Connect with us

Politics, Law & Military

ဘာလီကျွန်း၌ တရုတ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီများ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဘာလီကျွန်း၌ တရုတ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီများ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကျောက်လိကျန်းက ဇူလိုင် ၅ ရက်တွင် ဖြေကြားခဲ့သည်။သတင်းထောက်တစ်ဦးက “တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့တွေ့ဆုံဖို့ရှိပါသလား” ဟု မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက G20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဖိတ်ကြားချက်အရ အဓိကနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ နှင့် နှစ်နိုင်ငံတွေ့ဆုံမှုများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံညှိနှိုင်းထားမှုအရ ဝမ်ရိက အစည်းအဝေးကာလအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ အဓိကအရေးပါသည့် ကိစ္စရပ်များအ‌ပေါ် အမြင်သဘောထားချင်းဖလှယ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………

(Chinese Version)

外交部发言人就中美外长巴厘岛会晤答记者问
新华社北京7月5日电 外交部发言人赵立坚5日就中美外长巴厘岛会晤回答记者提问。
有记者问:国务委员兼外长王毅在二十国集团外长会期间是否会同美国国务卿布林肯举行会晤?
赵立坚说,国务委员兼外长王毅在出席二十国集团外长会期间将会应约同主要国家外长和地区组织代表举行一系列双边会见。经中美双方商定,王毅将在会议期间同美国国务卿布林肯举行会晤,就当前的中美关系和重大国际和地区问题交换意见。(完)