Connect with us

Europe

ယူကရိန်းသို့ စစ်လက်နက်ခဲယမ်းများ ထပ်တိုးပေးပို့သွားမည်ဟု အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့က ကတိပြု

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့နေတိုးရုံးချုပ်ရှိ တီဗွီဖန်သားပြင်ပေါ်တွင် မတ်လ ၂၄ ရက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌUrsula von der Leyen၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၊ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz တို့ G7ထိပ်သီးဆွေးနွေးပွဲတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ယူကရိန်းသို့ စစ်လက်နက်ခဲယမ်းများ ထပ်တိုးပေးပို့သွားမည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နှင့်ကနေဒါ နိုင်ငံများ၏ ခေါင်းဆောင်များက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ဖေဖော်ဝါရီ ၂၄ ရက်တွင် အရှိန်မြင့်တက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပံ့ပိုးပြီး သို့မဟုတ် ပံ့ပိုးရန် ကတိပြုထားသည် စစ်ရေးအကူအညီစုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

မာရီယူပိုးလ်တွင် ဒေသခံတစ်ဦး ပျက်စီးနေသည့်အဆောက်အအုံများကြား ဖြတ်သန်းသွားသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မာရီယူပိုးလ်တွင် ဒေသခံတစ်ဦး ပျက်စီးနေသည့်အဆောက်အအုံများကြား ဖြတ်သန်းသွားသည်ကို ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၁၉ ရက်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ စသည့် မဟာမိတ်နိုင်ငံများနှင့်အတူ ဥရောပသမဂ္ဂ၊ မြောက်အတ္တလန်တစ်(NATO)အဖွဲ့ ခေါင်းဆောင်များနှင့် ဗွီဒီယိုဖြင့်တွေ့ဆုံ၍ ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psakiက မိနစ် ၉၀ ကြာ ဗွီဒီယိုတွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါနိုင်ငံခေါင်းဆောင်များက ယူကရိန်းသို့ စစ်ရေး၊ စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်ပေးသွားရန်၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သွားရန် ကတိပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းရက်များအတွင်း ဘိုင်ဒန်က ယူကရိန်းစစ်ရေးအကူအညီအစီအစဉ်သစ်များကို ကြေညာသွားမည်ဖြစ်ကြောင်း၊ ပမာဏမှာ အမေရိကန်အစိုးရက ပြီခဲ့သည့်ရက်သတ္တပတ်တွင် ခွင့်ပြုခဲ့သည် အစီအစဉ်နှင့်အလားတူကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အမေရိကန်အစိုးရက ယူကရိန်းသို့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ လက်နက်ခဲယမ်းနှင့်အခြားလုံခြုံရေးအကူအညီပေးရန် ခွင့်ပြုခဲ့ရာ ၎င်းတို့တွင် ပြောင်းဝ ၁၅၅ မီလီမီတာ အကျယ်ရှိ အမြောက် ၁၈ လက်နှင့် အမြောက်ကျည်ဆံပေါင်း ၄၀,၀၀၀ ၊ အသေခံတိုက်ခိုက်ရေး “Switchblade”မောင်းသူမဲ့ဒရုန်းယာဉ် အစီး ၃၀၀ ၊ “Javelin”သံချပ်ကာတင့်ဖျက်ဒုံးကျည် အစုံ ၅၀၀ ၊ M113 စစ်သား သယ်ယူပို့ဆောင်ရေး သံချပ်ကာယာဉ်(APC)အစီး ၂၀၀ ၊ Mi-17 ရဟတ်ယာဉ် ၁၁ စီးနှင့် အခြားသော အမြောက်တပ်ကင်းထောက်ရေဒါများ ပါဝင်ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ၎င်းတို့နိုင်ငံများအနေဖြင့် ယူကရိန်းသို့ အကြီးစားအမြောက်နှင့်အခြားလက်နက်ပစ္စည်းများ ထပ်တိုးပေးပို့သွားမည် ဖြစ်ကြောင်း ဆိုသည်။

ယူကရိန်းသို့ တင့်ဖျက်လက်နက်များ ပံ့ပိးသွားမည် ဖြစ်ကြောင်း ကနေဒါအစိုးရက ဖေဖော်ဝါရီလကုန်တွင် ကြေညာခဲ့ရာ ၎င်းတို့တွင် “Carl Gustav”ဘဇူကာဒုံးလောင်ချာ အလက် ၁၀၀ နှင့် ဒုံးကျည် ၂,၀၀၀ ပါဝင်ကြောင်း ဆိုသည်။ ကနေဒါက ချေးငွေ ကန်ဒေါ်လာ သန်း ၄၀၀ နှင့် ကန်ဒေါ်လာ သန်း ၂၀ ကျော် တန်ဖိုးရှိ စစ်ဘက်သုံးပစ္စည်းများကို ပံ့ပိုးပေးရန် စီစဉ်လျက်ရှိရာ ၎င်းတို့တွင် ကျည်ကာအင်္ကျီ၊ သံဦးထုပ်၊ ညကြည့်မှန်ပြောင်းများပါဝင်သည်။

