Connect with us

Eastern Europe

ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များအတည်ပြု၊ ဥရောပသမဂ္ဂ၏ ဖိအားပေးရေးမူဝါဒက ‘အချည်းနှီး’ သာဖြစ်ကြောင်း ရုရှားဆို

ရုရှားသမ္မတ ပူတင်က မေ ၁၆ ရက်တွင် မော်စကို၌ ကျင်းပသော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဥရောပကော်မရှင်က ဥရောပသမဂ္ဂသို့ ရုရှားရွှေတင်သွင်းမှုကို တားမြစ်ခြင်း၊ ထိန်းချုပ်ပစ္စည်းနှင့် နည်းပညာများကို ရုရှားစစ်ရေးနှင့် အမျိုးသားကာကွယ်ရေးတွင် အသုံးပြုခြင်းမှ တားဆီးရန် ထိန်းချုပ်မှု နယ်ပယ်တိုးချဲ့ခြင်းစသည့် စီမံချက်များစွာပါဝင်သော ရုရှားအပေါ် ပိတ်ဆို့အရေးယူမည့် အဆိုပြုချက်ကို ဥရောပကောင်စီက ဇူလိုင် ၂၁ ရက်တွင် အတည်ပြုခဲ့သည်။
ဥရောပသမဂ္ဂ၏ ရုရှားအပေါ် နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော ဖိအားပေးမှု မူဝါဒသည် “အနာဂတ်မရှိ” “အချည်းနှီး” ဖြစ်ကြောင်းသိသာထင်ရှားနေသော်လည်း ကမ္ဘာ့စီးပွားရေးနှင့် လုံခြုံရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမည်မှာ ပိုမိုသိသာထင်ရှားလာသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
欧盟通过对俄制裁新措施 俄称欧盟施压政策“徒劳无益”
新华社布鲁塞尔7月21日电欧盟理事会21日通过欧盟委员会对俄罗斯制裁一揽子新措施的提案,禁止俄黄金进口到欧盟,并扩大受管制物品和技术清单,以防止俄用于军事和国防。
俄罗斯外交部发言人扎哈罗娃对此表示,欧盟多年来的对俄施压政策明显“没有前途”和“徒劳无益”,但对全球经济和安全的灾难性后果“越来越明显”。(完)
图说 – 图为5月16日,俄罗斯总统普京出席在莫斯科举行的集体安全条约组织峰会。新华社/卫星社