Connect with us

Africa & Middle East

တူနီးရှားပင်လယ်ပြင်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော သင်္ဘော ၄ စင်း နစ်မြုပ်မှုကြောင့် လူ ၁၂ ဦးသေဆုံး

မြေထဲပင်လယ်တွင် ကယ်ဆယ်ရေးသင်္ဘောများ စောင့်ဆိုင်းနေသော ဒုက္ခသည်များအား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဧပြီ ၂၃ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၁၂၀ ဦးတင်ဆောင်ထားသည့် သင်္ဘော ၄ စင်းသည် တူနီးရှားနိုင်ငံအနီးရှိ ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကာ ကျန်ရှိ ၉၈ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထိုနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ယင်းရွှေ့ပြောင်းနေထိုင်သူများသည် တူနီးရှားနိုင်ငံအရှေ့ပိုင်းဆိပ်ကမ်း Sfax မှ တစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီတလီသို့ သွားရောက်ကြရန် စီစဉ်ထားကြောင်း တူနီးရှားကမ်းခြေစောင့်တပ် ဖွဲ့ဝင် ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ သေဆုံးသူ ၁၂ ဦးသည် အာဖရိကတိုက် နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်များအရ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနေထိုင်သူအချို့က ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှုတို့မှ လွတ်မြောက်ရန် ဥရောပသို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ Sfax ဆိပ်ကမ်းသည် ၎င်းတို့၏ တရားမဝင် ရွှေ့ပြောင်းမှုခရီးစဉ်၏ အဓိကစမှတ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တူနီးရှားပြည်ထဲရေး ဝန်ကြီးဌာန၏ ယခုသတင်းပတ်အတွင်း ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် တူနီးရှားနိုင်ငံအနီးရှိ ပင်လယ်ပြင်၌ ဖမ်းဆီးရမိသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန်ကြိုးပမ်းသူ ၂၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။

မကြာသေးမီလများအတွင်း တူနီးရှားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ လစ်ဗျာမှ စတင်ထွက်ခွာကာ အီတလီသို့ သွားရောက်သည့် တရားမဝင် ရွှေ့ပြောင်းသူများတင်ဆောင်ထားသော သင်္ဘောအများအပြားရှိခဲ့ပြီး တူနီးရှားကမ်းလွန်တွင် ရေနစ်သေဆုံးသူ အများအပြားရှိကြောင်း သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၄၃,၀၀၀ ကျော်သည် အီတလီသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ရွှေ့ပြောင်းသူ အရေအတွက် ၉၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးလာကြောင်း သိရသည်။ (Xinhua)

#Tunisia, #Ship, #Xinhua, #Myanmar, #XinhuaMyanmar, #တူနီးရှား,#သင်္ဘော, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(Chinese Version)

4艘移民船沉没突尼斯近海 至少12人丧生

新华社北京4月24日电 突尼斯海岸警卫队23日说,当天4艘载有120名移民的船只在该国附近海域沉没,已确认12人死亡,另有10人失踪,98人获救。

路透社援引突尼斯海岸警卫队阿里·阿亚里中校的话报道,这些移民原先准备从突尼斯东部港口斯法克斯出发,穿越地中海前往意大利。已确认丧生的12人来自非洲国家。

报道说,一些非洲和中东地区民众为逃离冲突和贫困前往欧洲,斯法克斯成为他们偷渡旅程的主要起点。
突尼斯内政部本周通报,2021年,突尼斯在本国附近海域逮捕超过2万名偷渡未遂的移民。

近几个月,从突尼斯邻国利比亚出发前往意大利的偷渡船更加频繁出现,已有数十名偷渡客在突尼斯海岸溺亡。
联合国难民事务高级专员公署数据显示,2021年超过12.3万名移民抵达意大利,较2020年9.5万多人大幅增长。(沈敏)
图说-2016年11月3日,在地中海水域,一艘难民乘坐的小船等待救援船(不在画面中)靠近。新华社/美联