Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်တို့ ပေကျင်းမြို့တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးနေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့်အတူ ဖိတ်ကြားချက်အရ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်တကွ နှစ်ဘက်အတူ ဂရုပြုကြသည့်ကိစ္စရပ်များအပေါ် ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာသည် မတည်ငြိမ်မှု၊ ပြောင်းလဲမှု အခြေအနေနှစ်မျိုးဖြင့်အသွင်ပြောင်းလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးလိုအပ်ချက်ကြီးနှစ်ရပ်သည် ပို၍သိသာထင်ရှားလာကြောင်း ပြောကြားခဲ့သည်။ ရှုပ်ထွေးပြောင်းလဲနေသည့်ကမ္ဘာကြီးကို ရင်ဆိုင်ရာ၌ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောရေးတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့်နိုင်ငံအသီးသီး၏ပြည်သူများက မျှော်လင့်ကြကြောင်း ၊ ၎င်းမှာ တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ၏ တာဝန်ဝတ္တရားဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှု ရှုထောင့်မှ ကြည့်၍ အနက်အဓိပ္ပါယ်သတ်မှတ်ပြီး တရုတ်နိုင်ငံကို အဓိကအကျဆုံးသော ပြိုင်ဘက်နှင့်အပြင်းထန်ဆုံးသော ရေရှည်စိန်ခေါ်မှုအဖြစ် ရှုမြင်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို မှားယွင်းစွာ ဆုံးဖြတ်ခြင်းနှင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းကို မှားယွင်းစွာ ရှုမြင်နားလည်ခြင်း ဖြစ်ရာ ၎င်းမှာ နှစ်နိုင်ငံ ပြည်သူနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် မှားယွင်းသော လမ်းညွှန်မှု ဖြစ်နိုင်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

နှစ်ဘက်အနေဖြင့် အလွှာအသီးသီး ဆွေးနွေးညှိနှိုင်းမှုများ ထားရှိကာ လက်ရှိညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းများကို ကောင်းမွန်စွာ အသုံးချ၍ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေသည် စိန်ခေါ်မှုများစွာနှင့်ပြည့်နှက်နေရာ တရုတ်-အမေရိကန် အနေဖြင့် မက်ခရို စီးပွားရေး မူဝါဒ ညှိနှိုင်းရေး၊ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကွင်းဆက် ၊ ထောက်ပို့လုပ်ငန်းကွင်းဆက် တည်ငြိမ်အောင် ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေး စသည့် အရေးကြီးကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ထားရှိသင့်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သော ကွင်းဆက်ဖြတ်တောက်မှုများက အမေရိကန်စီးပွားရေး ပြန်လည်အားကောင်းစေရေး ဆောင်ရွက်ရာတွင် အထောက်အပံ့ မဖြစ်စေသလို ကမ္ဘာ့စီးပွားရေးကိုလည်း ပို၍ ထိလွယ်ရှလွယ်ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း၊ ဒေသရေးရာ အရေးကြီးကိစ္စရပ်များတွင် နှစ်ဘက်အနေဖြင့် ပြဿနာကြီးထွားအောင်မလုပ်ဘဲ အေးချမ်းအောင် တွန်းအားပေးရမည်ဖြစ်သလို ကမ္ဘာတွင် ကိုဗစ်ကပ်ရောဂါမှ လျင်မြန်စွာ ရုန်းထွက်နိုင်ရေး၊ စီးပွားရေး ကျပ်တည်း၍ရပ်တန့်နေမှုနှင့် နောက်ပြန်ဆုတ်မှုအန္တရာယ်မှ လျှောက်လှမ်းနိုင်ရေး ဖေးမကြရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးကိစ္စတွင် တရုတ်နိုင်ငံ၏မူဝါဒရပ်တည်ချက်ကို သမ္မတရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က ထိုင်ဝမ်အရေးကိစ္စသည် သမိုင်းဖြစ်စဉ် ရှင်းလင်းသလို ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ဒေသသည် တရုတ်တစ်နိုင်ငံတည်း ဖြစ်သည်ဟူသောအခြေအနေမှန်နှင့် လက်ရှိအခြေအနေမှာ ရှင်းလင်းပြတ်သားမှု ရှိကြောင်း ၊ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်သည် နှစ်နိုင်ငံ၏ နိုင်ငံရေး ကတိကဝတ်ဖြစ်သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် “ထိုင်ဝမ် လွတ်လပ်ရေး” ခွဲထွက်မှုနှင့် ပြည်ပအင်အားစု စွက်ဖက်မှုများကို ခိုင်မာစွာ ဆန့်ကျင်သလို “ထိုင်ဝမ် လွတ်လပ်ရေး” အင်အားစုအား မည်သည့်ပုံစံမျိုးနှင့်မဆို တည်ရှိနေခွင့်ကို လုံးဝဥဿုံ ခွင့်ပြုမည်မဟုတ်ကြောင်း ၊ ထိုင်ဝမ်အရေးကိစ္စအပေါ် တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ ပြည်သူများ၏ရပ်တည်ချက်သည် အမြဲတည်တံ့ခိုင်မာပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန်မှာ တရုတ်ပြည်သူ သန်းပေါင်း ၁၄၀၀ ကျော်၏ မြဲမြံသည့်သန္နိဋ္ဌာန်ဖြစ်ကြောင်း ၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍မရသလို မီးကိုကစားသူသည် မီးမြိုက်ခံရမည်သာ ဖြစ်ကြောင်း၊ ထို့အပေါ် အမေရိကန်ဘက်မှ ရှင်းလင်းစွာ သိရှိရန် လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အပြောနှင့်အလုပ်ညီကာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာ၍ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို အကောင်အထည်ဖော်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဘိုင်ဒန်က ယနေ့ကမ္ဘာသည် အရေးကြီးသောကာလတွင် ရောက်ရှိနေကြောင်း၊ အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေသလို နိုင်ငံအသီးသီး ပြည်သူများအတွက် အကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် နားလည်မှု တိုးပွားစေရန်၊ နားလည်မှုမှားယွင်းခြင်း၊ ဆုံးဖြတ်မှုမှားယွင်းခြင်းများကို ရှောင်ရှားစေရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ထားရှိကာ အကျိုးစီးပွားနှီးနွှယ်သောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းသွားလိုသည့်တစ်ချိန်တည်းတွင်ပင် ကွဲလွဲမှုများကို သင့်လျော်စွာ ထိန်းချုပ်စီမံသွားလိုကြောင်း ၊ မိမိအနေဖြင့် ထပ်မံပြောကြားလိုသည်မှာ အမေရိကန်၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် ပြောင်းလဲမှုမရှိသလို ပြောင်းလဲမည်လည်းမဟုတ်ကြောင်း၊ အမေရိကန်ဘက်မှ ထိုင်ဝမ် “လွတ်လပ်ရေး” ကို အားပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ယူကရိန်းအကျပ်အတည်း စသည့် အရေးကိစ္စများအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြပြီး သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်မံအလေးထားပြောကြားခဲ့သည်။

