Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အီကွေတာဂီနီနိုင်ငံခြားရေးဝန်ကြီး Simeon Oyono Esono Angue တို့ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အီကွေတာဂီနီ နိုင်ငံခြားရေးဝန်ကြီး Simeon Oyono Esono Angueတို့ ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အီကွေတာဂီနီနိုင်ငံခြားရေးဝန်ကြီး Simeon Oyono Esono Angueနှင့် မတ် ၂၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံက အီကွေတာဂီနီနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား လွတ်လပ်စွာ ရွေးချယ်မှု၊ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းမှုကို အစဉ်အမြဲထောက်ခံအားပေးသလို အီကွေတာဂီနီနိုင်ငံ၏ ပြည်တွင်းရေးအား ပြည်ပအင်အားစုများ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို အတူအကောင်အထည်ဖော်ဆောင်ရွက်သွားလိုပြီး အဆင့်မြင့်အရာရှိဆက်ဆံရေးကို ထိန်းသိမ်းကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ၊ လူမှုယဉ်ကျေးမှုဖလှယ်မှုများကို နက်ရှိုင်းအားကောင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ဆန္ဒကို အခြေခံ၍ နှစ်ဘက်ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်လျှောက်လှမ်းရေးကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Simeon Oyono Esono Angueက တရုတ်နိုင်ငံသည် အီကွေတာဂီနီနိုင်ငံနှင့်အာဖရိက၏ မိတ်ဆွေစစ် မိတ်ဆွေမှန်၊ ညီရင်းအစ်ကို၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း ၊ မိမိတို့နှင့်တရုတ်နိုင်ငံ၏ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
(外事)秦刚会见赤道几内亚外长奥约诺
新华社北京3月23日电3月23日,国务委员兼外长秦刚在北京会见赤道几内亚外长奥约诺。
秦刚表示,中方将一如既往支持赤几方自主探索符合本国国情的发展道路,支持赤几方维护国家主权,反对外部势力干涉赤几内政。愿共同落实好两国元首重要共识,保持高层交往,加强务实合作,深化人文交流,夯实两国民意基础,推动双边关系不断迈上新台阶。
奥约诺表示,中国是赤几和非洲的真朋友、亲兄弟、好伙伴,没有什么能阻挡我们同中国深化友谊和合作。(完)
1. 3月23日,国务委员兼外长秦刚在北京会见赤道几内亚外长奥约诺。 新华社记者 翟健岚 摄