Connect with us

Economy

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ပုဂ္ဂလိကဘဏ်တစ်ချို့ ၌ ယွမ်အကောင့်ဖွင့်လှစ်နိုင်ပြီဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်အသုံးပြုမှု ပိုမိုများပြားလာနိုင်ဟုဆို

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်တွင် သွားလာနေသော ကုန်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များအတွက် ပုဂ္ဂလိကဘဏ်တစ်ချို့တွင် Foreign Currency (Chinese Yuan) Account ကုမ္ပဏီငွေစာရင်းကို စတင်၍ ဖွင့်လှစ်နိုင်ပြီဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်အသုံးပြုမှု ပိုမိုများပြားလာနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၈ ရက်တွင်ပြောသည်။

ဦးမင်းသိန်းက “အရင်တုန်းကတော့ မူဆယ်မှာ မြန်မာ့စီးပွားရေးဘဏ် တစ်ခုမှာပဲ ယွမ်အကောင့် ဖွင့်လို့ရတယ်လို့ CB ဘဏ်က ယွမ်အကောင့်ဖွင့်လို့ရပြီလို့ တရားဝင်ကြေညာလိုက်တော့ လုပ်ငန်းလည်ပတ်ရတဲ့အခါ မှာ ဘဏ်တစ်ခုတည်းလုပ်ရတာထက်စာရင် ပုဂ္ဂလိကဘဏ်တွေကို လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးလိုက်တော့ ကျွန်တော်တို့က ပိုပြီး အဆင်ပြေသွားတာပေါ့။ ဘဏ်ခွဲတွေ ပိုတိုးလာရင် ကုန်သည်တွေ အနေနဲ့ ပိုပြီး အဆင်ပြေမယ်။ မြန်ဆန်မယ်။ သွက်လက်လာမယ်လို့ကျွန်တော်တို့က ယူဆပါတယ်။နောက်ပြီး ကုန်သွယ်ရေးမှာ ယွမ် အသုံးပြုမှု ပိုမိုများပြားနိုင်မှာပါ။’’ ဟု ပြောသည်။

ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော CB ဘဏ်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေကြသည့် လုပ်ငန်းရှင်ကြီးများအတွက် CB Bank တွင် Foreign Currency (Chinese Yuan) Account ကုမ္ပဏီငွေစာရင်း ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်အား ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော UAB ဘဏ်ကလည်းYuan (CNY) ကုမ္ပဏီအကောင့်များကို uab bank တွင်ဖွင့်နိုင်ပြီ ဖြစ်ကြောင်း နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် uab bank ၏ ဘဏ်ခွဲတိုင်းတွင် Yuan (CNY) ကုမ္ပဏီအကောင့်များ ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ဧပြီ ၉ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်းများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ပုဂ္ဂလိကဘဏ်တွေမှာ ယွမ်အကောင့် ဖွင့်လို့ ရတော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ပိုပြီးမြန်ဆန်လာမယ်။ အစိုးရက ယွမ်ကိုသွင်းကုန်လိုင်စင်မှာ ပါတဲ့ ငွေပမာဏအတိုင်း ရောင်းပေးမယ်ဆိုတော့ အဆင်ပြေပါတယ်။ တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်အသုံးပြုမှု ပိုများလာမယ်လို့ထင်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ Duty ဆောင်ရရင် ဒေါ်လာနဲ့ ဆောင်ရရင် အခက်အခဲရှိတယ်။ အခုကြတော့ ယွမ်နဲ့ ပဲ အခွန်ဆောင်ရတော့ ပိုလွယ်ကူသွားတယ်။ အခုဆိုရင် ပုဂ္ဂလိကဘဏ်တွေကိုချပေးတော့ Process တွေ ပိုမြန်လာမယ်။ ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့ ပိုအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။’’ ဟုဆင်ဟွာသို့ ယနေ့ ဧပြီ ၂၈ ရက်တွင်ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု တိုက်ရိုက်ပေးချေမှု ဆောင်ရွက်ရာတွင် ကုန်သည်များ လျင်မြန်အဆင်ပြေစွာ အသုံးပြုနိုင်မှု ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်စေ ရန် ခွင့်ပြုချက်ရဘဏ် (Designated Bank) များ အဖြစ် ပုဂ္ဂလိကဘဏ်များကို ထပ်မံတိုးချဲ့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကဘဏ်များကို ခွင့်ပြုရာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များကို ခွင့်ပြုခြင်းဖြစ်ကြောင်း၊ CB Bank PCL ၊ ဧရာဝတီဘဏ်၊ UAB ဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့အား ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဧပြီ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117