Connect with us

China

တရုတ်နိုင်ငံနှင့်ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံမှု တိုးတက်ရေး မဏ္ဍိုင် ၄ ရပ် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeremiah Manele တို့ ဆော်လမွန်ကျွန်းစုနိုင်ငံ မြို့တော် ဟိုနီယားရားတွင် မေ ၂၆ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟိုနီယားရား၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆော်လမွန်ကျွန်းစုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeremiah Manele နှင့် ဟိုနီယားရားမြို့တွင် မေ ၂၆ ရက်က တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင် ယခုအကြိမ် တောင်ပစိဖိတ်ခရီးစဉ်၏ ရည်ရွယ်ချက်အား မိတ်ဆက်ပြောကြားခဲ့သည်။

ဝမ်ရိက ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပစိဖိတ်ကျွန်းနိုင်ငံ ခေါင်းဆောင်များနှင့်အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်ဖက်ဆက်ဆံရေးအား အပြန်အလှန်လေးစား၍ အတူဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ကာ တရုတ်နိုင်ငံနှင့် ကျွန်းနိုင်ငံများ၏ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်ပိုင်းများတွင် နှစ်ဖက်ဆက်ဆံရေးသည် ယခင်က မရှိခဲ့ဖူးသော ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့ရာ ဒေသခံပြည်သူများအတွက် လက်တွေ့အကျိုးစီးပွား ဆောင်ကြဉ်းပေးနိုင်ခဲ့သလို့ ကမ္ဘာ့တောင်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး (South–South cooperation)အတွက် စံနမူနာပြနိုင်ခဲ့ကြောင်း ၊ လွန်ခဲ့သည့် နှစ်ရက်က တရုတ်နိုင်ငံက ထုတ်ပြန်သော တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း လက်တွေ့ စာရင်းရှင်းတမ်းနှင့် ကွမ်တုန်း၊ ဖူကျန့် ၊ ဆန်းတုန်းပြည်နယ်များနှင့်ကျွန်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်စာရင်းရှင်းတမ်း ထုတ်ပြန်ခဲ့ရာတွင် ကျွန်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ဌာနအသီးသီး၊ ဒေသအသီးသီး အတူတကွ လှုပ်ရှားဆောင်ရွက်နေသည်ကို အပြည့်အဝ ထင်ဟပ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံများနှင့်ဆက်ဆံရေး တိုးတက်ရန် တရုတ်နိုင်ငံအနေဖြင့် မဏ္ဍိုင် ၄ ရပ် ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။

