Connect with us

Eastern Europe

ပဋိပက္ခ နှစ်လကြာပြီးနောက် ရုရှား-ယူကရိန်း၏ အခြေအနေသစ်များ

မာရီယူပိုးလ်မြို့ ပျက်စီးနေသည့် အဆောက်အဦများဘေးတွင် ဖြတ်သန်းသွားသော ဒေသခံအရပ်သားတစ်ဦးအား ဧပြီ ၂၂ ရက် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

ဧပြီ ၂၄ ရက်သည် ရုရှား၏ ယူကရိန်းအထူးစစ်ဆင်ရေး လှုပ်ရှားမှု ရက်ပေါင်း ၆၀ ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ပြီးခဲ့သည့်ရက်တွင် ရုရှားဘက်က ယူကရိန်းနိုင်ငံ မာရီယပိုးလ်မြို့ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အကယ်၍ မာရီယူပိုးလ်တွင် ပိတ်မိနေသည့် ခံတပ်စစ်သားများ ရှင်းလင်းခံရပါက သို့မဟုတ် ရုရှားဘက်က ၎င်းသိမ်းပိုက်ထားသည့် ဒေသတွင် ပြည်သူ့ဆန္ဒခံယူပွဲမျိုး ကျင်းပမည်ဆိုလျှင် ရုရှားနှင့်တွေ့ဆုံဆွေးနွေးမှုမှ နုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပဋိပက္ခ နှစ်လကြာပြီးနောက် အခြေအနေသစ်များကို ပြန်လည်သုံးသပ်ရလျှင်-

ရုရှားသမ္မတ ပူတင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် မာရီယူပိုးလ်မြို့ Azovstalသံ၊သံမဏိစက်ရုံသို့ ထိုးစစ်ဆင်မည့်အစီအစဉ်ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း မာရီယူပိုးလ်၏ လက်ရှိအခြေအနေသည် ပြင်ပလောက၏ အာရုံစူးစိုက်စရာအဖြစ် ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။
မာရီယူပိုးလ်မြို့သည် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မြို့နေပြည်သူများ လမ်းမတွင် လွတ်လပ်စွာ သွားလာနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ဧပြီ ၂၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းမြို့တွင် လူအများကို စားသောက်စရာ၊ ရေ၊ အခြေခံလူသုံးကုန်ပစ္စည်း စသည့်တို့ ဝေငှပေးနေပြီး ယူကရိန်း စစ်ရေးအင်အားစု“အဇော့တပ်ရင်း”၏ လက်ကျန်များနှင့် နိုင်ငံခြားကြေးစားတပ်သားများကို Azovstal စက်ရုံအတွင်းတွင် ပိတ်ဆို့ထားကြောင်း ဆိုသည်။

