Connect with us

Eastern Europe

နျူကလီးယားစစ်ပွဲတွင် အောင်နိုင်သူမရှိဟု ပူတင် ပြောကြား

ကရင်မလင်နန်းတော်မှထုတ်ပြန်သော ရုပ်ပုံလွှာတွင် ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်က Sarmat ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

နျူကလီးယားစစ်ပွဲတွင် အောင်နိုင်သူရှိမည်မဟုတ်သလို နျူကလီးယားစစ်ပွဲလည်း မဖြစ်ပွားသင့်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲ၌ အောင်နိုင်သူမရှိသလို နျူကလီးယားစစ်လည်း မဖြစ်ပွားသင့်ဟုယူဆကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအဖွဲ့ဝင်အားလုံးတွင် တန်းတူညီမျှနှင့်ခွဲခြားမရသောလုံခြုံရေးရှိရန် တိုက်တွန်းကြောင်း ပူတင်က 《နျူကလီးယား မပြန့်ပွားရေး စာချုပ်》ဒသမအကြိမ်မြောက် စိစစ်ဆွေးနွေးခြင်း ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ ဩဂုတ် ၁ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

《နျူကလီးယား မပြန့်ပွားရေး စာချုပ်》 အဖွဲ့ဝင်နိုင်ငံနှင့် စာချုပ်အကျုံးဝင်နိုင်ငံအနေဖြင့် ရုရှားသည် စာချုပ်ပါအကြောင်းအရာနှင့်စိတ်ဓါတ်ကို အစဉ်လေးစားလိုက်နာသလို အမေရိကန်ဘက်နှင့်အတူ သက်ဆိုင်ရာလက်နက်ပစ္စည်းများကို လျှော့ချကန့်သတ်မှု နှစ်ဘက်သဘောတူစာချုပ် တာဝန်ဝတ္တရားများကိုလည်း အပြည့်အဝ ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် 《နျူကလီးယား မပြန့်ပွားရေး စာချုပ်》စိစစ်ရေးယန္တရား၏အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)အာမခံစနစ်ကို အထူးအလေးထားရာ ၎င်း၏ဓမ္မဓိဋ္ဌာန်ကျမှု၊ နိုင်ငံရေးအသွင်ပြောင်းခြင်းကင်းစင်မှုနှင့် နည်းပညာကိုသင့်လျော်စွာအသုံးပြုမှုက အလွန်အရေးကြီးသော တာဝန်ဝတ္တရားဖြစ်သည်ဟု ယူဆပါကြောင်း ၎င်းကပြောကြားခဲ့သည်။

《နျူကလီးယား မပြန့်ပွားရေး စာချုပ်》 ဒသမအကြိမ်မြောက် စိစစ်ဆွေးနွေးခြင်း ညီလာခံဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁ ရက်တွင် နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–

(国际)普京:核战争中不会有赢家
2022-08-02 03:35:00 分类: 政治法律
新华社莫斯科8月1日电(记者李奥)俄罗斯总统普京1日表示,核战争中不会有赢家,核战争不应被发动。
据克里姆林宫网站1日发表的声明,普京在《不扩散核武器条约》第十次审议大会开幕之际向大会致信表示,俄方认为核战争中不会有赢家,核战争不应被发动。俄方主张国际社会所有成员享有平等与不可分割的安全。
他说,俄罗斯作为《不扩散核武器条约》缔约国与存约国之一,始终遵循文件内容与精神,完全履行与美方就削减和限制相关武器的双边协议义务。