Connect with us

Eastern Europe

ဖင်လန်နှင့် ဆွီဒင်တို့က NATO အဖွဲ့ဝင်ရန် တရားဝင်လျှောက်ထား

ဆွီဒင် နိုင်ငံ မြို့တော် စတော့ဟုမ်း၌ မေ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့သည့် ဆွီဒင်ဝန်ကြီးချုပ်Magdalena Andersson နှင့် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဖင်လန်နှင့် ဆွီဒင်တို့က မေ ၁၈ ရက်တွင် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့ကြောင်း သိရသည်။ယင်းနှစ်နိုင်ငံက ရေရှည်လက်ကိုင်ကျင့်သုံးခဲ့သည့် ကြားနေရပ်တည်မှုနှင့် စစ်ရေးမဟာမိတ်မဖွဲ့ခြင်းမူဝါဒကို စွန့်လွှတ်ခဲ့ရာ အနောက်မီဒီယာများက ၎င်းကို “ဆယ်စုနှစ်အတွင်း ဥရောပလုံခြုံရေးမူဘောင်၏ အကြီးမားဆုံး ပြောင်းလဲမှုထဲမှတစ်ခု” ဖြစ်ကြောင်း ဖော်ပြထားသည်။

တူရကီနိုင်ငံ အန်ကာရာမြို့တွင် တူရကီနိုင်ငံသမ္မတ အာဒိုဂန်သည် လာရောက်လည်ပတ်သော အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတTebbouneအား ကြိုဆိုနေသည်ကို မေ ၁၆ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော်ဘရပ်ဆဲလ်ရှိ NATO အဖွဲ့သို့ဌာနချုပ်က ထိုနေ့တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေး၌ NATO အဖွဲ့ဆိုင်ရာ ဖင်လန်နှင့် ဆွီဒင်အမြဲတမ်းကိုယ်စားလှယ်က နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ထံ နေတိုးအဖွဲ့ဝင်ရေး တရားဝင်လျှောက်လွှာတင်ပြခဲ့သည်။

Stoltenberg က “ဒါဟာ သမိုင်းဝင် အခိုက်အတန့်ဖြစ်တယ် ဖင်လန်နဲ့ ဆွီဒင်တို့ဟာ မိမိတို့ရဲ့ အရင်းနှီးဆုံး မိတ်ဖက်တွေဖြစ်ပါတယ်။ မိမိအနေနဲ့ နှစ်နိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

လုပ်ထုံးလုပ်နည်းများအရ နေတိုးသည် အဖွဲ့ဝင် နိုင်ငံ ၃၀ တစ်ပြေးညီ သဘောတူညီမှသာ အဖွဲ့ဝင်သစ်လက်ခံနိုင်မည် ဖြစ်သည်။

ထို့နောက် NATO အဖွဲ့ဝင်နိုင်ငံများက ဖင်လန်နှင့် ဆွီဒင်အား အဖွဲ့ဝင်အဖြစ် သဘောတူခြင်း ရှိမရှိကို စဉ်းစားရမည်ဖြစ်သည်။ အကယ်၍ ကန့်ကွက်မှုမရှိပါက နှစ်နိုင်ငံမှ NATO အဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်သည် ပုံမှန်အားဖြင့် ၈ လမှ ၁၂ လ အထိ ကြာမြင့်နိုင်ကြောင်းသိရသည်။ သို့သော် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အခြားအကြောင်းရင်းများကြောင့် သက်ဆိုင်ရာ လုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်မည့်အလားအလာရှိပြီး လအနည်းငယ်သာ ကြာမည်ဖြစ်သည်။

ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို တူရကီက ဆန့်ကျင်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီး အကြောင်းအရင်းမှာ ယင်းနှစ်နိုင်ငံက ကာဒစ်ရှန် အလုပ်သမားပါတီ PKK ကို တရားဝင်ထောက်ခံခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ PKK သည် ၁၉၇၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပါတီဖြစ်ပြီး တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းကို အကြမ်းဖက်အဖွဲ့အဖြစ် စားရင်းသွင်းထားကြောင်း သိရသည်။

တူရကီသမ္မတ အာဒိုဂန်က ယင်းနှစ်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရန်အစီအစဉ်တွင် တူရကီအနေဖြင့် တက်ကြွစွာ ရပ်တည်ပေးနိုင်မည်မဟုတ်ကြောင်း မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ တူရကီက ၎င်းအပေါ် ပိတ်ဆို့အရေးယူခဲ့သည့် နိုင်ငံများ ကို NATO အဖွဲ့တွင်ပါဝင်ရေးအတွက် သဘောတူမည်မဟုတ်ကြောင်း မေ ၁၆ ရက်တွင် ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

ဖင်လန်နှင့် ဆွီဒင်တို့သည် စစ်ဘက်ဆိုင်ရာ ကြားနေရေးမူဝါဒကို ရေရှည်လက်ကိုင် ထားသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် NATO အဖွဲ့သည် ယင်းနှစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ် အကြိမ်ကြိမ်စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ သို့သော် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖင်လန်နှင့် ဆွီဒင်အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားရန် တွန်းအားမှု ဖြစ်လာခဲ့သည်။

