Connect with us

Sport

တရုတ်နိုင်ငံ ရေကူးလက်ရွေးစင် အများအပြားတွင် စိတ်ကြွဆေး positive ရလဒ် စစ်ဆေးတွေ့ရှိကြောင်း နိုင်ငံခြားသတင်းမီဒီယာများက ဖော်ပြခဲ့သည့် သတင်းမှာ “အမြင်လွဲစေလိုမှုနှင့် အသရေဖျက်မှု ဖြစ်နိုင်ခြေရှိ” ဟု ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ ပြောကြား

World Anti-Doping Agency ၏တရားဝင်ဝက်ဘ်ဆိုဒ်မှပုံ (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရေကူးသမား အများအပြားသည် ၂၀၂၁ ခုနှစ်တွင် trimetazidine စိတ်ကြွဆေး positive ရလဒ် စစ်ဆေးတွေ့ရှိခဲ့သော်လည်း အပြစ်ပေးခြင်းမရှိကြောင်း နိုင်ငံခြားသတင်းမီဒီယာတစ်ချို့က မကြာသေးမီက ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာက ဆောလျင်စွာ သတင်းပို့ခဲ့ကြောင်း ၊ စုံစမ်းစစ်ဆေးမှုအရ ညစ်ညမ်းခြင်း(contamination) ကြောင့် positive ဖြစ်ပေါ်ရကြောင်း ကောက်ချက်ချခဲ့ကြောင်း၊ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ(WADA) က ယင်းကောက်ချက်ကို စေ့စေ့စပ်စပ်ပြန်လည်သုံးသပ်ပြီးနောက် ယင်းကောက်ချက်ကို လက်ခံခဲ့ကြောင်း ၊ သို့ဖြစ်၍ အဆိုပါ သတင်းသည် “အမြင်လွဲစေလိုမှု နှင့် အသရေဖျက်မှု ဖြစ်နိုင်သည်” ဟု WADA က ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။(Xinhua)
……………………………………………………………………………
(Chinese Version)
外媒报多名中国游泳选手阳性 世界反兴奋剂机构称报道具有“误导性和潜在诽谤性”
新华社北京4月20日电(记者马向菲 周欣)近日一些国外媒体报道称,中国有多名游泳运动员在2021年被查出兴奋剂曲美他嗪阳性却没有受到处罚。对此,世界反兴奋剂机构(WADA)20日表示,中国反兴奋剂中心在事件发生后及时通报了该结果,并根据调查作出污染造成阳性的结论,经过WADA详尽审查后认可这一结论,因此报道具有“误导性和潜在诽谤性”。
图说:图片来自世界反兴奋剂机构官网