Connect with us

Asia

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ဇူလိုင် ၈ ရက်က ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်စဉ်(ဆင်ဟွာ)

ဘာလီ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 အစည်းအဝေးကို ဇူလိုင် ၈ ရက်တွင် တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudiက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး G20 အဖွဲ့ဝင်နှင့်ဧည့်သည်တော်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဝမ်ရိက လက်ရှိကမ္ဘာ၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် ကြီးမားသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ G20 အဖွဲ့အနေဖြင့် နိုင်ငံတကာသဘောတူညီချက်ကို စုစည်းကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး မသေချာမရေရာမှုများနှင့်ပြည့်နှက်နေသောကမ္ဘာအတွက် ယုံကြည်ချက်နှင့်မျှော်လင့်ချက်သတင်းစကားပါးနိုင်မည်ဟု နိုင်ငံတကာအသိုက်အဝန်းက မျှော်လင့်ကြကြောင်း ၊ မိမိတို့သည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြသည့် မူလစိတ်ရင်းကိုပြန်လည် နွေးထွေးအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး စစ်မှန်သော နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာလက်ကိုင်ထား၍ အပြန်အလှန် လေးစားသော၊တန်းတူညီမျှညှိနှိုင်းဆောင်ရွက်သော မိတ်ဖက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သောမိတ်ဖက်၊ ပွင့်လင်း၍လက်ခံမှုရှိသော အပြန်အလှန်ချိတ်ဆက်ယှက်နွယ်ကြသော မိတ်ဖက်များအဖြစ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ကွဲလွဲမှုများကို အနိုင်ယူရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများကို အစားထိုးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ၏စိတ်ဓါတ်ကို ကမ္ဘာ့ငြိမ်းချမ်းရေးကာကွယ်ထိန်းသိမ်းမှု၊ အတူဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်မှု၏အသေးစိတ် လုပ်ဆောင်မှုများတွင် အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ဘက်ပေါင်းစုံအနေဖြင့် မက်ခရိုစီးပွားရေးမူဝါဒကို အားဖြည့်၍ ကမ္ဘာ့စီးပွားရေးအများပါဝင်နိုင်မှုပြန်လည်ရှင်သန်တိုးတက်လာရေးကို တွန်းအားပေးသင့်သလို ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပို့ရေးကွင်းဆက်တည်ငြိမ်ရေးကို အတူထိန်းသိမ်းကာကွယ်၍ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုဖိအားလျော့နည်းအောင် ဆောင်ရွက်သင့်ပါကြောင်း၊ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို အားဖြည့်၍ ပွင့်လင်းမြင်သာပြီးခွဲခြားမှုမရှိသော နိုင်ငံတကာ ကုန်သွယ်ရေးပတ်ဝန်းကျင်ကို တည်ဆောက်သင့်သလို ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍအဖြစ် ဆက်လက်ထားရှိကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကပ်ရောဂါတိုက်ဖျက်ရေး၊ အခြေခံအဆောက်အအုံ၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သင့်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းအရေးတွင် ညှိနှိုင်းဆွေးနွေးကြရန် ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဘက်မှ အစဉ်အမြဲရပ်တည်သွားမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်၊ အပစ်အခတ်ရပ်စဲ၊ တိုက်ပွဲရပ်တန့်စေရေး အမြန်ဖော်ဆောင်ရန် ၊ ပဋိပက္ခ အချိန်ကြာကျယ်ပြန့်လာမှုကို တားဆီးရန် မျှော်လင့်ပါကြောင်း၊ စိစပ်သေချာစွာ ဘက်စုံဆွေးနွေးရန် အားပေး၍ မျှတ၊ထိရောက်ပြီးစဉ်ဆက်မပြတ်ရှိသော ဥရောပတိုက်လုံခြုံရေးမူဘောင်ကို တည်ဆောင်သင့်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သမ္မတရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့်ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ငြိမ်းချမ်း၊ဖွံ့ဖြိုး၍ ပူးပေါင်းဆောင်ရွက်မှုရှိပြီး ဘုံအကျိုးဖြစ်ထွန်းစေမည့်ကမ္ဘာကို ဘက်ပေါင်းစုံနှင့်လက်တွဲကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာကာကွယ်ခြင်း၊ ထိရောက်သောပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ဘက်ပေါင်းစုံအတွက် ညှိနှိုင်းဆွေးနွေးရေးပေါင်းကူးတံတားအဖြစ် လေးစားမှုနှင့်အပြန်အလှန်ယုံကြည်မှု တိုးမြှင့်စေမည်ဟု မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများကို ခိုင်မာစွာ လိုက်နာခြင်း ငြိမ်းချမ်းရေးတရားမျှတမှုကို လက်ကိုင်ထားခြင်း၊ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ခြင်းဖြင့် တစ်ဖက်သတ်ဝါဒနှင့် ဖယ်ကြဉ်ရေးတံတိုင်းတားဆီးမှုကို ဆန့်ကျင်၍ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေး၏အနာဂတ်အတွက် အားထားကြိုးပမ်းသွားမည် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒသည် ရွေးချယ်ရမည့်ပုစ္ဆာမဟုတ်ဘဲ မဖြစ်မနေ ဖြေဆိုရမည့်ပုစ္ဆာဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို လက်တွေ့ဆောင်ရွက်ကြပြီး အပြန်အလှန်ချိတ်ဆက်မှု၊ ပွင့်လင်းစွာ ပါဝင်လက်ခံမှုများကိုမြှင့်တင်၍ လက်ရှိအကျပ်အတည်းစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းကြစေလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အပစ်ခတ်ရပ်စဲရေးနှင့်စစ်ပွဲရပ်တန့်ရေး၊ ကပ်ရောဂါအလွန်ကာလ ပြန်လည်ရှင်သန်ရေး၊ ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပို့ရေးကွင်းဆက်၊ စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေးစသည့် ကဏ္ဍများကို ဘက်ပေါင်းစုံက အဓိကထားဆွေးနွေးခဲ့ကြရာ နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို အားဖြည့်၍ ယုံကြည်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပြီး အရေးတကြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ကမ္ဘာ့ကွဲပြားမှုများကို တားဆီးရာတွင် G20 အဖွဲ့က အရေးကြီးကဏ္ဍမှပါဝင်အကျိုးဆောင်သင့်ကြောင်း ယူဆကြသည်။

အစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal ၊ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Cafiero ၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Bell Burke ၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ၊ နယ်သာလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Wopke Hoekstra ၊ စပိန်နိုင်ငံခြားရေးဝန်ကြီးAlbares ၊ ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Borrell ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Joly ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong စသည်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
(国际)王毅出席二十国集团外长会
2022-07-08 22:19:20 分类: 政治法律
新华社印度尼西亚巴厘岛7月8日电(记者余谦梁)当地时间2022年7月8日,国务委员兼外长王毅在巴厘岛出席二十国集团外长会。印尼外长蕾特诺主持会议。二十国集团成员和嘉宾国外长、联合国秘书长古特雷斯等国际组织负责人与会。
王毅说,当前,世界和平与发展面临重大挑战。国际社会期待二十国集团凝聚国际共识、促进国际合作,为充满不确定性的世界传递信心和希望。我们要重温团结合作初心,坚持真正的多边主义,做相互尊重、平等协商的伙伴;和平共处、合作共赢的伙伴;开放包容、互联互通的伙伴。让团结战胜分歧、合作替代对抗,把多边主义的精神落实到维护世界和平、促进共同发展的具体行动上。
王毅表示,各方应加强宏观经济政策协调,推动世界经济包容性复苏和增长;应共同维护全球产业链供应链稳定,缓解全球通胀压力;应加强多边贸易体制,营造开放、透明、非歧视的国际贸易环境;应继续把发展作为优先领域,加强减贫、抗疫、基础设施、绿色发展等领域合作。
王毅强调,中方将在乌克兰问题上继续劝和促谈,始终站在和平一边。期待通过对话协商谈出和平,尽快实现停火止战,防止冲突长期化、扩大化。应鼓励开展认真和全面对话,共同构建均衡、有效、可持续的欧洲安全架构。中方将落实习近平主席提出的全球发展倡议和全球安全倡议,与各方携手建设和平、发展、合作、共赢的世界。
印尼外长蕾特诺表示,捍卫多边主义、开展有效合作是应对全球挑战的唯一途径。期待通过本次外长会为各方搭建沟通桥梁,增进尊重和互信,坚守联合国宪章的宗旨和原则,坚持和平公正、促进友好合作,反对单边主义、孤立筑墙,共同致力于和平稳定繁荣的未来。
联合国秘书长古特雷斯表示,多边主义不是选择题而是必答题,希望各方切实将多边主义付诸行动,促进互联互通、开放包容,更好应对当前紧迫挑战。
各方重点就停火止战、疫后复苏、产业链供应链、粮食能源安全等议题进行讨论,认为应发挥二十国集团重要作用,加强多边主义、弥补信任赤字,应对紧迫挑战、防止世界分裂。
会议期间,王毅分别会见了俄罗斯外长拉夫罗夫、印尼外长蕾特诺、印度外长苏杰生、韩国外长朴振、新加坡外长维文、沙特外交大臣费萨尔、阿根廷外长卡菲耶罗、德国外长贝尔伯克、法国外长科隆纳、荷兰副首相兼外交大臣胡克斯特拉、西班牙外交大臣阿尔瓦雷斯、欧盟外交与安全政策高级代表博雷利、加拿大外长乔利、澳大利亚外长黄英贤等。(完)
1. (220708) — BALI (INDONESIA), July 8, 2022 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi (C) attends the Group of 20 (G20) foreign ministers’ meeting in Bali, Indonesia, on July 8, 2022. (Xinhua/Xu Qin)