အကယ်၍ ဖင်လန်နှင့်ဆွီဒင် တို့သည် NATO အဖွဲ့ဝင်ပြီးနောက်တွင် ရုရှားနှင့် NATO အဖွဲ့ဝင်နိုင်ငံများ၏ ကုန်းမြေနယ်စပ်လမ်းကြောင်းက တစ်ဆနီးပါးထပ်တိုးသွားမည် ဖြစ်ရာ ဘောလ်တစ်ပင်လယ်သည် “NATO အဖွဲ့တွင်း ပင်လယ်”ဖြစ်စေကြောင်း၊ ဘောလ်တစ်ပင်လယ်ဒေသနှင့် အာတိတ်ဒေသတွင် ရုရှားသည် NATO အဖွဲ့ဝင်နိုင်ငံများ ဝိုင်းပိတ်ထားသည့်အနေအထားတွင် ရှိနေမည်ဖြစ်ကြောင်း သုံးသပ်သူအချို့က ထောက်ပြသည်။

NATO အဖွဲ့သို့ ဆွီဒင်နှင့် ဖင်လန်ဝင်ရောက်ခြင်းက ရုရှားအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုမရှိသော်လည်း NATO စစ်ရေးအခြေခံအဆောက်အအုံများ ယင်းနှစ်နိုင်ငံတွင် တိုးချဲ့လာခြင်းကို ရုရှားက တုန့်ပြန်မည်ဖြစ်ကြောင်းနှင့် မည်သို့တုန့်ပြန်မည်က ရုရှားအပေါ် ဖြစ်ပွားသည့် ခြိမ်းခြောက်မှုပေါ် မူတည်ကြောင်း ရုရှားသမ္မတ ပူတင်က စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ထိပ်သီးအစည်းအဝေးသို့ မေ ၁၆ ရက်တွင် ကရင်မလင်နန်းတော်မှ တက်ရောက်စဉ် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် NATO အဖွဲ့တိုးချဲ့မှုကို အသုံးချကာ ယခင်ကတည်းက မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြံရေး အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ပူတင်ကဝေဖန်ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
芬兰和瑞典正式申请加入北约
新华社北京5月19日电 芬兰和瑞典18日正式申请加入北大西洋公约组织。两国放弃长期奉行的中立和不结盟政策,被西方媒体形容为“欧洲安全架构数十年来最重大的变化之一”。
位于比利时首都布鲁塞尔的北约总部当天举行简短仪式。芬兰和瑞典常驻北约代表在仪式上向北约秘书长延斯•斯托尔滕贝格正式递交申请书。
斯托尔滕贝格称,这是“历史性时刻”,“芬兰和瑞典是我们最亲密的伙伴。我对两国申请加入北约表示热烈欢迎”。
依据规程,北约必须在30个成员国“一致同意”前提下才能吸纳新成员。
接下来,北约成员国需要各自考虑是否同意芬兰和瑞典加入。如果均无异议,那么两国加入北约一事便开始“走程序”,走完全部程序通常需要8至12个月。考虑到当前俄乌冲突等因素,相关程序很可能加速推进,只需数月即可。
土耳其多次表示反对这两个北欧国家加入北约,理由包括芬兰和瑞典公开支持库尔德工人党。库尔德工人党成立于1979年,被土耳其、美国和欧洲联盟列为恐怖组织。
土耳其总统雷杰普•塔伊普•埃尔多安本月13日说,土方不会对两国加入北约持积极立场。他16日重申,土耳其不会“对那些向土耳其施加制裁的国家加入北约说‘同意’”。
芬兰和瑞典长期奉行军事中立政策。苏联解体后,北约多次拉拢两国入伙未果。俄乌冲突2月24日升级,促使芬瑞两国重新考虑立场。
观察人士担忧,北约一再东扩不断压缩俄罗斯安全空间,若吸纳这两个北欧国家,可能进一步加剧西方国家与俄罗斯冲突。芬兰和瑞典加入北约后,俄罗斯与北约成员国的陆地边界长度将几乎增加一倍,波罗的海将成为“北约内海”,俄罗斯在波罗的海和北极圈沿岸的地区将被北约成员国包围。
俄罗斯总统弗拉基米尔•普京16日在克里姆林宫出席集体安全条约组织峰会时说,瑞典、芬兰加入北约不对俄罗斯构成直接威胁,不过,北约军事基础设施在两国领土上的扩张必然会引起俄方回应,“具体如何回应,取决于对俄方造成何种威胁”。
普京当时还批评美国以一种“侵略式”方式利用北约扩张,加剧本已不安定的全球安全形势。(杨舒怡)
图说1- 5月17日,在瑞典斯德哥尔摩,瑞典首相安德松(右)和到访的芬兰总统尼尼斯托参加新闻发布会。新华社发(瑞典政府供图/宁尼•安德松摄)
图说2- 5月16日,在土耳其安卡拉,土耳其总统埃尔多安(左)欢迎到访的阿尔及利亚总统特本。土耳其总统埃尔多安16日表示,土耳其不会同意芬兰和瑞典加入北约。约。”新华社发(穆斯塔法•卡亚摄)