Connect with us

Europe

ရုရှားစစ်တပ်က ယူကရိန်းမောင်းသူမဲ့လေယာဉ် အစင်း ၅၀၀ နီးပါး ဖျက်ဆီးနိုင်ခဲ့ဟုရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

ယူကရိန်းရေတပ်မှ တပ်ဆင်ထားသော Bayraktar TB2 မောင်းသူမဲ့လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက် ရုရှားသည် ယူကရိန်းမောင်းသူမဲ့လေယာဉ် အစင်း ၅၀၀ နီးပါး ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြထားသည်။

ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၀ စီး၊ မောင်းသူမဲ့လေယာဉ် ၄၉၆ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅၃ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၃၈၈ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၂၅၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၀၂၉ လက်၊ စစ်ဘက်သုံးအထူးယာဥ် ၂,၂၃၂ စီး ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားအာကာသတပ်ဖွဲ့၏ နည်းဗျူဟာလေတပ်သည် တစ်ရက်အတွင်းမှာပင် ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ် ၃၁ ခုကို ဖျက်စီးနိုင်ခဲ့ကြောင်း Konashenkov က ယခင်ကလည်းထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းပစ်မှတ် ၃၁ ခုတွင် Razdelnaya နှင့် Novo Grodivka ဒေသရှိ ထိန်းချုပ်ရေးစင်တာ ၂ ခု၊ တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ယူကရိန်း စစ်လက်နက်များ သိုလှောင်ရာနေရာ ၂၈ ခု နှင့် Privol’noe ဒေသရှိ ဘဇူကာ ဒုံးလောင်ချာများ သိုလှောင်ရာစခန်း ၁ ခု ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတွင်ရုရှားအထူးစစ်ဆင်ရေး အဆင့်သစ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဧပြီ ၁၉ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ နိုင်ငံတော်စစ်ရေးအခြေအနေ သမ္မတအမိန့် မူကြမ်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယူကရိန်း လွှတ်တော်က ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
俄国防部:俄军已摧毁乌克兰近500架无人机 据俄罗斯卫星网报道,俄罗斯国防部发言人伊戈尔·科纳申科夫20日表示,自俄罗斯开展特别军事行动以来,俄军已摧毁乌克兰近500架无人机。

据报道,科纳申科夫称:“自特别军事行动展开以来,俄军已摧毁乌克兰140架飞机、496架无人驾驶飞行器、253套防空导弹系统、2388辆坦克等装甲战车、256台多管火箭炮、1029门野战火炮和迫击炮、2232辆特种军用车辆。”

科纳申科夫此前还通报称,俄空天军战术航空队一天摧毁了31个乌克兰军事目标。包括拉兹多利诺耶和新格罗季夫卡地区的2个指挥点、28个有生力量和乌克兰军事装备聚集区,以及普里沃利耶地区的1个多管火箭炮弹药仓库。

俄罗斯外长拉夫罗夫19日表示,俄罗斯在乌克兰的特别军事行动已开启新阶段。乌克兰最高拉达(议会)当天在官网发布了关于批准延长国家战时状态总统令草案的消息。
图说- 乌克兰海军装备的Bayraktar TB2无人机。