Connect with us

China

အမိမြေသို့ ထိုင်ဝမ် မုချမလွဲမသွေ ပြန်လည်ရောက်ရှိမည့် သမိုင်းအခြေအနေ ပြောင်းလဲ၍မရဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

ဖနွမ်းပင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သည့်ရပ်တည်ချက်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိစဉ်ကာလအတွင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၄င်းမှာ လုံးဝဥဿုံဇာတ်လမ်းဆင်မှုတစ်ခုဖြစ်ကြောင်း ၊ အမေရိကန်သည် “ဒီမိုကရေစီ”ဟူသော အယောင်ပြမှုဖြင့် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာကို ချိုးဖောက်သည့် လုပ်ရပ်အား လုပ်ဆောင်နေခြင်းဖြစ်ပြီး ဆိုင်အမ်းဝမ်တို့၏ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးအင်အားစုများက အမေရိကန်အား ခြေသလုံးဖက်ကာ အမျိုးသားရေးကို သစ္စာဖောက်ခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဤကဲ့သို့သော ဆန့်ကျင်သွေဖီသည့်လုပ်ဆောင်မှုများက တရုတ်တစ်နိုင်ငံတည်းဟူသော နိုင်ငံတကာဘုံသဘောတူညီမှုကို ပြောင်းလဲနိုင်မည်မဟုတ်သလို အမိမြေသို့ ထိုင်ဝမ် မုချမလွဲမသွေပြန်လည်ရောက်ရှိမည့် သမိုင်းအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ၊ မီးနှင့်ကစားသူသည် ဇာတ်သိမ်းလှမည်မဟုတ်သလို တရုတ်နိုင်ငံကို ကျုးကျော်စော်ကားသူသည် ဧကန်မုချ ပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(Chinese Version)
(国际)王毅:台湾必将回归祖国的历史大势不可改变
2022-08-03 15:58:52 分类: 政治法律
新华社金边8月3日电当地时间2022年8月3日,国务委员兼外长王毅在出席东亚合作系列外长会并访问柬埔寨期间接受记者采访,就美国国会众议长佩洛西窜访中国台湾地区表明中方的严正立场。
王毅强调,这是一场彻头彻尾的闹剧。美方打着所谓“民主”的幌子,干着侵犯中国主权的勾当;蔡英文之流的“台独”分裂势力抱着美国的粗腿不放,背弃民族大义。这些倒行逆施根本改变不了一个中国的国际共识,也根本改变不了台湾必将回归祖国的历史大势。玩火者绝对没有好下场,犯我中华者,必将受到惩处。(完)