Connect with us

Asia

သီတင်းတစ်ပတ်ကြာ နစ်မြုပ်ခဲ့သည့် ဂျပန် ခရီးသွားလှေကို ရှာဖွေတွေ့ရှိ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ ခရီးသွားလှေတစ်စင်းအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ဧပြီ ၂၃ ရက်က နစ်မြှုပ်ပျောက်ဆုံးခဲ့သည့် ခရီးသွားလှေတစ်စင်းအား ဟော့ကိုင်းဒိုးအရှေ့မြောက်ပိုင်းရှိ ရှာရီတိုကို ကျွန်းဆွယ်အနီး ပင်လယ်ကြမ်းပြင်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့သည်။ တင်ဆောင်ခဲ့သည့် ခရီးသည် ၂၆ ဦးအနက် ၁၄ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိသော ၁၂ ဦးကိုမူ မတွေ့ရှိရသေးကြောင်း သိရသည်။

ဟော့ကိုင်းဒိုး၊ ရှာရီတိုကို အပျော်စီးလှေကုမ္ပဏီမှလည်ပတ်သည့် Kazu I အမည်ရှိ ခရီးသွားလှေသည် ဧပြီ ၂၃ ရက်တွင် ပျောက်ဆုံးခဲ့ပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က မိုင်းရှင်းသင်္ဘောနှင့် ရေအောက်ကင်မရာများဖြင့် ရှာဖွေခဲ့ရာ ဧပြီ ၂၉ ရက်တွင် နစ်မြုပ်နေသည့် သင်္ဘောကိုယ်ထည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဂျပန်ကမ်းခြေစောင့်တပ်က အနက် ၁၀၀ မီတာရှိ ပင်လယ်ကြမ်းပြင်တွင် “Kazu I” စာတန်းပါ သင်္ဘောကိုယ်ထည်ကို တွေ့ရှိခဲ့ကြောင်း ကျိုဒိုသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ သင်္ဘောအတွင်း၌ အခြားသေဆုံးသူအလောင်းများရှိနိုင်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ၎င်းတို့အား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“Kazu I” ခရီးသွားလှေသည် ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် “လှေထဲရေဝင်နေပြီး နစ်မြုပ်လျက်ရှိနေကြောင်း” အချက်ပြအကူအညီတောင်းခဲ့ပြီး နောက် ၄၅ မိနစ်အကြာတွင် “ကိုယ်ထည်ဟာ ၃၀ ဒီဂရီတိမ်းစောင်းနေကြောင်း” အချက်ပြထုတ်ပြန်ခဲ့ပြီးနောက် ပျောက်ဆုံးသွားကြောင်း ဂျပန်မီဒီယာက သတင်းဖော်ပြထားသည်။ ထိုနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဌာနမှ လှိုင်းထန်၍ လေပြင်းတိုက်ခတ်မှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ မကြာသေးမီရက်များအတွင်း ယင်းပင်လယ်ပြင်၏ အပူချိန်သည် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်ကြားရှိပြီး လှိုင်းထန်၍လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံငါးဖမ်းလှေများသည် ဧပြီ ၂၃ ရက် နေ့လယ်မတိုင်မီ ပြန်သွားခဲ့ကြောင်း ဒေသခံငါးဖမ်းလှေအဖွဲ့ပြောကြားချက်အရ သိရသည်။

“Kazu I” လှေနစ်မြုပ်မှုကြောင့် ကုမ္ပဏီ ၄ ခုမှလည်ပတ်သည့် “ရှာရီတိုကို အသေးစား အပျော်စီးလှေအဖွဲ့” သည် ခရီးသွားလှေလည်ပတ်မှုကို မေ ၈ ရက်အထိ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က ကြေညာခဲ့သည်။ ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၄ ရက်တွင် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
沉没近一周 日本失事观光船终于找到了
2022-04-30 10:10:07 分类: 社会
新华社北京4月30日电 日本海上保安厅29日说,在北海道东北部知床半岛附近海底找到23日沉没的一艘旅游观光船。所载26人中,14人的遗体已被发现,另外12人依旧下落不明。
由北海道知床游览船公司运营的“Kazu I”号观光船23日失联。日本海上自卫队借助扫雷艇和水下摄影机终于在29日找到失事船体。
据共同社报道,海上自卫队在约100米深的海底发现这艘观光船,船身上印有“Kazu I”字样。船内可能有未及时逃生的遇难者遗体,搜救人员将抓紧搜索并确认其身份。
据日本媒体报道,“Kazu I”号观光船23日下午发出求救信号,称“船头进水,正在下沉”,45分钟后报告“船体出现约30度倾斜”,而后失联。事发当天气象部门在当地发布了大风和海浪警报。按照当地渔业团体的说法,那片水域近些天水温在2至4摄氏度之间,当地渔船23日中午前因浪高风大而返航。
受“Kazu I”号失事影响,由当地4家游船运营公司组成的“知床小型观光船协会”24日宣布,4月28日至5月8日将暂停游船运营。日本国土交通省24日启动相关调查。(王宏彬)
图说- 2014年2月7日,在日本北海道,摄影者与游客乘坐游览船在流冰区域观看虎头海雕。新华社记者杨磊摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.