Connect with us

COVID-19 UPDATES

၂ နှစ်တာကာလအတွင်း ကိုဗစ်ကြောင့် တိုက်ရိုက်(သို့) သွယ်ဝိုက်သေဆုံးသူ ၁၅ သန်းနီးပါးရှိကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) ကို ၂၀၂၁ ခုနှစ် မေ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက် သေဆုံးသူ ၁၅ သန်းနီးပါးရှိကြောင်းနှင့် ၎င်းတို့အနက် အများစုမှာ အရှေ့တောင်အာရှ၊ ဥရောပနှင့် အမေရိကတိုက် စသောဒေသများမှဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မေ ၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

WHO ခန့်မှန်းချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်သေဆုံးမှု (အတိုင်းထက်အလွန် သေဆုံးမှု) အရေအတွက်မှာ ၁၄.၉၁ သန်းခန့်ရှိကြောင်းနှင့် အမှန်တကယ် အတိုင်းအတာမှာ ၁၃.၃၀ သန်းမှ ၁၆.၆၀ သန်းအထိရှိကြောင်း သိရသည်။

“အတိုင်းထက်အလွန်သေဆုံးမှု”ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် အမှန်တကယ်သေဆုံးသူအရေအတွက်နှင့် ကပ်ရောဂါမဖြစ်ပွားမီ နှစ်များအတွင်း ပုံမှန်သေဆုံးသူအရေအတွက်ကြား ကွာဟချက် အရေအတွက်ဖြစ်သည်။ ၎င်းတွင် ကပ်ရောဂါကြောင့် တိုက်ရိုက်သေဆုံးသူနှင့် ကပ်ရောဂါကြောင့် ကျန်းမာရေးစနစ်နှင့် လူ့အဖွဲ့အစည်းပေါ် သက်ရောက်မှု စသည်အချက်များကြောင့် သွယ်ဝိုက်သေဆုံးမှု၊ ယာဉ်မတော်တဆဖြစ်ပွားမှုနှင့် အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုစသည့် ဆက်စပ်သေဆုံးမှုများလည်းပါဝင်တွက်ချက်ကြောင်းလည်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ “အတိုင်းထက်အလွန် သေဆုံးမှု”၏ ၈၄ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှ၊ ဥရောပနှင့် အမေရိကတိုက်တွင်ဖြစ်ပြီး၊ ၆၈ ရာခိုင်နှုန်းမှာမူ ၁၀ နိုင်ငံတွင် ဖြစ်နေကြောင်း WHO က ဖော်ပြထားသည်။ သေဆုံးသူဦးရေ ၁၄.၉၁ သန်းအနက် ၈၁ ရာခိုင်နှုန်းမှာ ဝင်ငွေအလယ်အလတ်နိုင်ငံတွင်ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်းမှာ ဝင်ငွေမြင့်မားသည့်နိုင်ငံနှင့် ဝင်ငွေနည်းပါးသောနိုင်ငံတွင် အသီးသီးဖြစ်သည်။ ကျား၊မ အချိုးအစားအရ ကမ္ဘာတစ်ဝန်း အမျိုးသားသေဆုံးမှုနှုန်းမှာ ၅၇ ရာခိုင်နှုန်းနှင့် အမျိုးသမီးသေဆုံးမှုနှုန်းမှာ ၄၃ ရာခိုင်နှုန်းရှိပြီး အသက်အရွယ်အုပ်စုအရ သက်ကြီးရွယ်အိုသေဆုံးမှုက ပိုမိုမြင့်မားကြောင်း သိရသည်။

“ဒီအချက်အလက်တွေက ကပ်ရောဂါသက်ရောက်မှုကို‌ ဖော်ပြရုံသာမက အကျပ်အတည်းကာလအတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့ နိုင်ငံတိုင်းက ပိုမိုခိုင်မာတဲ့ ကျန်းမာရေးစနစ်အပေါ် ရင်းနှီးမြုပ်နှံသင့်တယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် ကပြောကြားခဲ့သည်။

WHO အချက်အလက်ဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူးချုပ် Samira Asma က “အဆမတန် သေဆုံးမှုများ” တွက်ချက်ခြင်းက ကပ်ရောဂါသက်ရောက်မှုကို လေ့လာရန် အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် နိုင်ငံအများအပြားမှ အချက်အလက်ပြုစုရေးစနစ်အပေါ် ရင်းနှီးမြုပ်နှံမှု မလုံလောက်သဖြင့် “အတိုင်းထက်အလွန်သေဆုံးမှု” ၏ စစ်မှန်သော အရေအတွက်ကို တိတိကျကျ သိနိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိခန့်မှန်းချက်အသစ်မှာ အကောင်းဆုံးရရှိနိုင်သောအချက်အလက်ဖြစ်သည်ဟု ၎င်းကဆိုသည်။ (Xinhua)

……………………………………….
(English Version)
(国际疫情)世卫组织:两年间新冠疫情直接或间接造成近1500万人死亡

新华社日内瓦5月5日电(记者刘曲)世界卫生组织5日最新估计显示,2020年和2021年新冠疫情直接或间接造成近1500万人死亡,其中大部分发生在东南亚、欧洲和美洲等地区。
据世卫组织估算,2020年1月1日至2021年12月31日期间,与新冠疫情直接或间接相关的全部死亡人数(即“超额死亡”)约为1491万人,实际范围在1330万至1660万之间。
“超额死亡”是指全球实际发生的死亡人数与基于大流行未发生年份估算得到的正常死亡人数之间的差额,包括疫情直接导致的死亡和因大流行对卫生系统和社会影响等导致的间接相关死亡,交通事故和工伤等导致的死亡相对减少,也被计算在内。
世卫组织表示,全球84%的“超额死亡”发生在东南亚、欧洲和美洲地区,约68%的“超额死亡”集中在10个国家。 在1491万例死亡中,中等收入国家占81%,而高收入和低收入国家分别占15%和4%。 就性别和年龄而言,全球男性死亡人数高于女性,其中男性占比57%,女性43%,老年人死亡人数更高。
世卫组织总干事谭德塞表示:“这些发人深省的数据不仅表明了大流行的影响,还表明所有国家都需要投资于更有韧性的卫生系统,以便在危机期间维持基本卫生服务,包括更强大的卫生信息系统。”
世卫组织负责数据、分析和交付的助理总干事萨米拉·阿斯玛表示,衡量“超额死亡”是了解大流行影响的重要组成部分。由于许多国家对数据系统的投资有限,“超额死亡”的真实程度往往是隐藏的。目前的新估计使用了最好的可用数据,并且是使用健全的方法和完全透明的方式生成的。(完)
图说- 这是世界卫生组织总干事谭德塞5月7日在瑞士日内瓦出席新闻发布会的视频截图。(新华社发)