Connect with us

China

အမေရိကန်၏ သွေးခွဲသည့် မည်သည့်ကြံစည်မှုမျိုးမဆို အောင်မြင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန်၂ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်)

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် မိန့်ခွန်းပြောကြားရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများကြား သွေးသားချင်းဆက်စပ်မှုအပေါ် သွေးခွဲရန်ကြံစည်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ယင်းအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နိုင်ငံ ကြီးမားစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားလိုသည့် ဆိုးဝါးသော ကြံစည်မှုကို တရုတ်ပြည်သူများက ရှင်းရှင်းလင်းလင်း သိကြပြီး ဤသွေးခွဲသည့် ကြံစည်မှုမျိုးသည် အောင်မြင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန် နိုင်ငံရေးသမားတွေဟာ တရုတ်နိုင်ငံအပေါ် အခြေခံနားလည်မှုရှိသရွေ့‌တော့ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူအတွက်အကျိုးဆောင်ဖို့ တည်ထောင်ထားတာဖြစ်ပြီး ပြည်သူကြောင့် ထွန်းကားလာတယ်ဆိုတာကို သိသင့်ပါတယ်၊ ပါတီရဲ့ ဦးဆောင်မှုဟာ သမိုင်းရဲ့ ရွေးချယ်မှု၊ ပြည်သူရဲ့ရွေးချယ်မှု၊ တရုတ်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရွေးချယ်မှု ဖြစ်တယ်” ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် မကင်းကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ခက်ခဲကြမ်းတမ်းသော ရုန်းကန်မှု၊ ကြိုးပမ်းမှု၊ ကျွန်ပြုခံရမှု၊ ဖိနှိပ်မှု၊ အမြတ်ထုတ်ခံရမှု၏ ကံကြမ္မာကို ပြောင်းလဲကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံက စီးပွားရေးမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှု‌ရေးရေရှည် တည်ငြိမ်မှု “အံ့ဖွယ်အောင်မြင်မှု ၂ ရပ်” ရရှိခဲ့သည်။ လူပေါင်းသန်း ၈၀၀ ကျော်က ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့ပြီး လူပေါင်း ၁.၄ ဘီလီယံက ခေတ်မီတိုးတက်မှုသို့ လျှောက်လှမ်းနိုင်ခဲ့ရာ တရုတ်နိုင်ငံက ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ အနောက်နိုင်ငံများ ရာနှင့်ချီကြိုးပမ်းရမည့် လမ်းစဉ်ကို ပြီးမြောက်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်စဉ် ပါတီဝင် ၅၀ ကျော်သာရှိသော်လည်း ယခု နှစ် ၁၀၀ ကြာပြီးနောက် အဖွဲ့ဝင် ၉၅ သန်းကျော်ရှိရာ ကမ္ဘာ့အကြီးဆုံးသော အာဏာရပါတီ ဖြစ်လာခဲ့သည်။ “တရုတ်ကွန်မြူနစ်ပါတီရဲ့ ရေရှည်အောင်မြင်တဲ့ အုပ်ချုပ်မှုဆိုင်ရာ သော့ချက်ကဘာလဲဆိုတာ အတိုချုပ်ပြောရရင် ‘တိုင်းပြည်ကို ပြည်သူများက ပိုင်ဆိုင်ပြီး၊ ပြည်သူများက တိုင်းပြည်၏ အဓိကဖြစ်သည်’” ဟု ၎င်းက ပြောကြားခဲ့သည်။

