Connect with us

International Organizations

အမေရိကန်၏ ဥပဒေပြင်ပသတ်ဖြတ်မှု ပြဿနာအပေါ် စိုးရိမ်ဂရုပြုမိကြောင်း တရုတ်ကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီတွင်ပြောကြား

အမေရိကန် ရဲတပ်ဖွဲ့ဝင်များအား သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ မြို့တော် ဝါရှင်တန်၌ ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကိုယ်စားလှယ်က ဇွန် ၂၂ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၀) ကြိမ်မြောက် အစည်းအဝေး၌ ဥပဒေမူဘောင်ပြင်ပသတ်ဖြတ်မှုပြဿနာဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆွေးနွေးမှုတွင် အမေရိကန်၏ ဥပဒေပြင်ပ သတ်ဖြတ်မှုပြဿနာအပေါ် စိုးရိမ်ဂရုပြုမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်ရဲတပ်ဖွဲ့၏ အကြမ်းဖက် တရားဥပဒေစိုးမိုးရေးကြောင့် သေဆုံးမှုဖြစ်ရပ်များက မပြတ်ဖြစ်ပေါ်နေကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်က ပြောကြားခဲ့သည်။ ဂျော့ဖလွိုက်ကိစ္စ ဖြစ်ပွားပြီးနောက် တစ်နှစ်အတွင်း အမေရိကန် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက နိုင်ငံအတွင်းရှိ ရာနှင့်ချီသော လူနည်းစုများကို သတ်ဖြတ်ခဲ့သည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင်များက နိုင်ငံခြားစစ်ရေးလှုပ်ရှားမှုအတွင်း အခြားနိုင်ငံရှိ မည်သည့်ခုခံရန် အင်အားမျှမရှိသည့် အရပ်သားများကို စိတ်ကြိုက်သတ်ဖြတ်ခဲ့ပြီး ကျူးလွန်သူများက အရေးယူခံရခြင်းမရှိခဲ့ပေ။ လူ့အခွင့်အရေးကောင်စီနှင့် ဥပဒေပြင်ပသတ်ဖြတ်မှုပြဿနာဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် အမေရိကန်ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တရားဥပဒေစိုးမိုးမှုနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ အခြားနိုင်ငံရှိ အပြစ်မဲ့ အရပ်သားများ သတ်ဖြတ်ခြင်းကို ဆက်လက်အာရုံစိုက်ရန်နှင့် သက်ဆိုင်ရာဖြစ်ရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် တရားမျှတစွာ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများအား အရေးယူနိုင်ရေးတွန်းအားပေးလုပ်ဆောင်သွားရန် တရုတ်ကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中国代表在人权理事会对美国法外处决问题表示关切
新华社日内瓦6月22日电中国代表22日在联合国人权理事会第50届会议与法外处决问题特别报告员对话时发言,对美国法外处决问题表示关切。
中国代表表示,美国警察暴力执法致人死亡事件层出不穷。据报道,在乔治·弗洛伊德因警察暴力执法死亡后的一年里,美国执法人员在其国内又杀害了数百名少数族裔。美国军人在海外军事行动中肆意杀害别国手无寸铁的平民,肇事者却可以逍遥法外。中国代表敦促人权理事会和法外处决问题特别报告员持续关注美国警察暴力执法和美国军人杀害别国无辜平民问题,推动对有关事件进行全面、公正调查,将肇事者绳之以法。(完)
4月22日,在美国首都华盛顿,警察在枪击事件现场工作。新华社记者刘杰摄