Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိနှင့် ဖိလစ်ပိုင် သမ္မတဟောင်း Gloria Macapagal Arroyo တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိနှင့် ဖိလစ်ပိုင် သမ္မတဟောင်း၊ အောက်လွှတ်တော် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ Gloria Macapagal Arroyo တို့ ပေကျင်းမြို့တွင် ဧပြီ ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိသည် ဖိလစ်ပိုင် သမ္မတဟောင်း Gloria Macapagal Arroyoနှင့် ပေကျင်းမြို့တွင် ဧပြီ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ မားကို့စ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံ ခေါင်းဆောင်များက တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးမဟာဗျူဟာ လမ်းညွှန်မှုများပြုလုပ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို လိုက်နာ၍ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကွဲလွဲမှုများကို သင့်လျော်စွာ ဖြေရှင်းရေးအား လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ပင်လယ်ရေးရာသည် နှစ်ဘက် ဆက်ဆံရေး၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်၍ မရကြောင်း၊ တတိယတစ်ဘက်က တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုကို ဖျက်ဆီး၍မရသလို စစ်အေးခေတ်အတွေးအခေါ်တစ်ကျော့ပြန်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပိုပြီး ဖျက်ဆီး၍ မရကြောင်း ပြောကြားခဲ့သည်။

Gloria Macapagal Arroyoက တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် မိမိတို့အတွက် မျှော်လင့်ချက် အပြည့်ရှိစေကြောင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးသည် လူ့လောက၏ လမ်းကြောင်းမှန်ဖြစ်ကြောင်း ၊ မိမိအနေဖြင့် ဖိလစ်ပိုင်- တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် တွန်းအားပေး ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
王毅会见菲律宾前总统阿罗约
新华社北京4月3日电中共中央政治局委员、中央外事工作委员会办公室主任王毅3日在北京会见菲律宾前总统、众议院高级副众议长阿罗约。
王毅表示,今年1月,习近平主席同马科斯总统举行会谈,两国元首就中菲关系发展作出重要战略指引。双方应遵循两国元首重要共识,坚持通过沟通对话妥善处理分歧,不能让海上问题阻碍双边关系整体发展,不能让第三方破坏中菲友好关系,更不能允许冷战思维回潮,损害地区和平稳定。
阿罗约表示,中国式现代化让我们充满期待,构建人类命运共同体是人间正道。我愿为推动菲中关系健康发展继续作出努力。
1. 4月3日,中共中央政治局委员、中央外事工作委员会办公室主任王毅在北京会见菲律宾前总统、众议院高级副众议长阿罗约。新华社记者 翟健岚 摄