Connect with us

China

တရုတ်-အမေရိကန် ဆက်ဆံရေး၏ “အကာအရံ” က တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်အရာရှိတစ်ဦးက နှစ်နိုင်ငံဆက်ဆံရေးအတွက် “အကာအရံ” ထပ်တိုးရန် ပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်-အမေရိကန် ဆက်ဆံရေး၏ “အကာအရံ”သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ပူးတွဲကြေညာချက်၏ စည်းမျဉ်းနှင့် တရုတ်အပေါ် ကတိပြုထားသည့် ကတိကဝတ်များကို လိုက်နာသင့်ကြောင်း ဇူလိုင် ၇ ရက်က ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးမြန်းမှုကို ဖြေကြားရာ၌ ကျောက်လိကျန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော နှစ်နိုင်ငံဆက်ဆံရေးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာ့ရှေ့ဆောင် စီးပွားရေးအစုအဖွဲ့ကြီး နှစ်ခုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သောကြောင့် တရုတ်-အမေရိကန် ဆက်ဆံကို ဆိုးဝါးသွားအောင် မလုပ်ဘဲ ပိုမိုကောင်းမွန်အောင်သာ လုပ်ဆောင်ရမည်ဖြစ်သည်။ နှစ်ဘက်စလုံးက အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိလျက် ဘုံအကျိုးဖြစ်ထွန်းမှုအခြေခံမူကို လက်ကိုင်ပြုပြီး နှစ်နိုင်ငံဆက်ဆံရေးအား ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် တွန်းအားပေးသင့်သည်။ အမေရိကန်အနေဖြင့် လုပ်ဆောင်သင့်သည်မှာ ပူးတွဲကြေညာချက်နှင့် တရုတ်နိုင်ငံအပေါ် ကတိပြုထားသည့် ကတိကဝတ်များကို လိုက်နာသင့်ကြောင်း ၎င်းကဆိုသည်။。(Xinhua)

…………………………………………
(Chinese Version)
外交部:中美关系的“护栏”就是中美三个联合公报

针对美方官员就中美外长会晤吹风时强调,要为双边关系增添“护栏”,外交部发言人赵立坚7月7日表示,中美关系的“护栏”就是中美三个联合公报,美方应该做的是恪守联合公报的规定和对中方作出的承诺。

赵立坚是在当日例行记者会上回答有关提问时作上述表示的。

他说,中美关系是世界上最重要的双边关系。作为世界前两大经济体和联合国安理会常任理事国,中美关系只能搞好,不能搞坏。双方应秉持相互尊重、和平共处、合作共赢原则,推动两国关系重回健康稳定发展轨道。美方应该做的是恪守联合公报的规定和对中方作出的承诺