မာရီယူပိုးလ်မြို့ Azovstal သံ၊သံမဏိစက်ရုံအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အကယ်၍ ပိတ်မိနေသည့် မာရီယူပိုးလ်ရှိ ယူကရိန်းလူများ ရှင်းလင်းသုတ်သင်ခံရမည် သို့မဟုတ် ရုရှားဘက်က သိမ်းပိုက်ထားသည့်နယ်မြေတွင် လူထုဆန္ဒခံယူပွဲကျင်းပမည် ဆိုပါက ရုရှားနှင့်နောက်တစ်ဆင့် စေ့စပ်ဆွေးနွေးရန် ငြင်းပယ်ရလိမ့်မည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏ ဧပြီ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အား Ukrinform က ကိုးကားဖော်ပြထားသည်။ လက်ရှိ ယူကရိန်းဘက်က စစ်ရေးနည်းလမ်းဖြင့် မာရီယူပိုးလ်မြို့၏ ပိတ်ဆို့မှုကို မဖြေရှင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့ရှိ ဆီဆိုင်တစ်ခုအား မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ရုရှားလေတပ်သည် ဧပြီ ၂၃ ရက်က ပစ်မှတ်တိကျမှုမြင့်မားသော ဝေဟင်အခြေစိုက် ဒုံးကျည်များဖြင့် ယူကရိန်နိုင်ငံတောင်ပိုင်း အိုဒက်ဆာဒေသရှိ စစ်သုံးလေဆိပ် လက်နက်သိုလှောင်ပို့ဆောင်ရေးစခန်းတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း၊၎င်းနေရာသည် အမေရိကန်နှင့် ဥရောပနိုင်ငံသီးသိးက ယူကရိန်းသို့ ပေးပို့သော လက်နက်အမြောက်အများ ရှိနေကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ထောက်လှမ်းရေးဌာနများက ယူကရိန်းတွင် စစ်ဆင်ရေးကွပ်ကဲလှုပ်ရှားမှုများ၌ ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အချင်းဖြစ်ပွားသည့်နေ့တွင်ပင် လူမှုကွန်ရက်မီဒီယာမှ ရေးသားဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား၏ ယူကရိန်းအထူးစစ်ဆင်ရေးလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ကြေညာခဲ့ရာ ကဏ္ဍများစွာ ပါဝင်သည်။ ယခုလ ၈ ရက်တွင် ဥရောပသမဂ္ဂက ရုရှားအပေါ် ပဉ္စမအကြိမ်မြောက် အရေးယူပိတ်ဆို့မှုများကို ကြေညာခဲ့ရာ ဩဂုတ်လမှစ၍ ရုရှားမှကျောက်မီးသွေးတင်သွင်းခြင်းကို ရပ်တန့်သွားမည် ဖြစ်ပြီး ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူများကို ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအတွင်း အချို့နိုင်ငံများက ရုရှားစွမ်းအင်အား အထူးအားထားနေရခြင်းကြောင့် သမဂ္ဂအတွင်း ရုရှားစွမ်းအင်တားမြစ်မှုအပေါ် မတူညီသည့် အသံများ ရှိနေသည်။ ဟန်ဂေရီဝန်ကြီးချုပ်ရုံး ဝန်ကြီး Gergely Gulyásက ရုရှားစွမ်းအင်ကဏ္ဍကို ပိတ်ဆို့ရန် မဆုံးဖြတ်မီ ဟန်ဂေရီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ သက်ဆိုင်ရာအဆိုပြုချက် အသေးစိတ်အကြောင်းအရာများကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

အကယ်၍ ရုရှားမှ သဘာဝဓါတ်ငွေ့ ပေးပို့မှုကို ဆုံးရှုံးခဲ့မည်ဆိုလျှင် “အစပိုင်း ၆ လကြာကာလမှာ၊ ဥရောပတိုက်ဟာ အစားထိုးတင်သွင်းမှု၊လက်ရှိ သိုလှောင်ထားတာတွေနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒါပေမယ့် သဘာဝဓါတ်ငွေ့က ဆောင်းရာသီအထိ ဒါမှမဟုတ် ဒီထက်ပိုပြီး ပြတ်တောက်နိုင်မယ်ဆိုရင် ဥရောပတိုက်ရဲ့ စီးပွားရေးကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေနိုင်တယ်” ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဥရောပရေးရာတာဝန်ခံ Kammerက အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့်ကမ္ဘာ့ဘဏ် နွေဦးရာသီအစည်းအဝေးကာလတွင် လက်ခံတွေ့ဆုံသည့် တွေ့ဆုံမေးမြန်မှုတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှား သဘာဝဓါတ်ငွေ့နှင့် ရေနံပံ့ပိုးမှုကို ဆုံးရှုံးမည်ဆိုပါက ဥရောပသမဂ္ဂနိုင်ငံများ၏ GDP ဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ၃ ရာခိုင်နှုန်းရှိနိုင်ကြောင်း IMFက ခန့်မှန်းထားသည်။ ရုရှား-ယူကရိန်း ပဋိပက္ခက ကမ္ဘာ့စွမ်းအင်နှင့်စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုကို တွန်းအား ဖြစ်စေပြီး ပဋိပက္ခနှင့်သက်ဆိုင်ရာ ပိတ်ဆို့မှုများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ဆိုးဝါးသည့် သက်ရောက်မှု ရှိစေကြောင်း ပြီးခဲ့သည့်လ IMF ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ (Xinhua)