ယခုအကြိမ် ဆက်သွယ်ဆွေးနွေးမှုသည် ပွင့်လင်းမှု၊ နက်ရှိုင်းမှုရှိသည်ဟု နှစ်နိုင်ငံ ခေါင်းဆောင်များက ယူဆကြရာ ဆက်သွယ်မှုများ ဆက်လက်ထားရှိရန်နှင့် ယင်းအတွက် နှစ်ဘက်လုပ်ငန်းအဖွဲ့များ ဆက်လက်ဆွေးနွေးပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….

(Chinese Version)

(国际)习近平同美国总统拜登通电话
2022-07-28 23:56:09 分类: 政治法律
新华社北京7月28日电国家主席习近平7月28日晚应约同美国总统拜登通电话。两国元首就中美关系以及双方关心的问题进行了坦率沟通和交流。
习近平指出,当前,世界动荡和变革两种趋势持续演进,发展和安全两大赤字不断凸显。面对变乱交织的世界,国际社会和各国人民都期待中美两国发挥引领作用,维护世界和平安全,促进全球发展繁荣。这是中美两个大国职责所在。
习近平强调,从战略竞争的视角看待和定义中美关系,把中国视为最主要对手和最严峻的长期挑战,是对中美关系的误判和中国发展的误读,会对两国人民和国际社会产生误导。双方要保持各层级沟通,用好现有沟通渠道,推动双方合作。当前全球经济形势充满挑战。中美应该就宏观经济政策协调、维护全球产业链供应链稳定、保障全球能源和粮食安全等重大问题保持沟通。违背规律搞脱钩断链,无助于提振美国经济,也将使世界经济变得更加脆弱。双方要推动地区热点问题撤火降温,助力世界尽快摆脱新冠疫情,走出经济滞胀困局和衰退风险,维护以联合国为核心的国际体系和以国际法为基础的国际秩序。
习近平重点阐述了中方在台湾问题上的原则立场。习近平强调,台湾问题的历史经纬明明白白,两岸同属一个中国的事实和现状清清楚楚。中美三个联合公报是双方的政治承诺,一个中国原则是中美关系的政治基础。我们坚决反对“台独”分裂和外部势力干涉,绝不为任何形式的“台独”势力留下任何空间。中国政府和中国人民在台湾问题上的立场是一以贯之的,坚决维护中国国家主权和领土完整是14亿多中国人民的坚定意志。民意不可违,玩火必自焚。希望美方看清楚这一点。美方应该言行一致恪守一个中国原则,履行中美三个联合公报。
拜登表示,当今世界正处于一个关键时期。美中合作不仅有利于两国人民,也有利于各国人民。美方希望同中方保持畅通对话,增进相互了解,避免误解误判,寻求在利益交融的领域开展合作,同时妥善管控分歧。我愿重申,美国的一个中国政策没有改变也不会改变,美方不支持台湾“独立”。
两国元首还就乌克兰危机等交换了意见,习近平重申了中方原则立场。
两国元首认为,这次通话坦诚深入,同意保持联系,责成双方工作团队为此继续沟通合作。(完)
1. 3月18日晚,国家主席习近平在北京应约同美国总统拜登视频通话。新华社记者 刘彬 摄