Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၂ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေးဆိုင်ရာ ဆွေးနွေးပွဲဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နှင့် အောက်တိုဘာ ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအရှိန် အဆက်မပြတ် မြင့်တက်လျက်ရှိကြောင်း Hakan Fidan က ပြောကြားခဲ့သည်။

အရပ်သား သေဆုံးဒဏ်ရာရမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ပွားမှုအား တားဆီးသင့်ပြီး ဒေသတစ်ခုလုံးနှင့် ထို့ထက်မက ပို၍ ကျယ်ပြန့်စွာ စစ်မက်မီးလျှံ ကူးစက်လာမည်ကို ကာကွယ်တားဆီးရမည် ဖြစ်သည်ဟု တူရကီအနေဖြင့် ယူဆကြောင်း၊ လက်ရှိ အရေးကြီးတာဝန်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ စစ်ပွဲရပ်တန့်ရန် ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ပါလက်စတိုင်းအရေး ရေရှည် စဉ်ဆက်မပြတ် ဖြေရှင်းရေး နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ နည်းလမ်း” ဖြေရှင်းမှုမှ ကင်းကွာပြီး အဖြေရှာ၍မရကြောင်း၊ ဂါဇာ အရပ်သားများအပေါ် အစ္စရေး၏ ဒဏ်ခတ်မှုနည်းလမ်းများကို တူရကီအနေဖြင့် လက်သင့်ခံရန်မရှိကြောင်း၊ လုံခြုံရေးကောင်စီ၌ ပါလက်စတိုင်းအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားလိုကြောင်း Hakan Fidan က ပြောကြားခဲ့သည်။

ဝမ်ရိက မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာသင့်ရာ အပြစ်မဲ့အရပ်သားများ၏ သေဆုံးဒဏ်ရာရမှုနှင့် မစတေးသင့်ကြောင်း ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသူများက ထိန်းထိန်းသိမ်းသိမ်းရှိရမည် ဖြစ်ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ကာ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၊ ဂါဇာ ပြည်သူလူထု၏ အခြေခံအကျဆုံးသော ရှင်သန်နေထိုင်ခွင့်ကို အာမခံရမည် ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း အမြန်ဆုံး ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းပြဿနာ၏ အဓိကအချက်ဖြစ်ပြီး အကယ်၍ ယင်းပြဿနာသည် တရားမျှတခြင်း၊ သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းမှု မရှိပါက အရှေ့အလယ်ပိုင်းဒေသ ရေရှည်ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ကြောင်း ၊ ပါလက်စတိုင်းအရေးကို ဖြေရှင်းရာတွင် တစ်ခုတည်းသော ထွက်ပေါက်သည် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ထိရောက်စွာ ဖော်ဆောင်ရမည်ဖြစ်ပြီး “နှစ်နိုင်ငံ နည်းလမ်း” စစ်မှန်စွာ အကောင်အထည်ဖော်ရမည် ဖြစ်သည်ကို လက်တွေ့တွင် ထပ်မံသက်သေပြပြီး ဖြစ်ကြောင်း၊ စစ်မက်မီးလျှံ မကျယ်ပြန့်လာစေရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ရှောင်ရှားနိုင်စေရန် တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂနှင့် နှစ်ဖက်ဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ နည်းလမ်း” ဖော်ဆောင်ရေးအပေါ် အကျိုးဖြစ်စေမည့် ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံအားပေးသွားမည်ဖြစ်ပြီး ထို့အတွက် တူရကီနိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ထားရှိကာ ကမောက်ကမဖြစ်နေသည့် နိုင်ငံတကာအခြေအနေအတွက် တည်ငြိမ်မှုများ ပိုမို ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version0
王毅同土耳其外长费丹通电话
新华社北京10月15日电10月15日,中共中央政治局委员、外交部长王毅同土耳其外长费丹通电话。
费丹表示,当前巴以冲突不断升级。土方认为应当阻止平民伤亡和流离失所,防止战火蔓延至整个地区甚至更大范围。当务之急是立即停火止战,同时寻求巴勒斯坦问题的长期和持久解决方案。任何离开“两国方案”的解决方法都不可行。土方不接受以色列对加沙平民实行惩罚措施,支持中方在安理会为寻求解决巴勒斯坦问题所作的努力,愿同中方共同寻求实现地区持久和平。
王毅表示,行使自卫权应当遵守国际人道法,不能以无辜平民伤亡为代价。当事方要保持克制,立即停火止战,寻求对话。必须保障加沙民众最基本的生存条件,尽快开辟人道救援通道。巴勒斯坦问题始终是中东问题的核心,如果这一问题得不到公正、合理解决,中东也不可能实现持久和平。事实再次证明,解决巴勒斯坦问题的唯一出路就是确保安理会决议得到有效执行,“两国方案”真正落地。中方正同有关各方沟通协调,阻止战火扩大、避免人道灾难,将继续通过联合国和双边渠道向加沙地带提供紧急人道主义援助。中方将支持一切有利于推进落实“两国方案”的努力,愿就此同土方保持沟通,为动荡的国际局势注入更多确定性。
1. 2022年12月25日,中共中央政治局委员、国务委员兼外长王毅在2022年国际形势与中国外交研讨会开幕式上发表演讲。