Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo Ondimba တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo Ondimbaအား ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo Ondimbaနှင့် ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင် ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်-ဂါဘွန် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo Ondimbaနှင့် ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင် ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က သမ္မတ Ali Bongo Ondimba တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းအား ကြိုဆိုကြောင်းပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်-ဂါဘွန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့် ဖြစ်ကြောင်း၊ ရာစုနှစ်ဝက်ကြာကာလတွင် နှစ်နိုင်ငံ ခေါင်းဆောင် အဆက်ဆက်၏ ဂရုတစိုက် ဦးဆောင်မှုအောက်တွင် တရုတ်-ဂါဘွန် ချစ်ကြည်ရေးသည် ကျောက်သားသဖွယ် အစဉ်အမြဲ ခိုင်မာလာကြောင်း၊ နှစ်ဘက်အနေဖြင့် အပြန်အလှန် အားပေးထောက်ခံမှုရှိခဲ့သလို နှစ်နိုင်ငံဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာ တရားမျှတရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂါဘွန်နိုင်ငံ၏ စစ်မှန်သော မိတ်ဆွေဖြစ်ကြောင်း၊ သမ္မတ Ali Bongo Ondimbaအနေဖြင့် ယခုအကြိမ် တရုတ်နိုင်ငံသို့ လာရောက်ခြင်းသည် တရုတ်-ဂါဘွန် ဆက်ဆံရေး၏ အရေးကြီးမှုနှင့် အဆင့်မြင့်မှုကို ထပ်မံအပြည့်အဝ ဖော်ပြလျက်ရှိကြောင်း၊ တရုတ်-ဂါဘွန် ဆက်ဆံရေး ဆက်လက် နက်ရှိုင်းစွာ တွန်းအားပေး ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ရေရှည် ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်း တွန်းအားပေး တည်ဆောက်ရေး၏ အရေးကြီးသော စံနမူနာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂါဘွန်နိုင်ငံနှင့်အတူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းသွားရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo Ondimbaက သမ္မတ ရှီကျင့်ဖိန် ရာထူးတာဝန်ဆက်လက်ရယူပြီးမကြာမီ တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့မှုအပေါ် အလွန်ဂုဏ်ယူပါကြောင်း ၊ မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ(၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံနှင့် တရုတ်နိုင်ငံ တစ်ပြည်လုံးဆိုင်ရာ အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပခဲ့ခြင်းအတွက် ထပ်မံဂုဏ်ပြုပါကြောင်း၊ အဆိုပါအစည်းအဝေးများက တရုတ်ပြည်သူများ သမ္မတ ရှီကျင့်ဖိန်အပေါ် ကြီးမားသော ယုံကြည်မှု ရှိနေခြင်းကို အပြည့်အဝ ပြသနေခြင်း ဖြစ်ကြောင်း၊ ၎င်းမှာလည်း တရုတ်နိုင်ငံသည် ဖွံ့ဖြိုးစည်ပင်သာယာဝပြောသော လမ်းစဉ်တွင် ပို၍ အောင်မြင်မှုများ ရရှိလာမည်ဆိုသော မိမိတို့၏ ယုံကြည်ချက်ကို ပို၍ ခိုင်မာစေကြောင်း ပြောကြားခဲ့သည်။

ဂါဘွန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ခိုင်မာစွာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖိန် အဆိုပြုသော “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူ လက်တွဲတည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် ၊ ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးစသည့် အတွေးအမြင်များကို ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ဂါဘွန်-တရုတ် နှစ်နိုင်ငံတွင် ကြီးမားသော နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု၊ အစဉ်အမြဲ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ထောက်ခံအားပေးမှုများ ရှိကြကြောင်း Ali Bongo Ondimbaက ပြောကြားခဲ့သည်။

ဂါဘွန်နိုင်ငံအပေါ် တရုတ်နိုင်ငံက ရေရှည်အဖိုးတန်လှသော အကူအညီများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ ဂါဘွန်စီးပွားရေး ဗဟုအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုအသွင်ပြောင်းရေးဖြစ်စဉ်ကို မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အဦ၊ လယ်ယာစိုက်ပျိုးရေးနှင့်ခရီးသွားစသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သွားစေလိုကြောင်း၊ တရုတ်လုပ်ငန်းရှင်များအနေဖြင့် ဂါဘွန်နိုင်ငံသို့ လာရောက်၍ စက်မှုဥယျာဉ်တည်ဆောက်မှုတွင် ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်းနှင့် တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း Ali Bongo Ondimbaက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ နေအိမ်အဆောက်အဦနှင့်မြို့ပြတည်ဆောက်ရေး၊ ရာသီဥတု ပြောင်းလဲရေးစသည့်ဆိုင်ရာ ကဏ္ဍများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် ရေးထိုးကြသည်ကို နှစ်နိုင်ငံခေါင်းဆောင်များကအတူတကွ သက်သေပြုခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအတူ 《တရုတ်-ဂါဘွန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်》ကို ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
习近平同加蓬总统邦戈举行会谈
新华社北京4月19日电(记者郑明达)4月19日下午,国家主席习近平在人民大会堂同来华进行国事访问的加蓬总统邦戈举行会谈。两国元首决定将中加全面合作伙伴关系提升为全面战略合作伙伴关系。
习近平对邦戈访华表示欢迎。习近平指出,明年我们将迎来中加建交50周年。半个世纪来,在两国几代领导人关心引领下,中加友好始终坚如磐石。双方相互坚定支持,维护了两国共同利益和国际公平正义。中国是加蓬的真诚朋友。你此次访华,再次充分体现了中加关系的重要性和高水平。深入、持续推进中加关系,符合两国共同和长远利益,也对推动构建人类命运共同体有重要示范作用。中方愿同加方一道,推动中加全面战略合作伙伴关系行稳致远。
邦戈表示,很荣幸在习近平主席再次当选连任后不久应邀访华,我愿再次祝贺中共二十大和中国全国两会成功召开,这两次盛会不仅充分体现了中国人民对习近平主席的高度信任,也使我们更加坚信中国将继续在繁荣发展的道路上取得更多成就。加方坚定奉行一个中国政策,支持习近平主席提出的共建“一带一路”、全球发展倡议、全球安全倡议以及构建人类命运共同体等重要理念。加中双方有着高度政治互信,始终相互尊重、相互支持。感谢中方长期以来为加蓬提供宝贵帮助,为促进加蓬经济多元化发展和工业化进程发挥了重要作用,希望双方进一步加强基础设施、农业和旅游等领域合作,欢迎中方企业赴加参加工业园建设,愿为中方企业提供良好环境。
会谈后,两国元首共同见证签署投资、农业、住房和城市建设、气候变化等领域多项双边合作文件。
双方发表《中华人民共和国和加蓬共和国关于建立全面战略合作伙伴关系的联合声明》。
1. 4月19日下午,国家主席习近平在北京人民大会堂同来华进行国事访问的加蓬总统邦戈举行会谈。这是会谈前,习近平在人民大会堂北大厅为邦戈举行欢迎仪式。 新华社记者 翟健岚 摄
2. 4月19日下午,国家主席习近平在北京人民大会堂同来华进行国事访问的加蓬总统邦戈举行会谈。新华社记者 翟健岚 摄