Connect with us

China

ချိုက်အင်းဝမ် အမေရိကန်သို့ သွားရောက်ခြင်း အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သဘောထားမှတ်ချက် ပြောကြား

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ချိုက်အင်းဝမ်က အမေရိကန်သို့ သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၆ ရက်တွင် သဘောထားမှတ်ချက် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက် အပြည့်အစုံမှာ-
ယခုရက်ပိုင်းတွင် အမေရိကန်သည် တရုတ်နိုင်ငံ၏ အလေးအနက် ပြောဆိုမှုနှင့် အကြိမ်ကြိမ်အခါခါ သတိပေးမှုကို ဂရုမပြုဘဲ ထိုင်ဝမ်ဒေသခေါင်းဆောင် ချိုက်အင်းဝမ်က နိုင်ငံဖြတ်ကျော်၍ အမေရိကန်သို့ သွားရောက်ခြင်းကို ခေါင်းမာစွာ ခွင့်ပြုခဲ့သည်။ အမေရိကန်အစိုးရ ထိပ်တန်း တတိယ ပုဂ္ဂိုလ်ဖြစ်သော အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီ နှင့် ချိုက်အင်းဝမ် ပေါ်ပေါ်ထင်ထင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်အစိုးရအရာရှိ၊ လွှတ်တော်အမတ်များက ၎င်းနှင့် ထိတွေ့မှုရှိရာ ချိုက်အင်းဝမ်၏ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးစကားပြောဆိုရန်အတွက် ပလက်ဖောင်းအဖြစ် ပံ့ပိုးပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် လက်တွေ့တွင် အမေရိကန်နှင့်ထိုင်ဝမ် အပြန်အလှန် ချိတ်ဆက်ခြင်း၊ နိုင်ငံဖြတ်ကျော်သွားရောက်သည်ဟု အမည်တပ်၍ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးသမားများက အမေရိကန်၌ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ပြီး အမေရိကန်-ထိုင်ဝမ် အစိုးရကဏ္ဍအသွားအလာလုပ်ခြင်း၊ အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေးကို မြှင့်တင်နေခြင်းကို လက်လွှတ် ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်မှုမှာ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆိုးဝါးစွာ ထိပါးခြင်း၊ “ထိုင်ဝမ်လွတ်လပ်ရေး”ခွဲထွက်ရေးအင်အားစုများကို ဆိုးဝါးစွာ မှားယွင်းသော သတင်းစကားပေးခြင်း ဖြစ်သည်။ ထို့အပေါ် တရုတ်နိုင်ငံက ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်၍ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် နိုင်ငံတကာ အသိုက်အဝန်း၏ကျယ်ပြန့်သော သဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျဉ်း ဖြစ်သလို တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး တည်ထောင်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏ တောင်းဆိုချက်နှင့်အခြေခံလည်းဖြစ်သည်။ အမေရိကန်သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်တွင် ထိုင်ဝမ်နှင့် အစိုးရမဟုတ်သောဆက်ဆံရေးသာထားရှိမည်ဟု အတိအလင်း ကတိပြုထားသည်။ သို့သော် အမေရိကန်သည် ကာလကြာရှည် “ထိုင်ဝမ်ဖြင့် တရုတ်ကို တားဆီးထိန်းချုပ်ခြင်း” မဟာဗျူဟာကို ခေါင်းမာစွာ လုပ်ဆောင်နေပြီး ပြုထားသောကတိကဝတ်များကို ချိုးဖောက်ကာ ထိုင်ဝမ်အစိုးရနှင့် သွားလာဆက်ဆံနေသလို ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချခြင်းနှင့် စစ်ရေးကိစ္စရပ်များတွင် ချိတ်ဆက်မှုများ ပြုလုပ်ကာ “နိုင်ငံတကာ နယ်ပယ်”တွင် ထိုင်ဝမ်ချဲ့ထွင်နိုင်ရေးကို အကူအညီပေးမှုတို့အား ဆက်တိုက်စည်းမျဉ်းကျော် စိန်ခေါ်နေပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ အနက်အဓိပ္ပါယ်ကို လျော့ပါးလာအောင် အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ချိုက်အင်းဝမ် လက်ထက်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဖော်ညွှန်းသော “၁၉၉၂ ခုနှစ် သဘောတူညီချက်”ကို အသိအမှတ်မပြုဘဲ ငြင်းဆန်ခဲ့သည်။ ထိုင်ဝမ်ကျွန်းတွင် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေး ပြောဆိုဆောင်ရွက်မှုများကို လက်လွှတ်ပြီး ထောက်ခံအားပေး၊ တွန်းအားပေးနေသလို အမျိုးအမည်တစ်မျိုးပြောင်းကာ “ထိုင်ဝမ်လွတ်လပ်ရေးကို အဆင့်တိုးရန်”လုပ်ဆောင်နေရာမှာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသ၏ဆက်ဆံရေးကို ဆိုးဝါးသော အကျပ်အတည်း ဖြစ်စေသည်။

