Connect with us

Eastern Europe

အနောက်နိုင်ငံများက ပဋိပက္ခဖန်တီးခြင်းမှတစ်ဆင့် ဗိုလ်ကျစိုးမိုးမှုအာဏာကို ထိန်းသိမ်းကြကြောင်း ရုရှား ပြော ၊ ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရုရှားတပ်များ ထွက်ခွာသွားရန် ယူကရိန်းသမ္မတ တောင်းဆို

ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံအား ဩဂုတ် ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

အနောက်နိုင်ငံများက မိမိ၏ဗိုလ်ကျစိုးမိုးမှုအာဏာကို ထိန်းသိမ်းရန်အတွက် ပဋိပက္ခ ဖန်တီးရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရုရှားတပ်များ ခြွင်းချက်မရှိ ချက်ချင်း ထွက်ခွာသွားရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။___ အနောက်နိုင်ငံများက ရှုပ်ထွေးမှု ဖန်တီးရာမှတစ်ဆင့် ဟန့်တားရေးမူဝါဒကို ဖော်ဆောင်ခြင်း၊ ပဋိပက္ခအသစ်အဟောင်းများဖန်တီးရာမှတစ်ဆင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အခြားနိုင်ငံများကို ထိန်းချုပ်ခြင်းနှင့်၎င်း၏ဗိုလ်ကျစိုးမိုးမှုအာဏာကို ထိန်းသိမ်းလိုခြင်း ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က (၁၀)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထောက်ပြပြောကြားခဲ့သည်။ အမေရိကန်နှင့်၎င်း၏နောက်လိုက်နိုင်ငံများက အခြားနိုင်ငံ၏ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ပြီး ခြိမ်းခြောက်ဖိအားပေးသည့်နည်းလမ်းများနှင့် အခြားနိုင်ငံက သူတို့၏ဆန္ဒကို လိုက်နာရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

___ ရုရှား၏အထူးစစ်ဆင်ရေးက အနောက်နိုင်ငံများ၏”စူပါလက်နက်”ဟူသော သက်ဆိုင်ရာ ဒဏ္ဍာရီအဆိုကို ချေမှုန်းခြင်း ဖြစ်ကြောင်း၊ ရုရှားစစ်တပ်၏စစ်ဆင်ရေးပုံစံကို ကောင်းမွန်စေရန်နှင့် ရုရှားစစ်လက်နက်စွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် သိမ်းဆည်းရရှိသော အနောက်နိုင်ငံများ၏လက်နက်များကို သေးစိတ်လေ့လာနေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoiguက (၁၀)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။ ယူကရိန်းပိုင်နက်နယ်မြေတွင် ရုရှား နျူကလီးယားလက်နက် အသုံးပြုနိုင်သည်ဟူသော အဆိုသည် အခြေအမြစ်မရှိသော ထင်မြင်ယူဆချက်နှင့်ရန်လိုရန်စမှုသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံအား ဩဂုတ် ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားတပ်များ ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးပတ်ဝန်းကျင်ဒေသကို အမြောက်ဖြင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့ကြောင်း ယူကရိန်းသမ္မတရုံးဝက်ဘ်ဆိုက်၏ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ရုရှားနှင့်၎င်း၏နျူကလီးယားစက်မှုလုပ်ငန်းများကို ပိတ်ဆို့အရေးယူရန် ဇယ်လန်းစကီးက တိုက်တွန်းသလို တစ်ချိန်တည်းတွင်ပင် ရုရှားတပ်အားလုံး ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံနှင့် ၎င်းအနီးတစ်ဝိုက်ဒေသများမှ ခြွင်းချက်မရှိထွက်ခွါရန် တောင်းဆိုခဲ့သည်။

___ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးနှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် ဩဂုတ် ၁၆ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။ ထိုသို့ ဆက်သွယ်ပြောကြားရာတွင် မက်ခရွန်က ရုရှား-ယူကရိန်း ပဋိပက္ခ ဇာပိရေဇီးယားနျူကလီးယား ဓါတ်အားပေးစက်ရုံ၏ခြိမ်းခြောက်မှုအန္တရာယ်ကို စိုးရိမ်မိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ညွှန်ကြားရေးမှူးချုပ်အဆိုပြုသော ပညာရှင်အဖွဲ့ အချင်းဖြစ်ပွားရာနေရာသို့စေလွှတ်ရန် အဆိုပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယူကရိန်းစားနပ်ရိက္ခာတင်ပို့ရေး နှစ်နိုင်ငံသမ္မတအကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

___ ရုရှားလေကြောင်းနှင့်အာကာသတပ်ဖွဲ့က Khersonပြည်နယ် လူနေထိုင်ရာအရပ်တစ်ခုရှိ ယူကရိန်း လေကြောင်းရွေ့လျားမှု တပ်မဟာ (၄၆) တပ်ရင်း(၃)၏ ကွပ်ကဲရေးဌာနနှင့် အခြားနေရာတစ်ခုရှိ ၎င်း၏ယာယီဖြန့်ကျက်ရေးစခန်းတစ်ခုကို ပစ်မှတ်တိကျမှု မြင့်မားသော လက်နက်ဖြင့် တိုက်ခိုက်ခဲ့ရာ ယူကရိန်းအမျိုးသားရေးဝါဒီ ၂၀ ကျော် သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgor Konashenkov က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားတပ်များက ဒွန်းနက်စ်ဒေသရှိ လူနေထိုင်ရာအရပ်တစ်နေရာရှိ ယူကရိန်း မော်တော်ယာဉ် ခြေမြန်တပ်မဟာ (၇၂)စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယူကရိန်းအမျိုးသားရေးဝါဒီ ၅၀ ကျော် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဆိုသည်။ ဒွန်းနက်စ်ဒေသရှိ ယူကရိန်းစခန်းတစ်ခုတွင် ပြင်သစ်နိုင်ငံထုတ် တင့်ကားဖျက်မိုင်း ၅၀ ကျော်ကို တွေ့ရှိရကြောင်း Igor Konashenkovက ပြောကြားခဲ့သည်။

___ ဩဂုတ် ၄ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင် ရုရှားနိုင်ငံ ကာ့စ်ခ်ပြည်နယ် Kurchatovဒေသတွင် ယူကရိန်းအဖျက်သမားအဖွဲ့က ဗို့အားမြင့် ဓါတ်အားလိုင်းမျှော်စင် ၆ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ကာ့စ်ခ် နျူကလီးယား ဓါတ်အားပေးစက်ရုံသည် ယင်းဓါတ်အားလိုင်းမျှော်စင်များမှတစ်ဆင့် ယင်းဒေသနှင့် အနီးတစ်ဝိုက်ဒေသများကို လျှပ်စစ်ဓါတ်အားပေးနေခြင်းဖြစ်ကြောင်း ၊ ယင်းအဖျက်အမှောက် လုပ်ဆောင်မှုကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံ လည်ပတ်မှု နည်းပညာပြတ်တောက်မှုများ ဖြစ်ပွားခဲ့ရကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုဌာန၏ သတင်းများကို ကိုးကား၍ TASSသတင်းအေဂျင်စီက ဩဂုတ် ၁၆ ရက်တွင် ဖော်ပြထားသည်။

___ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းအထိ ဇာပိုရေဇီးယားနျူကလီးယား ဓါတ်အားပေးစက်ရုံ၏ ဓါတ်ရောင်ခြည်သတ်မှတ်ချက်ကျော်လွန်မှုနှင့် မီးဘေးအန္တရာယ်က မကင်းရှင်းသေးကြောင်း၊ လက်ရှိတွင် ယူကရိန်း လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံကို လည်ပတ်နေဆဲဖြစ်ကြောင်း ယူကရိန်းအမျိုးသားနျူကလီးယားဓါတ်အားပေးကုမ္ပဏီက ပြောကြားခဲ့သည်ဟု Ukrinformသတင်းအေဂျင်စီက ဩဂုတ် ၁၆ ရက်တွင် ဖော်ပြထားသည်။