ဗြိတိန်က ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မမြင့်တက်သေးမီကပင် ယူကရိန်းသို့ တင့်ဖျက်လက်နက်စသည်တို့အား ပေးပို့ခဲ့ပြီး လေ့ကျင့်ရေးသင်တန်းပေးခဲ့သည်။ယခုလ ၉ ရက်နေ့တွင် ဘောရစ်ဂျွန်ဆင်က ယူကရိန်းနိုင်ငံ ကိဗ်မြို့လမ်းပေါ်သို့ ထွက်ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့်အတူ ပခုံးချင်းယှဉ်လမ်းလျှောက်ခဲ့သည့်အတွက် ဂရုပြုစူးစိုက် ဆွေးနွေးစရာ ဖြစ်စေခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ ပေါက်ကွဲပြီးနောက် အမေရိကန်မှ ယူကရိန်းသို့ လက်နက်ပစ္စည်း အမြောက်အများ ပို့ဆောင်ခဲ့သလို အချိန်နှင့်တစ်ပြေးညီ စစ်ထောက်လှမ်းသတင်းအချက်အလက်များကို ပံ့ပိုးပေးခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austinက အမေရိကန်၏ စစ်ရေးအကူအညီများက အများထင်ထားတာထက် လျှင်မြန်စွာ ယူကရိန်းကို ရောက်ရှိခဲ့ကြောင်း၊ ခွင့်ပြုချက်ရရှိပြီးသည့် ယူကရိန်းနယ်နမိတ်အတွင်းသို့ ပို့ဆောင်ရန် လေးငါးရက်သာလိုအပ်ကြောင်း ဆိုသည်။

အမေရိကန်မှ ပံ့ပိုးသည့် တင့်ဖျက်လက်နက်အရေအတွက်သည် ယူကရိန်းရှိ ရုရှားတင့်ကားအရေအတွက်ထက် ဆယ်ဆ ပိုများကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ခန်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

ယူကရိန်းသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်က တိုက်ရိုက်ငြင်းဆိုထားသော်လည်း စစ်လက်နက် ဆက်တိုက်ပို့ဆောင်ကာ အမေရိကန်နိုင်ငံ လက်နက်အရောင်းအဝယ် လျှမ်းလျှမ်းတောက်အောင် ဆောင်ရွက်မှုများ ရှိကြောင်း ဆိုသည်။
ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက်ပြီးနောက် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးကန်ထရိုက်တာလုပ်ငန်းကြီး ၅ ခု၏ စတော့ဈေးနှုန်းများ မြင့်တက်ခဲ့ရာ ၎င်းတို့အနက် လုပ်ငန်း ၃ ခု၏ စတော့ဈေးမှာ ရုရှားအထူးစစ်ဆင်ရေးနောက်ပိုင်း ပထမရက်သတ္တပတ်တွင်ပင် ရာခိုင်နှုန်း ဆယ်ဂဏန်း မြင့်တက်သွားခဲ့ကြောင်း Sputnikသတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ (Xinhua)

……………………………………..
(Chinese Version)
继续拱火 美英加承诺向乌运送更多军火
2022-04-20 16:27:24
新华社北京4月20日电 美国、英国和加拿大领导人19日说,将继续向乌克兰输送更多军火。美国官员披露,自俄乌冲突2月24日升级以来,美国向乌克兰已经提供或者承诺提供的军援总额超过30亿美元。
美国总统约瑟夫·拜登19日与英国、加拿大、法国、德国等盟国以及欧洲联盟和北大西洋公约组织领导人举行视频会晤,讨论乌克兰局势。
白宫发言人珍·普萨基说,在这场持续90分钟的视频会中,上述领导人承诺继续向乌克兰提供军事、经济和人道主义援助,对俄罗斯施加新的经济制裁。
知情人士披露,拜登今后几天内将宣布一份新的对乌军援计划,规模与美国政府上周批准的那份计划相当。
美国政府上周批准向乌克兰提供价值8亿美元的武器弹药和其他安全援助,具体包括18门155毫米大口径火炮及4万发炮弹、300架可发动“自杀式”攻击的“弹簧刀”无人机、500套“标枪”反装甲导弹、200辆M113式装甲运兵车、11架米-17直升机以及多套用于确定敌方火炮位置的炮位侦察雷达。
英国首相鲍里斯·约翰逊和加拿大总理贾斯廷·特鲁多也说,两国将向乌克兰输送更多重型火炮和其他武器。
加拿大政府2月底宣布,将向乌方提供反坦克武器,包括100具“卡尔·古斯塔夫”火箭筒及2000枚火箭弹。加拿大打算提供共计4亿美元贷款和价值2000多万美元的军事装备,包括防弹背心、钢盔、夜视仪。
英国在俄乌冲突升级前就向乌克兰输送反坦克导弹等武器,并且提供人员培训。约翰逊本月9日更是出现在乌克兰首都基辅街头,与乌总统弗拉基米尔·泽连斯基并肩散步,引发热议。
俄乌冲突爆发后,美国向乌克兰输送大量武器,并且提供实时军事情报。
美国国防部长劳埃德·奥斯汀说,美国军援正以“比多数人想象更快的速度”进入乌克兰,从获得授权至运抵乌境内只需要“四五天”。
美国国务卿安东尼·布林肯本月早些时候称,美方提供的反坦克武器数量已经十倍于俄方在乌克兰的坦克。
美国拒绝直接派兵进入乌克兰,但持续“拱火”,带“火”美国军火商。
据俄罗斯卫星通讯社报道,俄乌冲突升级后,美国五大防务承包商股价都上涨,其中三家的股价在俄方发起特别军事行动后首周内涨幅达到两位百分数。(王宏彬)

图说1:3月24日,在比利时布鲁塞尔的北约总部,一名男子观看屏幕上美国总统拜登(右四)、欧盟委员会主席冯德莱恩(右三)、加拿大总理特鲁多(右二)、德国总理朔尔茨(右一)出席七国集团峰会合影仪式的画面。新华社记者郑焕松摄

图说2:4月17日,在马里乌波尔,当地居民走过被损坏的建筑。新华社发(维克托摄)
图说3:4月19日,在马里乌波尔,当地居民从被损坏的建筑旁走过。新华社发(维克托摄)