Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးချင်ကန်း က တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်သမ္မတ Emmanuel Macron နှင့်အတူ လိုက်ပါလာသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna နှင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြင်သစ်သမ္မတ Emmanuel Macron ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လိုက်ပါလာသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna နှင့် ဧပြီ ၅ ရက်တွင် တွေ့ဆုံခဲ့သည်။

ပြင်သစ်သမ္မတMacron ၏ ခရီးစဉ်ကို တရုတ်နိုင်ငံက အလွန်အရေးပါသည်ဟုမှတ်ယူပြီး တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ချင်ကန်း က ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ပြင်သစ်နိုင်ငံနှင့် အဆင့်မြင့် ယဉ်ကျေးမှု ဖလှယ်ပွဲများ ကျင်းပရန်၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ကူးလူး ဖလှယ်ဆက်ဆံရန် ၊ နယ်ပယ်စုံ၊ ကဏ္ဍအသီးသီး၌ အဆင့်တိုင်းတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ဝါဒကို ဆက်လက်ထိန်းသိမ်းရန် အဆင်သင့်ရှိကြောင်း ချင်ကန်းကပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM meets French counterpart
BEIJING, April 5 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang on Wednesday met with his French counterpart Catherine Colonna, who is accompanying French President Emmanuel Macron’s visit to China.
Noting that China attaches great importance to Macron’s visit, Qin said China is willing to work with France to advance the China-France comprehensive strategic partnership and practical cooperation in various fields up to a higher level.
Stating that next year marks the 60th anniversary of the establishment of diplomatic ties, Qin said China is ready to hold a series of celebrations and high-level cultural and people-to-people exchanges with France, promote dialogue and cooperation at all levels, in various fields and sectors, and uphold multilateralism.
Chinese State Councilor and Foreign Minister Qin Gang meets with French Foreign Minister Catherine Colonna, who is accompanying French President Emmanuel Macron in a visit to China, in Beijing, capital of China, April 5, 2023. (Xinhua/Gao Jie)