Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian နှင့် အောက်တိုဘာ ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

Hossein Amir-Abdollahian က လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေသည် အန္တရာယ်များပြီး စစ်ပွဲ အဆက်မပြတ် ကျယ်ပြန့်လာနေကြောင်း ပြောကြားခဲ့သည်။ ဂါဇာ အရပ်သားများအပေါ် တိုက်ခိုက်မှုကို အမြန်ဆုံး တားဆီးပြီး ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း လျော့နည်းအောင် ဆောင်ရွက်သင့်ကြောင်း ၊ အီရန်နိုင်ငံသည် နိုင်ငံရေးနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းလိုရာ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း Hossein Amir-Abdollahian က ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ အရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသတွင် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး မဖြစ်ပေါ်စေရန်၊ အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရမှုများ ပို၍ မဖြစ်ပွားစေရန်၊ ထိုမှတစ်ဆင့် ဒေသငြိမ်းချမ်းရေးကို ထိခိုက်ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပျက်ပြားမှု မရှိစေရန် အခြေအနေများကို ပြေလျော့လာအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိကိုယ်ကိုယ် ကာကွယ်ခွင့်သည် နိုင်ငံတကာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာသင့်ရာ အရပ်သားနှင့် ဖမ်းဆီးခံထားရသူများ၏ လုံခြုံရေးအပါအဝင် ဖြစ်ကြောင်း ၊ အကြမ်းဖက်မှုကို အကြမ်းဖက်နည်းဖြင့် တုံ့ပြန်ခြင်းသည် ပို၍ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများသာ ဖြစ်ပေါ်လာမည် ဖြစ်ပြီး ပို၍ဆိုးရွားသော အကျပ်အတည်းများကိုသာ ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအရေးတွင် အစ္စလာမ်နိုင်ငံများ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆွေးနွေးပြီး တူညီသောအသံ ထုတ်ဖော်ပြောကြားမှုကို ထောက်ခံပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အရပ်သားများ ထိခိုက်အောင် ဆောင်ရွက်သော မည်သည့်ဘက်ကိုမဆို ဆန့်ကျင်သင့်ကြောင်း၊ ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီက လက်တွေ့တာဝန်ထမ်းဆောင်ရမည် ဖြစ်ရာ ပါဝင်သင့်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်း-အစ္စရေး အခြေအနေ ယနေ့ကဲ့သို့ ဖြစ်ပွားလာရသည့် ဇစ်မြစ်မှာ ပါလက်စတိုင်းပြည်သူများ၏ နိုင်ငံတည်ထောင်ခွင့်ကို ရေရှည်ဘေးဖယ်ထားခြင်း၊ ရှင်သန်နေထိုင်ခွင့်ကို ရေရှည် လက်တွေ့မဖော်ဆောင်ပေးနိုင်ခြင်း၊ နေရပ်ပြန်ခွင့်ကို ရေရှည် လျစ်လျူရှုထားခြင်းကြောင့် ဖြစ်ကြောင်း၊ ဤကဲ့သို့သော သမိုင်း၏မတရားမှုသည် ဆောလျင်စွာ အဆုံးသတ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့်တရားမျှတရေးဘက်မှ ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရာတွင် မှန်ကန်မည့်လုပ်ဆောင်မှုများကို ထောက်ခံကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
王毅同伊朗外长阿卜杜拉希扬通电话
新华社北京10月15日电10月15日,中共中央政治局委员、外交部长王毅应约同伊朗外长阿卜杜拉希扬通电话。
阿卜杜拉希扬表示,当前中东地区形势危险,战争正在不断扩大。应尽快采取行动阻止对加沙平民的袭击,缓解加沙人道局势。伊方希望通过政治方式解决问题,愿就此同中方加强沟通。
王毅表示,当务之急是推动局势降温,防止加沙地带出现严重人道灾难,造成更多无辜平民伤亡,进而损害地区和平局面,断送中东和平进程。行使自卫权应当遵守国际法和国际人道法,包括保障平民和被扣押人员安全。以暴制暴只能造成更大伤害,带来更严重危机。
王毅表示,中方支持伊斯兰国家在巴勒斯坦问题上加强团结协调,发出一致声音。国际社会应当行动起来,反对任何一方伤害平民的行为。联合国特别是安理会要切实负起责任,发挥应有作用。
王毅强调,巴以局势发展到今天地步,根本原因是巴勒斯坦人民的建国权长期遭到搁置,生存权长期不能落实,回归权长期遭到漠视。这种历史不公应当尽快结束。中国将继续站在和平公道一边,支持巴勒斯坦人民维护自身民族权利的正义事业。(完)