Connect with us

Europe

ရုရှားသဘာဝဓာတ်ငွေ့ ထောက်ပံ့မှုဖြတ်တောက်ပါက ဂျာမနီတွင် စီးပွါးရေးကျဆင်းမှုအန္တရာယ်ဖြင့် ရင်ဆိုင်ရနိုင်

ဂျာမနီနိုင်ငံ ဘာလင်မြို့မြင်ကွင်းကို မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အကယ်၍ ရုရှားမှ ဂျာမနီသို့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု များ ရပ်တန့်လိုက်ပါက ဂျာမနီတွင် စီးပွားရေးကျဆင်းမှု အန္တရာယ်ဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ဂျာမနီစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ဇွန် ၂၁ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ယင်းအဖွဲ့အစည်းက ၂၀၂၂ ခုနှစ် ဂျာမနီနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ယူကရိန်းစစ်ပွဲမတိုင်မီ ခန့်မှန်းထားသည့် ၃.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး အကယ်၍ ရုရှားမှ ဂျာမနီသို့ ဓာတ်ငွေ့ထောက်ပံ့မှု ဖြတ်တောက်ပါက ဂျာမနီ၏ စီးပွားရေးကျဆင်းမှု မှာ ရှောင်လွှဲ၍မရနိုင်ကြောင်း ၎င်းတို့က ယူဆသည်။

လက်ရှိတွင် ရုရှားက ယူကရိန်းမှတစ်ဆင့် ဂျာမနီသို့ဓာတ်ငွေ့ထောက်ပံ့ပေးနေဆဲဖြစ်သော်လည်း ဓာတ်ငွေ့ထောက်ပံ့မှု ပမာဏမှာ လျော့ကျသွားခဲ့သည်။ မကြာသေးမီက ရုရှား သဘာဝဓါတ်ငွေ့လုပ်ငန်း ကုမ္ပဏီ Gazprom သည် “Nord Stream-1” ဓာတ်ငွေ့ပိုက်လိုင်းမှ ဥရောပသို့ ဓာတ်ငွေ့ထောက်ပံ့မှုနှုန်း လျှော့ချခဲ့ကြောင်း သိရသည်။ “Nord Stream-1” ဓာတ်ငွေ့ပိုက်လိုင်း၏ လက်ရှိဓာတ်ငွေ့ပေးပို့မှုနှုန်းမှာ ပုံမှန်အနေအထား၏ ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ရိုက်တာသတင်းဌာနက ဇွန် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

ဂျာမနီသို့ ရုရှားသဘာဝဓာတ်ငွေ့ထောက်ပံ့မှု လျှော့ချခြင်းက ဂျာမနီ၏ စီးပွားရေးအပေါ် ထိုးနှက်မှု ဖြစ်ကြောင်းနှင့် “ဒါဟာ နည်းဗျူဟာပုံစံအသစ်ဖြစ်ပြီး၊ အဲ့ဒီပုံစံအောင်မြင်မှုကို ခွင့်ပြုလို့မရပါဘူး” ဟု ဂျာမန်စီးပွားရေးနှင့် ရာသီဥတု ကာကွယ်ရေးဝန်ကြီး Robert Habeck ပြောကြားခဲ့သည်။

ရုရှားမှ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု သိသိသာသာလျှော့ချခြင်းကို ကိုင်တွယ်ရန် ဂျာမနီနိုင်ငံမှ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကန့်သတ်ခြင်း၊ ကျောက်မီးသွေးအသုံးပြုမှု တိုးမြှင့်ခြင်းနှင့် သဘာဝဓာတ်ငွေ့ “လေလံတင် ရောင်းချခြင်း” ယန္တရားများဖြင့် ဆောင်းရာသီအတွက် ဓာတ်ငွေ့စုဆောင်းမှု ဦးစားပေးလုပ်ဆောင်ခြင်း အပါအဝင် အရေးပေါ် ကိုင်တွယ်မှု အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျာမနီအစိုးရက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ ဓာတ်ငွေ့ထောက်ပံ့မှုပမာဏက ဂျာမနီအတွက် ဆောင်းရာသီအနွေးဓာတ်ရရှိရန် လုံလောက်သော သဘာဝဓာတ်ငွေ့ သိုလောင်နိုင်မှုက အခတ်အခဲဖြစ်နေသည်ဟု ဂျာမနီနိုင်ငံ ကွန်ရက်အေဂျင်စီအကြီးအကဲက ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဥရောပ၏ သဘာဝဓာတ်ငွေ့ သိုလှောင်မှုသည် အမြင့်ဆုံး သိုလှောင်နိုင်မှု၏ ၅၅ ရာခိုင်နှုန်းရှိနေကြောင်းနှင့် အောက်တိုဘာတွင် ၈၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတို့တွင် ၉၀ ရာခိုင်နှုန်းအထိ အသီးသီးရောက်ရှိရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အီတလီအစိုးရအနေဖြင့် လိုအပ်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လွှတ်နိုင်ရန်အတွက် ကျောက်မီသွေးဝယ်ယူသွားမည်ဖြစ်ကြောင်း အီတလီ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒဆိုင်ရာ အသွင်ကူးပြောင်းရေးဝန်ကြီး Roberto Cingorani က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဩစတြီးယားအစိုးရက ရုရှားမှ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ပြတ်လပ်မှုကို ကိုင်တွယ်ရန် တောင်ပိုင်းဒေသရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ဥရောပသည် နော်ဝေး၊ အဇာဘိုင်ဂျန်စသည့်နိုင်ငံများမှ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ပိုမိုရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အစ္စရေးသည် အီဂျစ်မှတစ်ဆင့် ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဇွန် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
如俄天然气断供 德国经济有衰退风险
新华社北京6月23日电 德国工业联合会21日警告说,如果俄罗斯停止对德国供应天然气,德国经济将面临衰退风险。
这一行业组织把2022年德国经济增长预期从乌克兰局势升级前的3.5%下调至1.5%,并认为,如果俄罗斯对德国中断供气,德国经济衰退或将不可避免。
俄罗斯现阶段依然取道乌克兰对德国供气,但供气量减少。近来,俄罗斯天然气工业股份公司减少了“北溪-1”天然气管道对欧洲的供气量。路透社21日报道,“北溪-1”天然气管道现在的输气量仅为通常水平的40%。
德国经济和气候保护部长罗伯特·哈贝克说,减少天然气供应是俄罗斯对德国经济打击的一部分,“这是一个新维度。不能允许这一策略得逞”。
德国政府19日说,针对俄方大幅减少天然气供应量,德国将采取一系列紧急应对措施,包括限制使用天然气发电、增加煤炭使用量和引入天然气“拍卖”机制,以优先提高储气量用于冬季取暖。
德国联邦网络局负责人认为,现在的供气量难以让德国为冬季取暖储备足够的天然气。
据路透社报道,欧洲天然气库存为满负荷水平的大约55%,按计划将在10月和11月分别达80%和90%。
意大利环境与生态转型部长罗伯托·钦戈拉尼21日在一份声明中说,意大利政府计划在必要时购买煤炭,增加火力发电。
奥地利政府19日决定,将重启南部一家煤电厂,以应对因俄天然气供应减少引发的能源短缺。
欧洲正在向挪威、阿塞拜疆等国家寻求更多天然气供应。以色列总理府15日发表声明,以色列将经埃及向欧盟出口天然气。(卜晓明)

图说- 这是5月25日拍摄的德国柏林城市景色。新华社记者任鹏飞摄