Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ခေတ်ကာလ၏မေးခွန်းများကို ဖြေကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်တွင် ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်က ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်တွင် ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိကမ္ဘာသည် နှစ်တစ်ရာ အပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ ရောယှက်လျက်ရှိပြီး လုံခြုံရေးကဏ္ဍစိန်ခေါ်မှုအမျိုးမျိုး မပြတ်ဖြစ်ပေါ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရေး ခြေလှမ်းများက ကျပ်တည်းလျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးသည်လည်း ဆိုးဝါးသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာသည် မည်သည့်လားရာကို ဦးတည်ကြမလဲ၊ ငြိမ်းချမ်းရေး သို့မဟုတ် စစ်မက်မီးလျှံကို လား၊ ဖွံ့ဖြိုးရေး သို့မဟုတ် ဆုတ်ယုတ်ရေးကိုလား ၊ တံခါးဖွင့်ပွင့်လင်းရေး သို့မဟုတ် တံခါးပိတ်သီးခြားရပ်တည်ရေးကိုလား ၊ ပူးပေါင်းဆောင်ရွက်ရေး သို့မဟုတ် ထိတ်တိုက်အားပြိုင်ရေးကိုလား ဆိုသည်မှာ မိမိတို့ ယနေ့မျက်နှာမူနေရသည့် ခေတ်ကာလ၏ မေးခွန်းများ ဖြစ်ကြောင်း ဆိုသည်။

သမိုင်း၏မြစ်ကြောင်းရှည်ကြီးသည် လေငြိမ်အေးချမ်းသာယာသည့်အခါရှိသလို တစ်ခါတရံ လှိုင်းလေထန်သည့်အခါရှိကြသော်လည်း အမြဲရှေ့သို့ ဆက်လက်လှမ်းချီကြရမည်သာဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ နိုင်ငံတကာအခြေအနေမည်သို့ပင် ပြောင်းလဲကာစေမူ ပွင့်လင်းစွာတိုးတက်ရေး၏သမိုင်းရေစီးကြောင်းက ပြောင်းလဲမည်မဟုတ်သလို လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရေး မျှော်လင့်ခြင်းစိတ်ဆန္ဒက ပြောင်းလဲမည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် အတားအဆီးများကို မကြောက်ရွံ့ဘဲ သမိုင်းဖွံ့ဖြိုးတိုးတက်ရေးနိယာမကို မှန်ကန်စွာ သိမြင်ရမည်ဖြစ်ရာ တစ်ချိန်တင်္ဂတ ကိစ္စရပ်တစ်စုံတစ်ရာ၏လှည့်ဖျားခြင်းမှ ရှင်းလင်းစွာ၊ အန္တရာယ်များကို ကြောက်ရွံ့ခြင်းမရှိစွာဖြင့် စိန်ခေါ်မှုများကို ရဲဝံ့စွာရင်ဆိုင်၍ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှအသိုက်အဝန် ရည်မှန်းချက်ကို ခိုင်မာစွာ ရှေ့တိုး လျှောက်လှမ်းသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အတူ ကာကွယ်စောင့်ရှောက်ကြရန်၊ အပြန်အလှန်ဖေးမကူညီ၍ ကမ္ဘာ့လုံးဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အတူမြှင့်တင်ကြရန်၊ တစ်လှေတည်းစီးတစ်ခရီးတည်းသွား၍ ပူးပေါင်းဆောင်ရွက်မှုဘုံအကျိုးစီးပွားကို အတူ အကောင်အထည်ဖော်ကြရန်၊ အားလုံးပါဝင်ပေါင်းစည်းမှုဖြင့် တံခါးဖွင့် ပွင့်လင်းစွာ ပေါင်းစည်းရေးကို အတူတိုးချဲ့ဆောင်ရွက်ကြပါရန် သမ္မတရှီကျင့်ဖိန်က အလေးထားတိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
习近平在金砖国家工商论坛开幕式上回答时代之问
2022-06-22 19:12:40 来源: 新华社微博
6月22日,国家主席习近平以视频方式出席金砖国家工商论坛开幕式并发表主旨演讲。
习近平指出,当前,世界百年变局和世纪疫情相互交织,各种安全挑战层出不穷,世界经济复苏步履维艰,全球发展遭遇严重挫折。世界向何处去?和平还是战争?发展还是衰退?开放还是封闭?合作还是对抗?是摆在我们面前的时代之问。
习近平强调,历史长河时而风平浪静,时而波涛汹涌,但总会奔涌向前。尽管国际形势风云变幻,但开放发展的历史大势不会变,携手合作、共迎挑战的愿望也不会变。我们要不畏浮云遮望眼,准确认识历史发展规律,不为一时一事所惑,不为风险所惧,勇敢面对挑战,向着构建人类命运共同体的目标勇毅前行。
习近平强调,我们要团结协作,共同维护世界和平稳定;要守望相助,共同促进全球可持续发展;要同舟共济,共同实现合作共赢;要包容并蓄,共同扩大开放融合。
1. 6月22日晚,国家主席习近平以视频方式出席金砖国家工商论坛开幕式并发表题为《把握时代潮流 缔造光明未来》的主旨演讲。 新华社记者 鞠鹏 摄