Connect with us

China

တရုတ်ရေတပ်က အေဒင်ပင်လယ်ကွေ့တွင် စောင့်ကြပ်မှုတာဝန်ပေါင်း ၁၅၀၀ ပြီးမြောက်

အေဒင်ပင်လယ်ကွေ့၌ စောင့်ကြပ်ရေးတာဝန်ယူထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ၄၀ ကြိမ်မြောက် ရေတပ်သင်္ဘောအုပ်စုအား ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ရေတပ်၏ ၄၀ ကြိမ်နှင့် ၄၁ ကြိမ်မြောက် သင်္ဘောအုပ်စုသည် မကြာသေးမီရက်များက အေဒင်ပင်လယ်ကွေ့ ၏ ရေပိုင်နက်တစ်ခုတွင် စောင့်ကြပ်မှုတာဝန်ပြီးဆုံးခြင်း အခမ်းအနား ပြုလုပ်ခဲ့ပြီး ၄၁ ကြိမ်မြောက် သင်္ဘောအုပ်စုက စောင့်ကြပ်မှုတာဝန်ထမ်းဆောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ကြောင်း တရုတ်ရေတပ် သက်ဆိုင်ရာဌာနမှ သိရသည်။ တရုတ်ရေတပ်၏ သင်္ဘောအုပ်စုသည် အဆိုပါ ပင်လယ်ရေပြင်တွင် တရုတ်နှင့် နိုင်ငံခြားသင်္ဘော ၇,၀၀၀ ကျော်အတွက် စောင့်ကြပ်မှုတာဝန်ပေါင်း ၁,၅၀၀ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

တရုတ်ပင်လယ်ကူးငါးဖမ်းသင်္ဘော “Haixin 29” အား ဇွန် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အေဒင်ပင်လယ်ကွေ့၌ စောင့်ကြပ်ရေးတာဝန်ယူထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ၄၀ ကြိမ်မြောက် ရေတပ်သင်္ဘောအုပ်စုအား ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နဂါးလှေလှော်ပွဲတော်အကြိုတွင် တရုတ်ပင်လယ်ကူးငါးဖမ်းသင်္ဘော “Haixin 29” နှင့် “Haixin 30” တို့သည် ကွန်ဂိုနိုင်ငံရှိ Pointe-Noire ဆိပ်ကမ်းသို့ သွားရောက်ရန် စီစဉ်ထားပြီး အေဒင်ပင်လယ်ရေပြင်၌ တာဝန်ထမ်းဆောင်နေသည့် တရုတ်ရေတပ်၏ သင်္ဘောအုပ်စုသို့ စောင့်ကြပ်ရေးတာဝန်ထမ်းဆောင်ရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။ ၄၀ ကြိမ်မြောက် သင်္ဘောအုပ်စုသည် ရဟတ်ယာဉ်ဖြင့် လေကြောင်းကင်းလှည့်ခြင်း၊ ရေဒါ၊ နေရောင်ခြည်စွမ်းအင်သုံး စောင့်ကြည့်ရေးစနစ်၊ နေရောင်ခြည်စွမ်းအင်သုံး ပင်လယ်ရေကြောင်းစစ်ဆေးရေး စသည့်နည်းလမ်းများကို အသုံးပြုကာ ပင်လယ်ရေပြင် အနီးတစ်ဝိုက်ရှိ အခြေအနေများကို အပြည့်အဝဆောင်ရွက်နိုင်ရန်၊ သံသယဖြစ်ဖွယ် ပစ်မှတ်များကို အချိန်မီသိရှိနိုင်ရန်နှင့် စောင့်ကြပ်ရေးသင်္ဘောများ၏ လုံခြုံရေးကို အာမခံမှုရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းမှာ တရုတ်ရေတပ်၏ အေဒင်ပင်လယ်ကွေ့တွင် ပြီးဆုံးခဲ့သည့် ၁,၅၀၀ ကြိမ်မြောက် စောင့်ကြပ်ရေးတာဝန်လည်းဖြစ်ကြောင်း သိရသည်။

တရုတ်ရေတပ်၏ ၄၀ ကြိမ်နှင့် ၄၁ ကြိမ်မြောက် စောင့်ကြပ်ရေးသင်္ဘောအုပ်စုတို့သည် အေဒင်ပင်လယ်ကွေ့၏ ရေပိုင်နက်တစ်ခုတွင် တာဝန်လွှဲပြောင်းခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ခဲ့သည်။ ထို့နောက် “Suzhou” စစ်သင်္ဘော၊ Nantong စစ်သင်္ဘောနှင့် Chaohu စစ်သင်္ဘောများဖြင့် ဖွဲ့စည်းထားသည့် ၄၁ ကြိမ်မြောက် သင်္ဘောအုပ်စုက စောင့်ကြပ်ရေးအဆင့်သို့ ရောက်ရှိခဲ့ပြီး ၄၀ ကြိမ်မြောက် သင်္ဘောအုပ်စုက တာဝန်ပြီးဆုံး၍ အပြန်ခရီးစတင်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ စောင့်ကြပ်ရေးတာဝန်များ ထမ်းဆောင်ခဲ့ကြောင်းနှင့် လက်ရှိတွင် ရာနှင့်ချီသောစစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော်တို့က လက်ဆင့်ကမ်း၍ တရုတ်နှင့် နိုင်ငံခြားသင်္ဘော ၇,၀၀၀ ကျော်အတွက် စောင့်ကြပ်ရေးတာဝန်ပေါင်း ၁,၅၀၀ ကို ပြီးမြောက်ခဲ့သည်။ စောင့်ကြပ်ရေးတပ်ဖွဲ့ဝင်များသည် တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးလုံခြုံမှုကို အကာအကွယ်ပေးကာ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတွင်လည်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့သည်။  (Xinhua)

…………………………………………
(Chinese Version)
中国海军在亚丁湾完成1500批护航任务
新华社北京6月10日电(记者黎云、孙鲁明)记者从海军有关部门获悉,中国海军第40批、41批护航编队日前在亚丁湾某海域举行分航仪式,第41批护航编队正式进入护航阶段。中国海军护航编队已在该海域累计完成了1500批7000余艘中外船舶护航任务。
端午节前夕,中国籍远洋渔船“海欣29”号、“海欣30”号计划前往刚果(布)黑角港,向正在亚丁湾海域执行任务的中国海军护航编队申请护航。第40批护航编队采取直升机空中巡逻,雷达、光电警戒、光电扫海等多种手段,全时全面掌握周边海域情况,及时判别可疑目标,确保被护船舶安全。这是中国海军在亚丁湾完成的第1500批护航任务。
之后,第40批护航编队与第41批护航编队在亚丁湾某海域顺利完成任务交接,由苏州舰、南通舰、巢湖舰组成的第41批护航编队正式进入护航阶段,第40批护航编队返航。
自2008年12月起中国海军派出舰艇编队赴亚丁湾、索马里海域执行护航任务,已有百余艘舰艇、3万余名官兵接力完成1500批7000余艘中外船舶护航任务。一批批护航官兵接续发扬护航精神,忠实履行职责使命,保护远海重要运输线安全,为维护世界和平贡献中国力量。
图说1- 中国海军第40批护航编队中的舰载直升机在被护船只周边海域巡逻警戒(6月4日摄)。新华社发(唐文 摄)
图说2- 被护船只、中国籍远洋渔船“海欣29”号挂起“祖国万岁”“人民海军万岁”等字样横幅(6月4日摄)。新华社发(杨捷 摄)
图说3- 中国海军第40批护航编队中的岳阳舰在执行护航任务(6月4日摄)。新华社发(杨捷 摄)