ထိုင်ဝမ်ရေးရာသည် တရုတ်ဗဟိုအကျိုးစီးပွား၏ အချက်အချာ ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပထမဆုံးကျော်လွှား၍မရသော မျဉ်းနီ ဖြစ်သည်။ “ထိုင်ဝမ်လွတ်လပ်ရေး”နှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးသည် ရေနှင့်မီးပမာ တူယှဉ်တွဲ၍မရသလို ခရီးမပေါက်နိုင်သော လမ်းသေလမ်းဆုံးသာ ဖြစ်သည်။ အမေရိကန်-ထိုင်ဝမ် ချိတ်ဆက်သော ဆိုးဝါးသောမှားယွင်းသည့် လုပ်ဆောင်မှုအပေါ် တရုတ်နိုင်ငံက ခိုင်မာအားကောင်းသောနည်းလမ်းဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်သွားမည် ဖြစ်သည်။ အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်၏ သတ်မှတ်ချက်ကို လိုက်နာရန် ၊ အမေရိကန်နိုင်ငံ့ခေါင်းဆောင်၏ ပေးအပ်ထားသည့် “ထိုင်ဝမ်လွတ်လပ်ရေး”ကို အားမပေး၊ “တရုတ်နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်နိုင်ငံ ၊ ထိုင်ဝမ်တစ်နိုင်ငံ”ကို မထောက်ခံဟူသော ကတိကို လက်တွေ့ဆောင်ရွက်ရန်၊ အမေရိကန်-ထိုင်ဝမ် အစိုးရ ဆက်ဆံမှု မည်သည့်ပုံစံမျိုးကို မဆို ချက်ချင်း ရပ်တန့်ရန်၊ အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေး အဆင့်မြှင့်နေမှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြား တင်းမာသည့်အခြေအနေ ဖန်တီးနေမှုကို ရပ်တန့်ရန်၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို တားဆီးထိန်းချုပ်ခြင်း”အား ရပ်တန့်ရန် ၊ မှားယွင်း၍ အန္တရာယ်များသော လမ်းတွင် လျှောက်လေ ဝေးလေ မဖြစ်ရန် မိမိတို့အနေဖြင့် ထပ်မံ သတိပေး တိုက်တွန်းလိုက်သည်။ (Xinhua)

………………………………
(Chinese Version)
外交部发言人就蔡英文“过境”窜美发表谈话
新华社北京4月6日电外交部发言人6日就蔡英文“过境”窜美发表谈话。全文如下:

近日,美方不顾中方严正交涉和反复警示,执意允许台湾地区领导人蔡英文“过境”窜美,美国政府第三号人物、国会众议长麦卡锡同蔡高调会见,美方官员、国会议员同其接触,为蔡发表“台独”分裂言论提供讲台。其实质是美台相互勾连,以“过境”为幌子纵容“台独”分裂分子在美从事政治活动、开展美台官方往来、提升美台实质关系,此举严重违反一个中国原则和中美三个联合公报规定,严重损害中方主权和领土完整,向“台独”分裂势力发出严重错误信号。中方对此坚决反对,强烈谴责。
一个中国原则是国际社会普遍共识和国际关系基本准则,也是中美建立和发展外交关系的前提和基础。美方在中美三个联合公报中明确承诺仅与台保持非官方关系。但长期以来,美方顽固奉行“以台制华”战略,违背所作承诺,在同台官方往来、对台军售和军事勾连、助台拓展“国际空间”等方面持续越线挑衅,不断虚化掏空一个中国原则。蔡英文就任以来,拒不承认体现一个中国原则的“九二共识”,在岛内放任、支持、推动各种“台独”分裂言行,变换名目推进“渐进台独”,致使两岸关系陷入严重困难。
台湾问题是中国核心利益中的核心,是中美关系第一条不可跨越的红线。“台独”与两岸和平稳定水火不容,也是死路一条。针对美台勾连的严重错误行径,中方将采取坚决有力措施捍卫国家主权和领土完整。我们再次敦促美方恪守一个中国原则和中美三个联合公报规定,将美领导人作出的不支持“台独”、不支持“两个中国”或“一中一台”承诺落实到行动上,立即停止任何形式的美台官方往来,停止升级美台实质关系,停止制造台海紧张因素,停止“以台制华”,不要在错误和危险的道路上越走越远。(完)