Connect with us

China

တရုတ်နိုင်ငံက ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် big data ပလက်ဖောင်း စတင်မိတ်ဆက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ နန်ချန်းခရိုင်ရှိ စပါးစိုက်ခင်းတစ်ခုတွင် မောင်းသူမဲ့ ကောက်ရိတ်စက်ဖြင့် စပါးရိတ်သိမ်းနေသည်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆန်စပါးလုပ်ငန်းကွင်းတစ်ခုလုံးအတွက် big data ပလက်ဖောင်းကို စတင်မိတ်ဆက်လိုက်ပြီး နိုင်ငံ၏ ဆန်စပါးလုပ်ငန်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် သတင်းအချက်အလက်အဆင့်မြှင့်တင်မှု တိုးမြှင့်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသား ဆန်စပါးသုတေသန အင်စတီကျု (CNRRI) ဦးဆောင်မှုဖြင့် ဆောင်ရွက်သော အဆိုပါ ပလက်ဖောင်းသည် ဆန်စပါးလုပ်ငန်းနှင့်ဆက်စပ်သော သတင်းအချက်အလက်မျိုးဆက်၊ စုစည်းမှု၊ သိုလှောင်မှု၊ လုပ်ငန်းစဉ်၊ လေ့လာဆန်းစစ်မှုနှင့် ဝန်ဆောင်မှုများကို အလေးထားဆောင်ရွက်ထားကြောင်းနှင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်၊ ကုန်သွယ်ရေး၊ စားသုံးရေးနှင့် သိပ္ပံနှင့် နည်းပညာ စသည်တို့ ပါဝင်သော စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးကို လွှမ်းခြုံထားကြောင်း လက်ရှိ ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပနေသည့် ၂၀၂၃ ခုနှစ် China Seed Congress and Nanfan Agricultural Silicon Valley Forum အရ သိရသည်။ (Xinhua)

………………………………
(English Version)
China launches big data platform for rice industry development

SANYA, April 3 (Xinhua) — China has launched a big data platform for the entire rice industry chain, which is expected to promote the digitalization and informationization of the country’s rice industry.
The China National Rice Research Institute (CNRRI) led the establishment of this platform that focuses on data generation, collection, storage, processing, analysis and services concerning the rice industry, and covers the whole industrial chain involving rice production, storage, market, trade, consumption and science and technology, according to the 2023 China Seed Congress and Nanfan Agricultural Silicon Valley Forum, currently underway in Sanya, south China’s Hainan Province.
Photo: Photo taken on July 20, 2022 shows an unmanned rice transplanter transplanting rice seedlings in a paddy field in Nanchang County, east China’s Jiangxi Province. (Xinhua/Wan Xiang)