Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်၎င်း၏ဇနီး ဖိန်လိယွမ်၊ ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silvaနှင့် ၎င်း၏ဇနီး Madame Rosangela Lula da Silvaတို့ ဧပြီ ၁၄ ရက် မွန်းလွဲပိုင်း ဆွေးနွေးပွဲမတိုင်မီ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silvaနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silvaတို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၁၄ ရက် မွန်းလွဲပိုင်း က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရားဇီးနိုင်ငံသမ္မတ Luiz Inacio Lula da Silvaအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်၌ ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းက အခမ်းအနားဖြင့် ကြိုဆိုစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က သမ္မတ Lula တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဘရာဇီးသည် ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် အသီးသီးတည်ရှိကြသော အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အဓိကကျသော ထွန်းသစ်စဈေးကွက်နိုင်ငံများဖြစ်ကြကြောင်း၊ အပြန်အလှန်အားဖြင့် ဘက်စုံမဟာဗျူဟာမိတ်ဖက်များ ဖြစ်ရာ ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများရှိကြောင်း ၊ တရုတ်-ဘရာဇီး ဆက်ဆံရေး၏ အခင်းအကျင်း၊ မဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာအသွင်ရှိခြင်း၏ သက်ရောက်မှုက တစ်နေ့တစ်ခြား ပို၍ ပေါ်လွင်လာကြောင်း ၊ တရုတ်နိုင်ငံသည် မဟာဗျူဟာနှင့်ရေရှည်ရှုထောင့်မှ ဘရာဇီးနိုင်ငံနှင့်ဆက်ဆံရေးကို ရှုမြင်ကြောင်း၊ တရုတ်-ဘရာဇီး ဆက်ဆံရေးကို သံတမန်ရေး ဦးစားပေးနေရာတွင် ထားရှိသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဘရာဇီးနှင့်အတူ ခေတ်သစ် တရုတ်-ဘရာဇီး ဆက်ဆံရေး အနာဂတ်သစ်ကို ဖွင့်လှစ်ပြီး နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွား ဖော်ဆောင်ကာ ဒေသနှင့်ကမ္ဘာ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးသာယာရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သွားရန် အသင့်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဘရာဇီးသမ္မတ Lulaကလည်း မိမိအနေဖြင့် များပြားလှသောကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက်လာရောက်လည်ပတ်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ယခုခရီးစဉ်မှာ မိမိ ယခုအကြိမ် သမ္မတ ရာထူးတာဝန်ထမ်းဆောင်ပြီးနောက် အမေရိကတိုက်ပြင်ပသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ ၎င်းမှာ ဘရာဇီးနိုင်ငံက တရုတ်နိုင်ငံအပေါ် နွေးထွေးချစ်ခင်မှုရှိခြင်းနှင့် ဘရာဇီး-တရုတ် ဆက်ဆံရေး၏အလေးထားမှုကို ပေါ်လွင်စေကြာင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာစသည့်ကဏ္ဍအသီးသီးတွင် မရှိမဖြစ်သော အဓိကအင်အားဖြစ်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတွင် အထူးအရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း သမ္မတ Lulaက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံသည် တရားမျှတ၍သင့်လျော်မှုရှိသော နိုင်ငံတကာစနစ်၏မဟာဗျူဟာအဆင့် တည်ဆောက်မှုကို တွန်အားပေးရာတွင် တရုတ်နိုင်ငံနှင့်ဖွံ့ဖြိုးတိုးတက်မှု ပို၍နီးကပ်သော ဆက်ဆံရေးကို တွန်းအားပေး တည်ဆောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဘက်စုံ အားဖြည့်ရန်မှာ ဘရာဇီးဥပဒေပြုဌာနများနှင့်လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီး၏ တူညီသော ပြင်းပြသည့်ဆန္ဒဖြစ်ကြောင်း၊ မိမိအနေဖြင့် ဟွာဝေးကုမ္ပဏီကို သွားရောက်လေ့လာပြီး တရုတ်သက်ဆိုင်ရာ လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ 5G စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံ၏အောင်မြင်မှုအပေါ် အထူးလေးစားကြောင်း၊ သက်ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်သွားလိုရာ တရုတ်ကုမ္ပဏီလုပ်ငန်းများ ဘရာဇီးတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး ဘရာဇီးနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုနှင့်ကာဗွန်လျော့နည်းဖွံ့ဖြိုးရေးကို အားဖြည့်ပေးရန် ကြိုဆိုကြောင်း ၊ ဘရားဇီး-တရုတ် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်နက်ရှိုင်းလာခြင်းက ဘရာဇီး၏ “စက်မှုအသွင်တစ်ဖန်တည်ဆောက်ခြင်း”ဖြစ်စဉ်ကို အထောက်အကူဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးမှုစသည့်အရေးကိစ္စများ ဖြေရှင်းရာတွင် အထောက်အကူဖြစ်ခြင်း၊ ပြည်သူများအတွက် ပို၍ အကျိုးဖြစ်ထွန်းစေခြင်း စသည်တို့ဖြစ်လာမည်ဟု ယုံကြည်ကြောင်း သမ္မတ Lulaက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(Chinese Version)
习近平同巴西总统卢拉举行会谈
新华社北京4月14日电(记者郑明达)4月14日下午,国家主席习近平在人民大会堂同来华进行国事访问的巴西总统卢拉举行会谈。
习近平对卢拉访华表示热烈欢迎。习近平指出,中国和巴西分别是东西半球最大的发展中国家和重要新兴市场国家,互为全面战略伙伴,拥有广泛共同利益,中巴关系的全局性、战略性、全球性影响日益突出。中方始终从战略高度和长远角度看待和发展同巴西关系,将中巴关系置于外交优先位置。中方愿同巴方一道,开辟新时代中巴关系新未来,给两国人民带来更多福祉,为地区乃至世界的和平稳定和繁荣发展发挥积极重要作用。
卢拉表示,我非常荣幸和骄傲率庞大代表团第四次访华,这是我这次就任总统以来首次出访美洲之外的国家,体现了巴方对中国的热爱以及对发展巴中关系的重视。中国是当今世界政治、经贸、科技等各领域不可或缺的重要力量,为促进世界和平与发展发挥着至关重要的作用。巴西从推动建立公正合理的国际秩序的战略高度致力于同中国发展更紧密的关系。全面加强对华关系也是巴西立法机构和社会各界的共同强烈愿望,我很高兴参观了华为公司并会见了中方有关企业代表,对中国在5G等领域发展成就深表钦佩,希望拓展两国相关领域合作,欢迎中国企业赴巴投资合作,助力巴实现数字转型和低碳发展。相信巴中深化扩大合作将有助于巴“再工业化”进程,有助于解决脱贫等问题,更好造福人民。
1. 4月14日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴西总统卢拉举行会谈。这是会谈前,习近平和夫人彭丽媛同卢拉和夫人罗桑热拉合影。 新华社记者 黄敬文 摄
2. 4月14日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴西总统卢拉举行会谈。 新华社记者 翟健岚 摄
3. 4月14日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴西总统卢拉举行会谈。这是会谈前,习近平在人民大会堂东门外广场为卢拉举行欢迎仪式。新华社记者 刘卫兵 摄