Connect with us

China

အမေရိကန်က တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကိစ္စရပ်များတွင် မီးနှင့်ကစားခြင်း မပြုရဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၁၂ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်အရေးကို အသုံးချကာ နိုင်ငံရေးခြယ်လှယ်ခြင်း၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်ခြင်း” ကို ရပ်တန့်သင့်ကြောင်း၊ “ပူးပေါင်းဆောင်ရွက်ခြင်း” အမည်ခံဖြင့် ဘက်ရွေးရပ်တည်ခြင်းနှင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကိစ္စရပ်များတွင် မီးနှင့်ဆော့ကစားခြင်း မပြုရဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“သတင်းအချက်အလက်တွေအရ မေ ၁၁ ရက်က “အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု” မှ ကျင်းပတဲ့ အစည်းအဝေးမှာ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်စီ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell က လာမည့် အမေရိကန်- အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ တရုတ်နှင့် အခြားကိစ္စရပ်များကို ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးအတွက် အစီအမံများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း အမေရိကန်မှ အလေးပေးပြောလိုသည်။ အမေရိကန်အနေဖြင့် “ထိုင်ဝမ်ခွဲထွက်ရေး”ကို ထောက်ခံမည်မဟုတ်ဘဲ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံသွားမည် ဖြစ်ကြောင်း ရန်လိုရန်စလှုပ်ရှားမှုများ လုပ်ဆောင်ရန်မရည်ရွယ်ကြောင်းနှင့် ရန်စမှုကိုဟန့်တားသည့် ဆန္ဒသာရှိကြောင်း ပြောကြားခဲ့သည်။ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့မှတ်ချက်ပြုလိုပါသနည်း” ဟု ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာအသိုက်အဝန်း၏ အလုံးစုံ သဘောတူညီချက်ဖြစ်သလို နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူလည်းဖြစ်ကြောင်း ကျောက်လိကျန်းက အလေးထားပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်၏ သတ်မှတ်ချက်ကို လိုက်နာစောင့်ထိန်းသင့်သည်။ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ပေးထားသည့် နိုင်ငံရေးကတိကဝတ်များကို လိုက်နာပြီး သမ္မတ ဘိုင်ဒန်၏ “ထိုင်ဝမ်ခွဲထွက်ရေး” ကို မထောက်ခံကြောင်း ပြောကြားချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ကာ ထိုင်ဝမ်အရေးဖြင့် နိုင်ငံရေးခြယ်လှယ်ခြင်း၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်ခြင်း” ကို ရပ်တန့်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်-အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံသည် ရပ်ခြားနိုင်ငံအဖြစ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးခြင်းမဟုတ်ဘဲ ဒေသတွင်းငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် “ပူးပေါင်းဆောင်ရွက်မှု” အမည်ခံဖြင့် ဘက်ရွေးရပ်တည်ခြင်း မပြုနိုင်သလို တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကိစ္စရပ်များတွင် မီးနှင့်ဆော့ကစားခြင်းလည်း မပြုရဟု ၎င်းကဆိုသည်။(Xinhua)

…………………………………………………
(Chinese Version)
外交部:美国不能在涉及中国核心利益的问题上玩火
新华社北京5月12日电(记者马卓言)外交部发言人赵立坚12日表示,美方应停止借涉台问题搞政治操弄、“以台制华”,不能打着“合作”的幌子搞选边站队,在涉及中国核心利益的问题上玩火。

当日例行记者会上,有记者问:据报道,美国国家安全委员会印太事务协调员坎贝尔11日在“美国和平研究所”活动上称,即将举行的美国—东盟领导人峰会将谈及中国等议题。 美深刻意识到不能分散对印太注意力,将寻求加大对东盟国家投资和接触。 美最想强调的是,希采取措施维护台海和平稳定。 美继续奉行一个中国政策,不支持“台独”,无意采取挑衅行动,但希表明遏制挑衅举措的意愿。 中方对此有何评论?

赵立坚强调,关于台湾问题,一个中国原则是国际社会普遍共识和公认的国际关系准则。 美方应恪守一个中国原则和中美三个联合公报规定,恪守在台湾问题上向中方作出的政治承诺,把拜登总统有关美不支持“台独”表态落到实处,停止借涉台问题搞政治操弄、“以台制华”。

赵立坚说,关于美国-东盟领导人峰会,美国作为域外国家应当为地区和平发展发挥积极建设性作用,而不是损害本地区和平稳定、破坏本地区团结合作。 “美国更不能打着‘合作’的幌子搞选边站队,在涉及中国核心利益的问题上玩火。”