Connect with us

International Organizations

ဆီးရီးယား လူ့အခွင့်အရေးအပေါ် အချို့နိုင်ငံများက ထားရှိသော သူတော်ကောင်းယောင်ဆောင်မှုကို တရုတ်နိုင်ငံ ပြစ်တင်ရှုတ်ချ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းအား ၂၀၂၃ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ပျောက်ဆုံးသူများကိစ္စရပ်ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မတ် ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက ပြောကြားခဲ့ရာတွင် ဆီးရီးယား လူ့အခွင့်အရေး ပြဿနာအပေါ် အချို့နိုင်ငံများက ထားရှိသော သူတော်ကောင်းယောင်ဆောင်မှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ဆီးရီးယားအား တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ပယ်ဖျက်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အပြုသဘော တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် အစဉ်လက်ကိုင်ထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ရွေးချယ်မှုဖြင့် စံနှုန်းနှစ်မျိုးထားရှိခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်း လုပ်ရပ်များကို ဆန့်ကျင်သလို ကာယကံရှင်နိုင်ငံ၏ သဘောတူညီချက်မရှိဘဲ အခြားနိုင်ငံ၏ယန္တရားထားရှိခြင်းကို ဆန့်ကျင်ကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများစုက ကုလသမဂ္ဂအထွေထွေညီလာခံ “ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက် အမှတ် ၇၇/၂၃၀ကို ကန့်ကွက်မဲ ပေးခဲ့ရာ ယင်းအငြင်းပွားဖွယ်ရှိသော ဆုံးဖြတ်ချက်မှာ ယခုအကြိမ်အစည်းအဝေး၏အထောက်အထား မဖြစ်သင့်ကြောင်း သိုက်ပင်းက ဆိုသည်။ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့်အချိန်မှစ၍ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ နိုင်ငံတကာအသိုက်အဝန်းကို စိတ်ထိခိုက်စေခဲ့ကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုအပြီးတွင် သက်ဆိုင်ရာနိုင်ငံများက တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ယာယီဖြေလျှော့ရန် သို့မဟုတ် ခေတ္တဆိုင်းငံ့ထားရန် ကြေညာခဲ့သော်လည်း ၎င်းမှာ ရေရှည် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်ခဲ့ရသော စနစ်တကျ ထိခိုက်မှုများကို မဖုံးကွယ်နိုင်ခဲ့သလို ဆိုးဝါးလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မရပ်တန့်စေနိုင်ခဲ့ကြောင်း ၊ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ မပယ်ဖျက်လျှင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများက အမြစ်ပြတ် ကောင်းမွန်အောင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အချို့နိုင်ငံများအနေဖြင့် တစ်ဘက်က ဆီးရီးယား လူ့အခွင့်အရေးအခြေအနေကို အထူးဂရုပြုကြောင်း ပြောကြားနေသည့်တစ်ချိန်တည်းတွင် တစ်ဘက်ကလည်း ရေနံစသည့် ဆီးရီးယားပြည်သူများ၏ အဖိုးတန် အရင်းအမြစ်များကို တရားမဝင် ခိုးယူနေကြောင်း၊ ၎င်းမှာ ဆီးရီးယား စီးပွားရေးတိုးတက်ရန် အခက်အခဲဖြစ်စေသလို ဆီးရီးယား ပြည်သူများ၏ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကျန်းမာရေးအခွင့်အလမ်းစသည့် အခြေခံအကျဆုံး လူအခွင့်အရေးများကို ဆိုးဝါးစွာ ထိပါးခြင်း ဖြစ်ကြောင်း ၊ ၎င်းမှာ ပြောင်ပြောင်တင်းတင်း ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်ဖြစ်သလို လူ့အခွင့်အရေးပြဿနာများတွင် သူတော်ကောင်းယောင်ဆောင်မှုကို အတိုင်းသား ပေါ်လွင်စေကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။