___ ရုရှားတပ်များက Lysychanskရေနံချက်စက်ရုံဘက်မှ အကြီးအကျယ် ထိုးစစ်ဆင်နေသော်လည်း ရုရှား၏ ထိုးစစ်ကို ယူကရိန်းတပ်များက အကြိမ်ပေါင်းများစွာ တိုက်ထုတ်နိုင်ခဲ့ကြောင်း လူးဟန့်စ်ခ်ဒေသ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး Sergei Gede က ဩဂုတ် ၁၆ ရက် လူမှုကွန်ရက် မီဒီယာတွင် ပြောကြားခဲ့သည်။(Xinhua)

#Russia #Ukraine #Conflict #Xinhua #Xinhuamyanmar #ရုရှား #ယူကရိန်း #ပဋိပက္ခ #ဆင်ဟွာ

(乌克兰局势)最新动态:普京说西方国家通过制造冲突维护霸权 乌总统要求俄军撤离扎波罗热核电站
新华社北京8月16日电综合新华社驻外记者报道:俄罗斯总统普京16日表示,西方国家为了维护自身霸权,需要制造冲突。乌克兰总统泽连斯基15日要求俄军立即无条件撤离扎波罗热核电站及其邻近地区。
——普京在第十届莫斯科国际安全会议上发表讲话时指出,西方国家通过制造混乱、奉行遏制政策、制造新旧冲突来破坏其他国家的发展道路,希望以此控制其他国家和维护其霸权。普京说,美国及其仆从国粗暴干涉其他国家内政,通过威胁、恐吓和施压的方式迫使其他国家服从于他们的意志。
——俄国防部长绍伊古在第十届莫斯科国际安全会议开幕式上说,俄开展的特别军事行动粉碎了有关西方“超级武器”的神话,俄罗斯正在仔细研究缴获的西方国家武器,以改善俄军作战方式并提高俄武器性能。他还说,有关俄罗斯可能对乌克兰领土使用核武器的论断属无端臆测和挑衅。
——据乌克兰总统府网站发布的消息,泽连斯基15日在讲话中说,俄军对扎波罗热核电站周边地区的炮击仍在继续。他呼吁对俄罗斯及其核工业实施新制裁,同时要求所有俄军立即无条件撤离扎波罗热核电站及其邻近地区。
——泽连斯基16日与法国总统马克龙通话。马克龙表示,他对俄乌冲突对扎波罗热核电站构成的威胁感到担忧,支持国际原子能机构总干事提出的尽快派专家团到现场的建议。两国总统还讨论了乌克兰粮食出口问题。
——俄罗斯国防部发言人科纳申科夫16日通报说,俄罗斯空天军在赫尔松州一居民点使用高精度武器打击了乌军第46空中机动旅第3营的指挥观察所,以及该旅在另一居民点的一处临时部署点,打死20余名并打伤近30名乌克兰民族主义分子。俄军对乌军第72摩托化步兵旅在顿涅茨克地区一居民点的阵地进行集中火力打击,50余名乌克兰民族主义分子被打死。科纳申科夫说,俄军在顿涅茨克地区的一处乌军阵地发现了50余枚法国生产的反坦克地雷。
——塔斯社16日援引俄罗斯联邦安全局消息报道,8月4日、9日和12日,在俄罗斯库尔斯克州库尔恰托夫区,乌克兰破坏团伙炸毁了6座高压输电线铁塔,库尔斯克核电站通过这些输电线铁塔向该地区及邻近地区提供电力。这些破坏行为导致该核电站运行出现技术性中断。
——据乌通社16日报道,乌克兰国家核电公司说,截至16日上午,扎波罗热核电站的辐射超标和消防安全风险依然没有消除,目前扎波罗热核电站仍在运行发电以满足乌克兰电力需求。
——卢甘斯克地区军事行政长官谢尔盖•盖代16日在社交媒体上说,俄军正从利西昌斯克炼油厂方向发动大规模攻势,但乌军多次挫败俄军进攻。(参与记者:华迪、李东旭、李铭、唐霁)(完)

1. 这是8月4日拍摄的扎波罗热核电站。 新华社发(维克托摄)