Connect with us

Eastern Europe

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ချင်းပစ်ဒုံးကျည်နှင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရေးဆိုင်ရာစာချုပ်အား လက်မှတ်ရေးထိုး

မော်စကို၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “Sarmat” တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် S-500 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရေးဆိုင်ရာ စာချုပ်ကို သြဂုတ် ၁၆ ရက်တွင် ကျင်းပသည့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် “Army-2022” ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ရုရှားနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Krivoruchko က ထိုနေ့တွင် ရုရှားနိုင်ငံ Makeyev State Rocket Center အကြီးအကဲ Vladimir Degtyar နှင့် ရုရှားစစ်ဘက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီ Almaz-Antey မှ လက်ထောက်အထွေထွေ အတွင်းရေးမှူး Vitaly Neskorodov တို့နှင့် အသီးသီးလက်မှတ်ရေးထိုးခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

ရုရှားသည် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် “Army-2022” ကာလအတွင်း စုစုပေါင်းတန်ဖိုး ရူဘယ် ၅၅၂ ဘီလီယံ (ကန်ဒေါ်လာ ၈.၆၆ ဘီလီယံခန့်) ရှိသော အစိုးရဝယ်ယူမှုဆိုင်ရာ သဘောတူစာချုပ် ၃၆ စောင်ချုပ်ဆိုရန် စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ရုရှားသည် “Sarmat” တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု လုပ်ငန်းများကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး ပထမဆုံး ဒုံးကျည်၏ တိုက်ခိုက်ရေးတာဝန်ကို ယခုနှစ်ကုန်တွင် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ရုရှားစစ်တပ်တွင် စတင်တပ်ဆင်နေပြီဖြစ်လည်း ပြောကြားခဲ့သည်။

ပဉ္စမမျိုးဆက်ဖြစ်သည့် အကြီးစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်”Sarmat”၏ အလေးချိန်သည် တန် ၂၀၀ ကျော်ရှိပြီး အသံထက်မြန်သောဒုံးကျည်ထိပ်ဖူးအပါအဝင် နျူကလီးယားဒုံးကျည်ထိပ်ဖူးအမျိုးမျိုးကို အသုံးပြုနိုင်ကြောင်းနှင့် ရန်သူ၏ ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်များကို ကျော်လွှားနိုင်ကြောင်း ရုရှားကဆိုသည်။ “Sarmat” တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် ဝန်ရိုးစွန်းဒေသမှ အခြားကမ္ဘာတစ်ဖက်ခြမ်းရှိ ရန်သူပစ်မှတ်ကို တိုက်ခိုက်နိုင်ပြီး အခြားနိုင်ငံမှ လက်ရှိအသုံးပြုနေသည့် သို့မဟုတ် ထုတ်လုပ်ဆဲဖြစ်သည့် ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်များက ယင်းတိုက်ခိုက်မှုပုံစံကို ဆန့်ကျင်နိုင်မည်ဟုတ်ကြောင်းနှင့် “ယင်းဒုံးကျည်ဟာ ကမ္ဘာဘယ်နေရာကိုမဆို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတယ်” ဟု ပူတင်က ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ပြောကြားခဲ့သည်။ S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို Almaz-Antey ကုမ္ပဏီမှ တီထွင်ခဲ့ပြီး ၎င်းသည် ရုရှားနိုင်ငံမှ ကိုယ်တိုင်ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ဖြစ်ကြောင်းနှင့် ၎င်းသည် အချင်းဝက် ကီလိုမီတာ ၆၀၀ ပတ်လည်ရှိ ပဲ့ထိန်းဒုံးကျည်၊ ခရုစ်ဒုံးကျည်၊ အသံထက်မြန်သော ဒုံးပျံများကို ကြားဖြတ်ဟန့်တားနိုင်ပြီး တိုက်လေယာဉ် အမျိုးမျိုးစသည့် ပစ်မှတ်များကိုလည်း တိုက်ခိုက်နိုင်ကြောင်း သိရသည်။ (Xinhua)
#Russia #Missle #Xinhua #Myanmar #XinhuaMyanmar #ရုရှား #ဒုံးကျည် #ဆင်ဟွာ
…………………………………………
俄国防部签署新型洲际导弹和防空导弹系统采购合同
新华社莫斯科8月16日电(记者黄河)俄罗斯国防部16日在“军队-2022”国际军事技术论坛期间签署合同,采购“萨尔马特”洲际弹道导弹和S-500防空导弹系统。
据塔斯社报道,俄国防部副部长克里沃鲁奇科当天分别与俄罗斯马克耶夫国家导弹中心负责人杰格佳里以及俄军工企业金刚石-安泰公司副总经理涅斯科罗多夫签署采购合同。报道没有提及合同具体内容。
俄国防部长绍伊古本月早些时候曾表示,俄方计划在“军队-2022”国际军事技术论坛期间签署36份政府采购合同,总价值超过5220亿卢布(约合86.6亿美元)。
俄罗斯总统普京6月21日表示,俄方已成功完成“萨尔马特”洲际弹道导弹相关试验工作,首枚导弹将于今年年底进入战斗值班。同时,S-500防空导弹系统已开始列装俄军。
俄称其第五代重型洲际弹道导弹“萨尔马特”重量超过200吨,可采用包括高超音速弹头在内的多种核弹头,能突破敌方反导系统。普京2018年发表国情咨文时曾介绍说,“萨尔马特”洲际弹道导弹的一招“杀手锏”是飞越极地攻击另一个半球的敌方目标,其他国家现有和研制中的反导系统无法对付这种攻击模式,它“可以打到地球上任何一个角落”。S-500防空导弹系统由金刚石-安泰公司研制,是俄罗斯自主研发的最新一代防空导弹系统,作战半径约600公里,可拦截弹道导弹、巡航导弹、高超音速飞行的新式武器,可打击各类战机等目标。(完)
Screenshot of footage published by the Kremlin shows the test launch of a Sarmat missile on April 20, 2022.