Connect with us

Europe

ယူကရိန်းသမ္မတနှင့် ဥရောပနိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး၊ နျူကလီးယားနိုင်ငံကြီးချင်း တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု ရုရှား ပြောကြား

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ယူကရိန်းလွှတ်တော်တွင် နှစ်စဉ်ပတ်လည် နိုင်ငံတော်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းရွေးချယ်ရေးအဓိကထား၍ ဥရောပနိုင်ငံ ဝန်ကြီးချုပ်များနှင့် ဇွန် ၂၂ ရက်တွင် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။

Donetskဒေသ Kramatorskတွင် ထွက်ခွာရန် စောင့်ဆိုင်းနေသူများကို မေ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ Leningradပြည်နယ် စိုက်ခင်တစ်ခုတွင် နွေဦးဂျုံစိုက်ပျိုးနေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားအနေဖြင့် သံတမန်ရေးကို အဆုံးစွန် ဦးစားပေး ဆောင်ရွက်ခြင်းသည် နျူကလီးယားနိုင်ငံကြီးချင်း တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှုကို ကာကွယ်တားဆီးရန် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

____ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis၊ ဆွီဒင်ဝန်ကြီးချုပ် Magdalena Andersson၊ အက်စတိုးနီးယား ဝန်ကြီးချုပ် Kaja Kallas၊ ချက်ဝန်ကြီးချုပ် Petr Fiala၊ လတ်ဗီးယားဝန်ကြီးချုပ် Kariņš၊ ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် Kiril Petkovတို့အား သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းအဖြစ် ရွေးချယ်ရေး အဓိက ဆွေးနွေးခဲ့ကြောင်း ဇွန် ၂၂ ရက် ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

____ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovက ယူကရိန်းအကျပ်အတည်း အန္တရာယ်အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာခြင်းနှင့်း နိုင်ငံတကာအခြေအနေအခင်းအကျင်း ခန့်မှန်းမရခြင်းများကြောင့် နျူကလီးယားနိုင်ငံကြီးချင်း တိုက်ရိုက်ပဋိပက္ခ ဖြစ်ပွားမှုကို ကာကွယ်တားဆီးရန် ရုရှားသံတမန်ရေး ခြွင်းချက်မရှိ ဦးပေးကိစ္စမှာ တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် မဟာဗျူဟာတည်ငြိမ်ရေး အာမခံထားခြင်း၊ အကြီးအကျယ်သေကြေပျက်စီးမည့် လက်နက်ယန္တရားများ ကျယ်ပြန့်စွာအများအပြားမဖြစ်စေရေး ထိန်းသိမ်းခြင်း စသည့် အရေးကြီး လိုအပ်သော လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

___ လူးဟန့်စ်ခ်ဒေသတွင် ရုရှားတပ်များက Lysychanskမြို့ကို ချဉ်းကပ်နေပြီဖြစ်ရာ ၎င်းမြို့အား အကြီးအကျပ်ထိုးစစ်ဆင်၍ Lysychanskမှ Bakhmutသို့ သွားရာ အဝေးပြေးလမ်းကို ပိတ်ဆို့ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယင်းဒေသစစ်ဦးစီးချုပ် Sergei Gedeက ဇွန် ၂၂ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ Sievierodonetskဒေသ၏ မြို့ပြစစ်ဆင်ရေးများက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

___ ရုရှားအပေါ် အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့မှုက စားနပ်ရိက္ခာကဏ္ဍအခြေအနေကို အဆုံးစွန် ဆိုးဝါးစေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ဇွန် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားဘက်က စားနပ်ရိက္ခာ၊ ဓါတုဓာတ်မြေဩဇာ၊ စွမ်းအင်နှင့်အခြားသော အရေးကြီးထုတ်ကုန်ပစ္စည်း တင်ပို့မှု တာဝန်ကို ဆက်လက်ဖော်ဆောင်သွားလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် ရုရှားက နိုင်ငံတကာဈေးကွက်သို့ စားနပ်ရိက္ခာတန်ချိန် ၂၅ သန်းခန့်နှင့် ဓါတ်မြေဩဇာတန်ချိန် အနည်းဆုံး ၂၂ သန်းကို တင်ပို့သွားမည် ဖြစ်သလို ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP)မှ တစ်ဆင့် လိုအပ်သည့်နိုင်ငံများကို စားနပ်ရိက္ခာအကူအညီများပေးသွားမည် ဖြစ်ကြောင်း ၊ ယူကရိန်းစားနပ်ရိက္ခာ ပြင်ပသို့တင်ပို့မှုကို ဘယ်သောအခါမျှ မတားဆီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

___ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikovက ပထမအသုတ် ဂျာမနီထုတ် self-propelled howitzerနှင့် ဂျာမနီတွင် လေ့ကျင့်ခဲ့သည် ယူကရိန်းစစ်သားများ ယူကရိန်း စစ်တပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဇွန် ၂၁ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ၎င်းလက်နက်မှာ ယူကရိန်းစစ်တပ် ရုရှားနှင့်စစ်ဆင်ရေးလုပ်ရာ၌ အသုံးပြုသော ဆဋ္ဌမမြောက် 155mm လက်နက်ဖြစ်ကြောင်း Oleksii Reznikovက ဆိုသည်။ (Xinhua)

…………………………
(Chinese Version)
(乌克兰局势)最新动态:乌总统与欧洲多国总理通话 俄表示力求防止核大国间直接冲突
2022-06-23 00:06:20 分类: 政治法律
新华社北京6月22日电综合新华社驻外记者报道:乌克兰总统泽连斯基22日说,当天他与欧洲多国政府总理通话,重点讨论了乌克兰欧盟候选国地位问题。俄罗斯副外长里亚布科夫22日说,俄外交绝对优先事项是防止核大国之间发生直接冲突。
——泽连斯基22日在社交媒体发文说,当天他与希腊总理米佐塔基斯、瑞典首相安德松、爱沙尼亚总理卡拉斯、捷克总理菲亚拉、拉脱维亚总理卡林斯、保加利亚总理佩特科夫分别通话,重点讨论了乌克兰欧盟候选国地位问题。
——里亚布科夫22日表示,鉴于乌克兰危机进一步升级的风险以及国际局势发展的不可预测性,俄外交无条件优先事项是保持对话,以防止核大国之间发生直接冲突。当前迫切需要在确保战略稳定、维护不扩散大规模杀伤性武器机制等方面开展工作。
——卢甘斯克地区军事行政长官谢尔盖·盖代22日在社交媒体上说,在卢甘斯克地区,俄军正在接近利西昌斯克市,对该市进行大规模打击,并试图封锁利西昌斯克至巴赫穆特的高速公路。北顿涅茨克市区的巷战仍在继续。
——俄罗斯外交部发言人扎哈罗娃22日在例行记者会上表示,美国对俄实施的单方面制裁使粮食领域局势恶化到极限。俄方愿继续履行在粮食、化肥、能源和其他重要产品出口方面的义务。到2022年底,俄将向国际市场供应约2500万吨粮食和至少2200万吨化肥,还将通过世界粮食计划署向有需要的国家提供粮食援助。她强调,俄方从来没有也不会阻止乌克兰粮食外运。
——乌克兰国防部长列兹尼科夫21日在社交媒体发文称,首批德国制造的一款自行榴弹炮和在德国接受训练的乌军人员已加入乌克兰军队。列兹尼科夫称,这将是乌军投入对俄作战的第六款155毫米火炮。(参与记者:耿鹏宇、李铭、李东旭)(完)

1. 这是2020年10月20日,乌克兰总统泽连斯基在乌最高拉达(议会)发表年度国情咨文的资料照片。新华社发(乌总统办公室供图)
2. 5月28日,人们在顿涅茨克地区克拉马托尔斯克等待撤离。新华社发(迭戈·埃雷拉摄)
3.  2021年4月15日,农民在俄罗斯列宁格勒州一农场内播种春小麦。新华社发(莫京娜摄)