Connect with us

Africa & Middle East

အာဖဂန်နစ္စတန်ငလျင်ကြောင့် ပါကစ္စတန်နှင့်အာဖဂန်နစ္စတန်တွင် သေဆုံးသူ ၁၁ ဦးရှိလာ

အာဖဂန်နစ္စတန်နိုင်ငံ Laghman ပြည်နယ်ရှိ ပျက်စီးနေသော နေအိမ်အဆောက်အဦပေါ်တွင် မတ်တပ်ရပ်နေသည့် ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshanပြည်နယ်တွင် မတ် ၂၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လက်ရှိ အာဖဂန်နစ္စတန်နှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံဖြစ်သော ပါကစ္စတန်တို့တွင် လူပေါင်း ၁၁ ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ Badakhshan ပြည်နယ်ရှိ ငလျင်ဒဏ်သင့်နေရာတွင် အလုပ်များနေသူများအား ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Laghman ပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးနေသော နေအိမ်အဆောက်အဦကို စစ်ဆေးကြည့်ရှုနေကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS)၏ ငလျင်အချက်အလက်ထုတ်ပြန်ရေးဝက်ဘ်ဆိုက် သတင်းများအရ ယခုငလျင်သည် မတ် ၂၁ ရက် ကဘူးလ်စံတော်ချိန် ၂၁ နာရီ ၁၇ မိနစ်တွင် Badakhshan ပြည်နယ် Jurm မြို့၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာ အကွာ၌ မြေအောက်အနက် ၁၈၇.၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၂၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၂,၀၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)
阿富汗地震已在巴基斯坦和阿富汗造成11人死亡
新华社伊斯兰堡/喀布尔3月22日电(记者蒋超 邹学冕)巴基斯坦和阿富汗官方22日说,阿富汗北部巴达赫尚省21晚发生的地震,目前已在这两个相邻国家造成11人死亡、 67人受伤。
据美国地质调查局地震信息网消息,此次地震发生在喀布尔时间21日21时17分(北京时间22日零时47分),震中位于巴达赫尚省朱尔姆东南偏南40公里处,震源深度187.6公里。
去年6月22日,阿富汗东部曾发生强烈地震,造成1000多人遇难、近2000人受伤。
1. 3月22日,在阿富汗拉格曼省,一名儿童站在受损的房屋上。新华社发(艾马尔•查希尔摄)
2. 3月22日,人们在阿富汗巴达赫尚省的受灾区域忙碌。
3. 3月22日,当地居民在阿富汗拉格曼省查看在地震中受损的房屋。新华社发(艾马尔•查希尔摄)