Connect with us

China

“ဒီမိုက‌ရေစီ”နှင့်“လူ့အခွင့်အရေး” ကို “ပုဂ္ဂလိကပိုင်”အဖြစ် သတ်မှတ်ခြင်းက လူအများ၏နှာခေါင်းရှုံ့ကဲ့ရဲ့ခြင်းသာ ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက နန်စီ ပီလိုစီအင်အားစုအား သတိပေး

ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်စဉ်ကာလအတွင်း “လူ့အခွင့်အရေး၊ ဒီမိုကရက်တစ်” အမည်ခံဖြင့် တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ “ဒီမိုက‌ရေစီ”နှင့် “လူ့အခွင့်အရေး” ကို “ပုဂ္ဂလိကပိုင်”အဖြစ် သတ်မှတ်ခြင်းက လူအများ၏နှာခေါင်းရှုံ့ကဲ့ရဲ့ခြင်းကိုသာ ခံရမည်သာဖြစ်ကြောင်း နန်စီ ပီလိုစီအင်အားစုအား သတိပေးထားပြီး “ဒီမိုကရေစီ၊ လူ့အခွင့်အရေး” ဟူသော အယောင်ပြမှုဖြင့် တရုတ်ဆန့်ကျင်ရေးအင်အားစုကို စုရုံး၍ ထိုင်ဝမ်ရေလက်ကြား ထိပ်တိုက်ရင်ဆိုင်မှုများ လှုံ့ဆော်ကာ ခွဲထွက်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းက အောင်မြင်မည်မဟုတ်ဟု ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များကို သတိပေးကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက သြဂုတ် ၃ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

၎င်းက ပီလိုစီ၏ တသမတ်တည်းသော တရုတ်ဆန့်ကျင်မှု၊ ကွန်မြူနစ်ဆန့်ကျင်ရေး ရပ်တည်ချက်နှင့် စိတ်သဘောထားအရ မလိုမုန်းထားမှုနှင့် DPP အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် သရုပ်ဖော်သည့် နောက်ထပ်တစ်ခုသော ဇာတ်လမ်းဆင်မှုဖြစ်ကြောင်း မာရှောင်ကွမ်းက ဆိုသည်။ (Xinhua)

…………………………………………

(Chinese Version)
国台办正告佩洛西之流:把“民主、人权”当“私货”只会让人嗤之以鼻
新华社北京8月3日电 针对佩洛西窜台期间与所谓“人权、民运”分子见面,国台办发言人马晓光3日回答记者提问时表示,正告佩洛西之流,把“民主、人权”当“私货”,只会让人嗤之以鼻;正告民进党当局,打着“民主、人权”的幌子拉拢反华势力,煽动两岸对抗,从事分裂国家的行径,不会得逞。
马晓光说,这是佩洛西基于一贯反华、反共立场和意识形态偏见,在民进党当局配合下,上演的又一出闹剧。