Connect with us

China

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၂ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ ရှင်ဇိုအာဘေး တက်ရောက်စဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှိဒါထံသို့ ဇူလိုင် ၉ ရက်က ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-ဂျပန် ဆက်ဆံရေး ကောင်းမွန်စေရန် အကျိုးဆောင်ကြိုးပမ်းမှုများ ရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် ၎င်းနှင့်အတူ ခေတ်သစ်နှင့်လျော်ညီသော တရုတ်-ဂျပန်ဆက်ဆံရေးတည်ဆောက်ရန်အတွက် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ဖူးပါကြောင်း ၊ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ရုတ်တရက်ကွယ်လွန်သွားမှုအပေါ် လွန်စွာဝမ်းနည်းရပါကြောင်း ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီအိုခီရှိဒါနှင့်အတူ တရုတ်-ဂျပန် နိုင်ငံရေးသဘောတူညီမှု ၄ ခု၏ အခြေခံမူများအရ တရုတ်-ဂျပန် အိမ်နီးချင်းချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ရေးသားထားသည်။

ယင်းနေ့တွင်ပင် သမ္မတရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ပါမောက္ခ ဖိန်လိယွမ်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဇနီး Akie Abe ထံသို့ ဝမ်းနည်းနှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
习近平就日本前首相安倍晋三逝世  向日本首相岸田文雄致唁电
2022-07-09 12:27:03
新华社北京7月9日电国家主席习近平7月9日就日本前首相安倍晋三逝世向日本首相岸田文雄致唁电。
习近平代表中国政府和中国人民并以个人名义,对安倍晋三前首相突遭不幸辞世表示深切的哀悼,向安倍晋三前首相亲属表示慰问。
习近平指出,安倍晋三前首相在任期间为推动中日关系改善进行了努力,作出了有益贡献。我曾同他就构建契合新时代要求的中日关系达成重要共识。我对他突然去世深感惋惜。我愿同首相先生一道,根据中日四个政治文件确立的各项原则,继续发展中日睦邻友好合作关系。
同日,习近平主席和夫人彭丽媛教授向安倍晋三前首相夫人安倍昭惠女士致唁电表示哀悼和慰问。(完)
1. File photo taken on July 22, 2019 shows Shinzo Abe attending a news conference in Tokyo, Japan. (Xinhua/Du Xiaoyi)