အကယ်၍ ဆီးရီးယားလူ့အခွင့်အရေးကို အမှန်တကယ် ဂရုပြုအလေးထားသည်ဆိုပါက ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများကို ချက်ချင်းဖျက်သိမ်းကာ ဆီးရီးယားပြည်သူများ၏ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်မှုများကို ကူညီအားပေးသင့်ကြောင်း၊ အမျိုးသမီး၊ ကလေးငယ် စသည့် ထိလွယ်ရှလွယ် လူအုပ်စုများ ဆေးကုသမှု အထောက်အပံ့ပစ္စည်းများ ရရှိရေးနှင့် နေထိုင်မှုဘဝအတွက် ဝန်ဆောင်မှုများ ကူညီပေးသင့်ကြောင်း ၊ ဆီးရီးယား သံယံဇာတအရင်းအမြစ်များအား တရားမဝင်ယူဆောင်နေသည်ကို ချက်ချင်း ရပ်တန့်သင့်ကြောင်း သိုက်ပင်းက အလေးထား ပြောကြားခဲ့သည်။

၁၀ နှစ်ကျော် ကြန့်ကြာနေသည့် ဆီးရီးယားအကျပ်အတည်းက ဆီးရီးယား ပြည်သူများအတွက် ဒုက္ခများ နက်နက်ရှိုင်းရှိုင်းဖြစ်စေခဲ့သည်ဟု သိုက်ပင်းက ပြောကြားခဲ့သည်။ ဆီးရီးယား၏အနာဂတ်သည် ဆီးရီးယားပြည်သူများ၏လက်ထဲတွင် ရှိရမည် ဖြစ်သည်ကို တရုတ်နိုင်ငံအနေဖြင့် ထပ်မံအလေးထား ပြောကြားလိုကြောင်း ၊ တရုတ်နိုင်ငံက ဆီးရီးယားနှင့် ဒေသတွင်းနိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းမှုကို ထောက်ခံကြောင်း ၊ ဆီးရီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးကို ဖော်ဆောင်ရာ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းကလည်း “ဆီးရီးယားဦးဆောင်သည့် ဆီးရီးယား၏ကိုယ်ပိုင်ဖြစ်တည်မှု”ဟူသော မူကို လက်ကိုင်ထားသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
中方代表批评个别国家在叙利亚人权问题上的虚伪
新华社联合国3月28日电联合国大会28日举行关于叙利亚失踪人口问题非正式通报会。中国常驻联合国代表团临时代办戴兵在会上发言,批评个别国家在叙利亚人权问题上的虚伪做法,敦促个别国家立即解除对叙利亚单边制裁。
戴兵表示,中方一贯主张通过建设性对话与合作促进和保护人权,反对政治化、选择性、双重标准和对抗做法,反对未经当事国同意设立国别机制。包括中方在内的许多国家都对联大第77/230号“叙利亚人权状况”决议投了反对票,这一充满争议的决议不应作为召开此次会议的依据。
戴兵说,自2月6日发生强烈地震以来,叙利亚西北部地区人道局势始终牵动着国际社会的心。有关国家在地震后宣布临时性放宽或暂停对叙利亚单边制裁,但这无法掩盖长期单边制裁带来的系统性损害,更无法消弭造成的严重人道危机。单边制裁一天不解除,叙利亚人道局势就不可能得到根本改善。
戴兵指出,个别国家一边对叙利亚人权状况表达严重关切,另一边却非法盗取大量石油等叙利亚人民的宝贵资源,加剧叙利亚经济发展困境,严重侵犯叙利亚人民的生存权、发展权、健康权等最基本的人权。这是赤裸裸的霸凌行径,也赤裸裸地暴露了在人权问题上的虚伪。
戴兵强调,如果个别国家真的关心叙利亚人权,就该尊重叙利亚的国家主权,立即解除对叙利亚单边制裁,支持叙利亚人民开展灾后重建,帮助妇女、儿童等弱势群体获得必要医疗物资和生活服务,并立即停止攫取叙利亚资源的非法勾当。
戴兵说,叙利亚危机延宕十余年,给叙利亚人民带来深重苦难。中方愿再次强调,叙利亚的未来必须掌握在叙利亚人民手中。中方支持叙利亚同地区国家改善关系的努力。联合国和国际社会应坚持“叙人主导、叙人所有”原则,为早日实现叙利亚问题的政治解决发挥建设性作用。(完)

1. 3月6日,在位于纽约的联合国总部,中国常驻联合国代表团临时代办戴兵(前中)在第77届联合国大会行政和预算委员会(第五委员会)第一次续会开幕式上发言。新华社记者 谢锷 摄