Connect with us

Asia

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်

ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်းအား ဖနွမ်းပင်မြို့၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်း ဖြစ်သူ ပရက် ဆိုခွန်း (Prak Sokhonn) သည် မြန်မာနိုင်ငံသို့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်သူ ဆိုခွန်းနှင့်အတူ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ekkaphab Phanthavong နှင့် အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများစွာ အပြင် အာဆီယံအတွင်းရေးမှူးရုံးမှ ဝန်ထမ်းများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဆိုခွန်းသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရခြင်းကြောင့် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် မတ်လက လာရောက်ခဲ့သည်။

ကမ္ဘောဒီးယာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်သည်။ (Xinuha)

………………………
(English Version)

Cambodian foreign minister to pay visit to Myanmar this week

PHNOM PENH, June 28 (Xinhua) — Cambodian Foreign Minister Prak Sokhonn, the special envoy of the ASEAN (the Association of Southeast Asian Nations) chair on Myanmar, will pay a working visit from June 29 to July 3 to Myanmar, Cambodia’s foreign ministry said in a statement on Tuesday.
Sokhonn, who is also a deputy prime minister, will be accompanied by ASEAN’s deputy secretary-general Ekkaphab Phanthavong, and a number of senior government officials, as well as staff from the ASEAN Secretariat, the statement said.
Sokhonn made his first visit to Myanmar in March in his capacity as the special envoy of the ASEAN chair on Myanmar.
Cambodia is the chair of ASEAN for 2022. Enditem
Photo : Cambodian Foreign Minister Prak Sokhonn attends a press conference in Phnom Penh, Cambodia, Feb. 17, 2022. (Photo by Sovannara/Xinhua)