ပထမအနေဖြင့် တန်းတူညီမျှ ဆက်ဆံရေးကို ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် နိုင်ငံကြီး၊နိုင်ငံငယ် တန်းတူရည်တူရှိရေးကို အစဉ်အမြဲလက်ကိုင်ထားရာ မှန်ကန်သော အကျိုးစီးပွားအမြင်နှင့် စစ်မှန်သောချစ်ကြည်ရင်းနှီးခြင်း၏စေတနာ ခံယူချက်ဖြင့် ကျွန်းနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျွန်းနိုင်ငံများအား ကမ္ဘာ့တောင်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးကဏ္ဍအဖြစ်ထားရှိကာ လူသားမျိုးနွယ်တို့၏ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရေး အရေးကြီးမိတ်ဖက်အဖြစ် သဘောထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အပြန်အလှန်လေးစားမှုကို ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ကျွန်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို အစဉ်လေးစားမည် ဖြစ်သလို ကျွန်းနိုင်ငံများရှိ ပြည်သူများ၏ မိမိနိုင်ငံရေးအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် ကြိုးပမ်းခြင်းကို လေးစားမည် ဖြစ်ကြောင်း၊ ကျွန်းနိုင်ငံများနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ကျွန်းနိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်မည်မဟုတ်သလို နိုင်ငံရေး ထပ်ဆောင်းတောင်းဆိုချက်များ ပါဝင်မည်မဟုတ်ကြောင်းနှင့် မည်သည့် ပထဝီရေးရာ တစ်ကိုယ်ရေအကျိုးစီးပွားကိုလည်း ရှာဖွေမည်မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ခိုင်မာစွာ ဖော်ဆောင်သွားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ဆောင်အဆိုပြုသူ၊ တည်ဆောက်သူ၊ တွန်းအားပေးသူအဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ရာ ကျွန်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝ ပြည့်စုံကောင်းမွန်ရေး၊ ပင်ကိုဖွံ့ဖြိုးတိုးတက်နိုင်ရေးစွမ်းရည် မြှင့်တင်ရေးတို့ကို စစ်မှန်သောစေတနာဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျွန်းနိုင်ငံပြည်သူများနှင့်အတူ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးရလဒ်များကို မျှဝေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် ပွင့်လင်းမှုနှင့်အားလုံးပါဝင်နိုင်ရေးကို ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်သည်။
တောင်ပစိဖိတ်ဒေသသည် ပူးပေါင်းဆောင်ရွက်ရေး၏ ဇာတ်ခုံဖြစ်သင့်ပြီး အပျက်သဘောယှဉ်ပြိုင်ခြင်း၏လက်ဝှေ့ကွင်း မဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံနှင့် ကျွန်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်နိုင်ငံကိုမျှ ဦးတည်ခြင်းမဟုတ်သလို မည်သည့်နိုင်ငံ၏ နှောင့်ယှက်ဟန့်တားမှုကို လက်ခံမည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် မိမိတို့အနေဖြင့် ကျွန်းနိုင်ငံများနှင့် အခြားနိုင်ငံများ၏တည်ဆောက်ထားသော ဆက်သွယ်မှုများကို လေးစားပြီး ပွင့်လင်းမှုကိုအခြေခံကာ အခြားသောဒေသတွင်းနှင့် ဒေသပြင်ပ နိုင်ငံများနှင့်အတူ သုံးဖက်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)

(国际)王毅谈中国发展同太平洋岛国关系的“四个坚持”
2022-05-27 06:43:47 分类: 政治法律
新华社霍尼亚拉5月27日电当地时间5月26日,国务委员兼外长王毅在霍尼亚拉同所罗门群岛外长马内莱共同会见记者时,介绍了此次南太之行的目的。
王毅表示,2018年,习近平主席同太平洋岛国领导人集体会晤,一致同意将双方关系提升为相互尊重、共同发展的全面战略伙伴关系,开启了中国同岛国关系的新篇章。近年来,双方关系获得了前所未有的发展,给地区人民带来了实实在在的利益,也为南南合作树立了典范。前两天,中方发布了中国-太平洋岛国合作事实清单和广东、福建、山东省与岛国合作成果清单,这充分表明,同岛国友好合作已成为中方各部门、各地方的共同行动。
王毅强调,中国在发展同太平洋岛国关系上将继续奉行“四个坚持”。
一是坚持平等相待。中方历来主张大小国家一律平等,将秉持正确义利观和真实亲诚理念发展同岛国的友好关系,把岛国作为南南合作的重要组成部分,作为构建人类命运共同体的重要伙伴。
二是坚持相互尊重。中方始终尊重岛国的主权和领土完整,尊重岛国人民探索符合自身国情的发展道路,在同岛国的交往合作中,我们不干涉岛国的内政,不附加任何政治条件,也不谋取任何地缘私利。
三是坚持合作共赢,中国将继续做太平洋岛国发展的倡导者、建设者、推动者,致力于深化同岛国各领域务实合作,真诚帮助岛国发展经济、改善民生、提高自主发展能力,同岛国人民共享中国发展红利。
四是坚持开放包容。南太地区应是开展合作的舞台,而不是恶性竞争的擂台。中方同岛国的合作不针对任何国家,也不受任何国家干扰。同时我们尊重岛国同其他国家业已建立的各种联系,愿本着开放态度,同其他域内外国家开展更多三方合作。(完)
图说1:5月26日,在所罗门群岛首都霍尼亚拉,国务委员兼外长王毅(左)同所罗门群岛外长马内莱举行正式会谈。新华社发