“မိမိအနေနဲ့ ကိန်းဂဏန်းနှစ်ခုကို ပြောလိုပါမယ်၊ အဲ့ဒီကိန်းဂဏန်းနှစ်ခုဟာ အမေရိကန်ရဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာဖြစ်တယ်” ဟားဗတ်တက္ကသိုလ်၏ ဆယ်နှစ်ကျော်ကြာ စစ်တမ်းကောက်ယူမှုအရ တရုတ်ပြည်သူများက ပါတီနှင့် အစိုးရပေါ် ကျေနပ်မှုသည် ၉၀ ရာခိုင်နှုန်းအထက်ရှိကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ပြည်သူ့ဆက်ဆံရေးအတိုင်ပင်ခံကုမ္ပဏီ Edelman က ထုတ်ပြန်သည့် အစီရင်ခံစာအရ တရုတ်အစိုးရပေါ် ပြည်သူများ၏ ယုံကြည်မှုသည် ၂၀၂၁ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းရှိရာ ၁၀ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၁ ရရှိခဲ့သည်။ “အမေရိကန်ဟာ တရုတ်ပြည်သူတွေကို လေးစားဖို့ ပြောနေရာ ၎င်းတို့က သမိုင်းနဲ့ အမှန်တရားကို လေးစားရမယ်ဖြစ်တယ်၊ တရုတ်ပြည်သူတို့မှ ရွေးချယ်တဲ့ ဖွံ့ဖြိုးမှု လမ်းကြောင်းနှင့် နိုင်ငံရေးစနစ်ကို လေးစားရမယ်ဖြစ်တယ်၊ တရုတ်ပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုသည့် တရုတ်ကွန်မြူနစ်ပါတီကိုလည်း လေးစားရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိကမ္ဘာတွင် အရေးပေါ် လိုအပ်နေသည်မှာ “အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီ” အမည်ခံဖြင့် ကြိုးကိုင်ခြင်း၊ အဓိကနိုင်ငံများအကြား နိုင်ငံရေးစနစ်ကွဲပြားမှုကို တမင်ချဲ့ကားခြင်း၊ စိတ်သဘောထား အမြင်အရ စည်းတား၍ ကမ္ဘာကြီးကိုကွဲပြားအောင် လုပ်ခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်အသက်ကျန်းမာရေးကို ထိန်းသိမ်းရန် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးအတွက် တွန်းအားပေးခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ အမေရိကန်အနေဖြင့် တစ်စုံတစ်ရာကြံစည်မှုကို အာရုံစိုက်မည့်အစား မိမိနိုင်ငံ၏ များပြားလှသော ပြဿနာများကို ဖြေရှင်းရန်အတွက်သာ အာရုံစိုက်သင့်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ကဏ္ဍမှ လက်တွေ့ကျကျ လုပ်ဆောင်ရန် မျှော်လင့်ပါကြောင်း ၎င်းကဆိုသည်။ (Xinhua)

………………………………………………..
(Chinese Version)
外交部:美方挑拨离间的伎俩根本不会得逞
新华社北京6月2日电(记者朱超)针对美国国务卿布林肯近日在演讲中妄图挑拨中国共产党和中国人民的血肉联系一事,外交部发言人赵立坚2日应询表示,中方对此坚决反对。他说,中国人民对美国打压遏制中国发展、阻挠中华民族复兴的险恶用心看得很清楚,这种挑拨离间的伎俩根本不会得逞。
当日例行记者会上,有记者问:布林肯近日在对华政策演讲中称,美国同中国共产党和中国政府间存在深刻分歧,但这些分歧只存在于美中两国政府和体制间,而不是人民之间。中方对此有何评论?
“美国政客但凡对中国有些基本了解,就应该知道,中国共产党为人民而生,因人民而兴,党的领导地位是历史的选择、人民的选择,也为中国宪法所确认。”赵立坚说,中国的发展离不开中国共产党的领导。在中国共产党的领导下,中国人民经过艰苦卓绝斗争和辛勤劳动,建立了中华人民共和国,改变了被奴役、被压迫、被剥削的命运。在党的领导下,中国创造了经济快速发展和社会长期稳定“两大奇迹”,8亿多人成功摆脱贫困,14亿人民走向现代化,用短短几十年时间走完了西方发达国家几百年走过的路。中国共产党成立之初只有50多名党员,100年后已拥有9500多万名党员,成为世界第一大执政党。“中国共产党长期成功执政的密码是什么?简而言之,‘江山就是人民,人民就是江山’。”
“我给大家提供两个数字,这两个数字都是美国自己的机构发布的。”赵立坚说,哈佛大学历时十余年的民调发现,中国老百姓对党和政府的满意度连年保持90%以上。公关咨询公司爱德曼发布报告显示,2021年中国民众对政府信任度高达91%,达10年来最高,蝉联全球第一。“美方口口声声说要尊重中国人民,那就应该尊重历史和事实,尊重中国人民选择的发展道路和政治制度,尊重代表最广大中国人民根本利益的中国共产党。”
他表示,当前,世界迫切需要的是携手合作守护人类生命健康,是促进世界经济复苏,是维护世界和平安宁,而不是操弄所谓“民主对抗威权”的伪命题,不是人为放大国家间政治制度差异,更不是以意识形态划线割裂世界。希望美方不要再枉费心机,而应把有限的精力和能力放在解决自己堆积如山的问题上,切实为世界和平与发展发挥积极作用。(完)