Connect with us

Asia

နိုင်ငံအသီးသီးက တရုတ်နိုင်ငံနှင့်စီးပွားရေးပြုလုပ်ရန် လိုအပ်သလို အခွင့်အလမ်းနှင့်ဈေးကွက်များက တရုတ်နိုင်ငံတွင် ရှိသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ပြောကြား

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက သတင်းမီဒီယာများ၏မေးမြန်းမှုအား ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မေ ၂၇ ရက် (ဆင်ဟွာ)

အခွင့်အလမ်းနှင့် ဈေးကွက်များက တရုတ်နိုင်ငံတွင်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးမလုပ်၍မရသလို တရုတ်ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့ကြောင်း
စင်ကာပူ Lianhe Zaobao သတင်းစာ၏ ပြီးခဲ့သည့်ရက်ပိုင်းဖော်ပြချက်များအရ သိရသည်။

ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှုက ပို၍မြင့်တက်တိုးပွားလျက်ရှိရာ တရုတ်နှင့်ကုန်သွယ်ရေး အသွားအလာများလာခြင်းက ပုံမှန်ဖြစ်ပြီး တရုတ်နှင့်ကုန်သွယ်ရေး တိုးတက်အောင် လုပ်ဆောင်မှုမရှိခြင်းက နစ်နာမှုများပြားမည် ဖြစ်ကြောင်း လီရှန်လွန်းက ဆိုသည်။

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် ဒေသရေးရာတွင် အစဉ်ပါဝင်နေပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အဆိုပြုထားကြောင်း ၊ စင်ကာပူနိုင်ငံသည် ဤအဆိုပြုချက်များကို ထောက်ခံအားပေးသလို “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၏ ချစ်ကြည်ရေးအဖွဲ့” အဖွဲ့ဝင်လည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အညီ တရုတ်နိုင်ငံ၏အရှိန်အဝါသည်လည်း အစဉ်ကျယ်ပြန့်မှုရှိလာရာ အာရှတိုက် စီးပွားရေးအစုအဖွဲ့ နိုင်ငံအားလုံးနီးပါး၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေကြောင်း လီရှန်လွန်းက ဆိုသည်။ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ စည်ပင်ဝပြောရေး အခွင့်အလမ်းများကို တရုတ်နိုင်ငံ ဖန်တီးထားရာ နိုင်ငံအများအပြားအနေဖြင့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးက ဆောင်ကြဉ်းလာသည့် အခွင့်အလမ်းများကို ဆုပ်ကိုင်ပြီး တရုတ်နှင့်ကုန်သွယ်ရေး အသွားအလာ များပြားလာအောင် ဆောင်ရွက်လိုကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်တွင် စင်ကာပူနိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံ တိုးတက်ရေး သဘောတူညီချက်(CPTPP)၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည်။ CPTPP သည် ပွင့်လင်းသည့်အဖွဲ့အစည်းဖြစ်ပြီး CPTPP အဆင့်မီသည့် စီးပွားရေးအစုအဖွဲ့နိုင်ငံများ အားလုံးပါဝင်နိုင်ရာ တရုတ်နိုင်ငံပါဝင်ရန်အတွက်လည်း စင်ကာပူနိုင်ငံက ကြိုဆိုကြောင်း လီရှန်လွန်းက ပြောခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
李显龙:各国需要和中国做生意 机会和市场都在中国
2022-05-27 10:43:39
新华社新加坡5月27日电 据新加坡《联合早报》日前报道,新加坡总理李显龙在接受《日本经济新闻》采访时表示,机会和市场都在中国,各国不能不和中国做生意,并且欢迎来自中国的投资。
李显龙指出,中国在全球经济中占比已增加,与中国有更多贸易往来是正常的,不与中国发展贸易会付出很大代价。
他表示,中国一直参与亚太地区事务,提出“一带一路”倡议和全球发展倡议。新加坡支持这些倡议,也是“全球发展倡议之友小组”成员。
李显龙表示,随着中国经济发展,中国的影响力不断扩大,是几乎所有亚洲经济体的最大贸易伙伴。中国创造了合作、贸易、繁荣的机会,许多国家都想把握中国发展带来的机遇,希望与中国有更多贸易往来。
新加坡今年是全面与进步跨太平洋伙伴关系协定(CPTPP)轮值主席国。李显龙说,CPTPP是个开放的组织,达到CPTPP高标准的经济体都能加入,新加坡欢迎中国加入。
1. 图为新加坡总理李显龙接受媒体采访的资料照片。新华社发(邓智炜摄)