Connect with us

Africa & Middle East

တရုတ်နိုင်ငံအစိုးရမှ ကူညီပေးပို့သည့် ဒုတိယအသုတ် မြေငလျင်ဘေးဒဏ်လျော့ပါးရေး ကူညီကယ်ဆယ်ရေးပစ္စည်းများ ကဘူးလ်သို့ရောက်ရှိ

တရုတ်နိုင်ငံအစိုးရမှ ကူညီပေးပို့သည့် ဒုတိယအသုတ် မြေငလျင်ဘေးဒဏ်လျော့ပါးရေး ကူညီကယ်ဆယ်ရေးပစ္စည်းများ ကဘူးလ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ကူညီပေးပို့သည့် ဒုတိယအသုတ် မြေငလျင်ဘေးဒဏ်လျော့ပါးရေး ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ဇွန် ၂၈ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်သို့ ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ ကူညီပေးပို့သည့် ဒုတိယအသုတ် မြေငလျင်ဘေးဒဏ်လျော့ပါးရေး ကူညီကယ်ဆယ်ရေးပစ္စည်းများ ကဘူးလ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

ယခုအကြိမ် ပေးပို့သည့် မြေငလျင်ဘေးဒဏ်လျော့ပါးရေး အဓိကအထောက်ပံ့ပစ္စည်းများမှာ ယာယီတဲများဖြစ်ကြောင်း သိရသည်။
ယခုလ ၂၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁,၀၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ နီးပါးရှိခဲ့ပြီး နေအိမ်ပေါင်း သောင်းနှင့်ချီ၍ ပျက်စီးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအစိုးရက အာဖန်ဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယွမ် သန်းပေါင်း ၅၀ ထောက်ပံ့ပေးရန် ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့သည်။ ယာယီတဲ၊ ခေါက်ကုတင်၊ စောင်များပါဝင်သည့် ပထမအသုတ် အထောက်အကူပစ္စည်းများမှာလည်း ဇွန် ၂၇ ရက်က ကဘူးလ်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………
(Chinese Version)
中国政府援助阿富汗第二批抗震救灾物资运抵喀布尔
新华社喀布尔6月28日电(记者邹学冕 樊浩宇)中国政府援助阿富汗第二批抗震救灾物资28日运抵阿首都喀布尔。
据了解,这批抗震救灾物资主要为帐篷。
本月22日,阿东南部发生强烈地震,造成1000多人遇难,近2000人受伤,数万座房屋被毁。中国政府第一时间决定向阿富汗提供5000万元人民币的紧急人道主义援助。包括帐篷、折叠床、毛毯在内的首批物资已于27日运抵喀布尔。(完)
图说- 6月28日,中国政府援助阿富汗第二批抗震救灾物资运抵阿首都喀布尔(视频截图)。新华社发