—————————–
(Chinese Version)
全球连线 | 冲突两个月!俄乌局势有这些新情况
2022-04-24 14:54:25
新华社莫斯科4月24日电 4月24日,俄罗斯对乌克兰发起的特别军事行动进入第60天。俄方日前表示,乌克兰马里乌波尔市已恢复正常秩序。乌总统泽连斯基说,如果困守马里乌波尔人员被消灭或俄方在“占领区”举行所谓公投,乌方将退出与俄罗斯的谈判。
请看新华社记者发回的最新报道——
俄总统普京日前下令俄军取消攻打马里乌波尔市亚速钢铁厂的计划后,马里乌波尔当地情况仍是外界关注焦点。
俄国防部发言人科纳申科夫22日晚通报,马里乌波尔市已恢复正常秩序,居民能够在街道上自由行动。该市正在向人们分发食物、水、基本必需品等,乌方军事力量“亚速营”的残余人员及外国雇佣兵已被封锁在亚速钢铁厂区域内。
乌克兰国家通讯社援引泽连斯基23日在新闻发布会上的讲话报道,如果困守马里乌波尔的乌克兰人被消灭,或俄方策动在“占领区”进行公投,乌克兰将拒绝与俄罗斯进一步谈判。他还表示,目前乌方不可能通过军事手段解除对马里乌波尔的封锁。
科纳申科夫23日晚说,俄空天军当天使用高精度空基导弹摧毁了乌克兰南部敖德萨地区一个军用机场的武器集运站,那里存放着美国和欧洲各国向乌提供的大批武器。
俄罗斯外交部发言人扎哈罗娃当天在社交媒体账号发文指出,北约国家的特工机构在乌克兰参与指挥作战行动。
俄罗斯2月24日对乌克兰发起特别军事行动以来,美欧先后宣布针对俄罗斯的制裁措施,涉及诸多领域。欧盟本月8日宣布对俄罗斯采取第五轮制裁,决定从8月起停止进口俄罗斯煤炭,并就对俄石油和天然气实施制裁进行讨论。
由于一些欧盟国家严重依赖俄能源,欧盟内部关于对俄能源禁运仍存在不同声音。匈牙利总理府部长古亚什·盖尔盖伊日前表示,在决定是否对俄实施能源制裁前,匈牙利方面希望看到欧盟有关提议的详细内容。
3月18日,人们在德国法兰克福一处加油站为汽车加油。新华社发(阿曼多·巴巴尼摄)
据法新社22日报道,国际货币基金组织(IMF)欧洲部门负责人卡默出席国际货币基金组织和世界银行春季会议期间接受采访时说,如果失去俄罗斯天然气供应,“在一开始的6个月,欧洲可以通过替代供应和现有储备来应对,但如果天然气断供持续到冬季或更长时间,将对欧洲经济产生重大影响”。
IMF预测,失去俄罗斯天然气和石油供应可能将导致欧盟国内生产总值损失3%。该组织上月在一份声明中说,俄乌冲突正在推动世界能源和粮食价格上涨,冲突和相关制裁将严重影响全球经济。
图说1: 4月22日,在马里乌波尔,当地居民从受损建筑旁经过。新华社发(维克托摄)
图说2:这是4月22日在马里乌波尔拍摄的亚速钢铁厂。新华社发(维克托摄)
图说3:3月18日,人们在德国法兰克福一处加油站为汽车加油。新华社发(阿曼多·巴巴尼摄)