manned mission is a success, according to the China Manned Space Agency.
Shenzhou-16’s return capsule, carrying astronauts Jing Haipeng, Zhu Yangzhu and Gui Haichao, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region at 8:11 a.m. (Beijing Time) on Tuesday, the agency said.
The return capsule separated from Shenzhou-16’s orbiting capsule at 7:21 a.m. Then the brake engine ignited, and the return capsule separated from the propulsion capsule, it said.
Soon after the return capsule landed, the ground search team arrived at the landing site. Medical personnel confirmed that the astronauts were in good health.
China launched the manned spaceship Shenzhou-16 on May 30, 2023. It was the first crewed mission for the application and development stage of China’s space station.
Its crew, staying in orbit for 154 days, has carried out a total of 70 space experiments, performed a space walk, and delivered a lecture from the space station.
Photo: The return capsule of the Shenzhou-16 manned spaceship touches down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, Oct. 31, 2023. (Xinhua/Li Zhipeng)