Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၆ ရက် ညနေပိုင်းက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်-ဥရောပသည် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားရှိရာ ပူးပေါင်းဆောင်ရွက်မှုက ယှဉ်ပြိုင်မှုထက်ပို၍ ကြီးမားသလို သဘောတူညီမှုက ကွဲလွဲမှုထက်ပို၍ များပြားကြောင်း ပြောကြားခဲ့သည်။ လက်ရှိ နိုင်ငံတကာ အခြေအနေ အပြောင်းအလဲများ ရှုပ်ထွေးလျက်ရှိရာ တရုတ်-ဥရောပအနေဖြင့် အပြန်အလှန်လေးစားမှုကို ခိုင်မာစွာ ထားရှိ၍ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်၍ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ၊ ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၂၀ ပြည့် ကာလဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးဟူသော ဦးတည်ချက်ကြီးကို အဓိက ထား၍ အလွှာအသီးသီးဆက်ဆံမှုများကို ဘက်စုံ ပြန်လည်ဆောင်ရွက်သွားလိုကြောင်း၊ ကဏ္ဍအသီးသီးရှိ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို အသက်သွင်းကာ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းသွားလိုကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး၏ တည်ငြိမ်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အခြားတတိယတစ်ဖက်ကို ဦးတည်ခြင်း၊ မှီခိုခြင်း၊ ထိန်းချုပ်ခံရခြင်း မရှိကြောင်း ၊ တရုတ်-ဥရောပ သမဂ္ဂ ဆက်ဆံရေးကို တရုတ်နိုင်ငံက မဟာဗျူဟာအဆင့်နှင့်ရေရှည်ရှုထောင့်မှ အစဉ်အမြဲ ထားရှိရာ ဥရောပအပေါ် ထားရှိသော မူဝါဒသည် တည်ငြိမ်မှုနှင့် ချိတ်ဆက်မှု ရှိကြောင်း ၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံအပေါ် ထားရှိသော အသိအမြင်သည် ပို၍လွတ်လပ်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှု ရှိရန်၊ ပို၍လက်တွေ့ကျပြီး အပြုဆောင်သော တရုတ်နိုင်ငံအပေါ်ထားရှိသော မူဝါဒများကို ကျင့်သုံးဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ ဗဟိုအကျိုးစီးပွားနှင့်အရေးကြီးဂရုပြုသောကိစ္စရပ်များကို အပြန်အလှန်လေးစားကာ တွေ့ဆုံဆွေးနွေးမှုဖြင့် ကွဲလွဲမှုများ ပပျောက်အောင် တူညီမှုများကို စုစည်းရမည်ဖြစ်ကြောင်း၊ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အပြန်အလှန်လေးစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးနှင့် ဥရောပတစ်သားတည်းဖြစ်ရေးသည် နှစ်ဘက်အနေဖြင့် အနာဂတ်ကို ရှုမြော်သော မဟာဗျူဟာ ရွေးချယ်မှုဖြစ်ရာ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွင် ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ရမည် ဖြစ်ကြောင်း ၊ တရုတ်ပြည်သူများသည် မိမိနိုင်ငံနှင့်ကိုက်ညီသော မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာတွေ့ခဲ့သည့်အတွက်လည်း ဂုဏ်ယူလျက်ရှိကြောင်း၊ နှစ်ဘက်အနေဖြင့် မတူညီမှုများကိုထားရှိကာ တူညီမှုများကိုရှာဖွေခြင်း၊ အပြန်အလှန်သဘောထားကြီးလက်ခံခြင်း၊ အပြန်အလှန် တန်ဖိုးထားခြင်း၊ အပြန်အလှန်သင်ယူလေ့လာခြင်း ၊ အပြန်အလှန်တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း၊ “ဒီမိုကရေစီဆိုတာ အာဏာရှင်ကို ဆန့်ကျင်ရေး”ဟူသော အဆိုနှင့် “စစ်အေးခေတ်သစ်”ကို လှုံ့ဆော်ခြင်းများက ကမ္ဘာကို ကွဲလွဲမှုနှင့်ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ ဖြစ်ပွားစေမည် ဖြစ်ကြောင်း၊ ပွင့်လင်း၍အပြန်အလှန်ယုံကြည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်-ဥရောပသည် နှစ်ဘက်တံခါးဖွင့်ထား၍ တစ်ဘက်၏ကုမ္ပဏီလုပ်ငန်းများအတွက် တရားမျှတ၍ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရမည်ဖြစ်ရာ ကုန်သွယ်စီးပွားကဏ္ဍများ နိုင်ငံရေးနှင့်လုံခြုံရေးအသွင်ပြောင်းမှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း ၊ နှစ်ဘက်အနေဖြင့် တည်ငြိမ်၍ အပြန်အလှန် ယုံကြည်မှုရှိသော ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်နှင့် “Global Gateway”မဟာဗျူဟာ ချိတ်ဆက်ကာ နှစ်ဘက်စီးပွားရေး စဉ်ဆက်မပြတ်တည်ငြိမ်စွာတိုးတက်ရေးကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ အတူဆွေးနွေး ၊အတူတည်ဆောက်၊ အတည်တူမျှဝေသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အစဉ်အမြဲလက်ကိုင်ထားရာ ဘက်ပေါင်းစုံရေးရာများတွင် ဥရောပနှင့်အတူ ညှိနှိုင်းပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားလိုကြောင်း၊ နိုင်ငံတကာ ဥပဒေကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ရည်ရွယ်ချက်နှင့်မူဝါဒများကို နိုင်ငံတကာဆက်ဆံရေး အခြေခံမူများအဖြစ် ထားရှိကာ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်ကို အတူကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အတူကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒ၊ “ကွင်းဆက်ဖြတ်တောက်မှု”များကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။
နှစ်ဘက်အနေဖြင့် မက်ခရိုစီးပွားရေးနှင့်ဘဏ္ဍာရေးမူဝါဒ ညှိနှိုင်းဆွေးနွေးမှုများကို အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ အစိမ်းရောင် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိမ်းရောင်ဘဏ္ဍာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာ၊ သန့်စင်စွမ်းအင် စသည့်ကဏ္ဍများ၌ တွေ့ဆုံဆွေးနွေးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်ဘက်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတူဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ G20 ကြွေးမြီဆိုင်းငံ့မှုအဆိုပြုချက်တွင် ဘက်ပေါင်းစုံ အဖွဲ့အစည်းများနှင့်ဘဏ္ဍာရေးအရင်းအနှီးများ ပါဝင်လာစေရန် တွန်းအားပေးရမည် ဖြစ်ပြီး အာဖရိက စသည့်ဒေသများတွင် သုံးပွင့်ဆိုင်၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းရမည် ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ဥရောပအနေဖြင့် တရုတ်နိုင်ငံ၏သမိုင်းနှင့်ယဉ်ကျေးမှုကို လေးစားကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ-တရုတ် ပွင့်လင်းမှု၊ အပြုသဘောဆောင်မှုရှိသော တွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပသမဂ္ဂ-တရုတ်ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းထားခြင်းသည် ဥရောပတိုက်၏ တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးကြောင်း ၊ ဥရောပသမဂ္ဂနှင့်တရုတ်သည် အဓိက ကုန်သွယ်ရေးမိတ်ဖက်များဖြစ်ရာ အပြန်အလှန်စီးပွားရေးဆက်နွယ်မှုများ အလွန်များပြားရာ တရုတ်နိုင်ငံနှင့် “ကွင်းဆက်ဖြုတ်ခြင်း”သည် ဥရောပသမဂ္ဂ၏အကျိုးစီးပွားနှင့်ကိုက်ညီမှုမရှိသလို ဥရောပသမဂ္ဂ၏ မဟာဗျူဟာရွေးချယ်မှုလည်း မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံအပေါ် မူဝါဒများကို ဥရောပသမဂ္ဂက လွတ်လပ်စွာ ကိုယ်ပိုင် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ဥရောပသည် တရုတ်နိုင်ငံနှင့်အတူ ဥရောပသမဂ္ဂ-တရုတ် ကုန်သွယ်စီးပွား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်ဆောင်ရွက်သွားလိုပြီး ဥရောပသမဂ္ဂ-တရုတ် ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ၊ အပြန်အလှန်အကျိုးရှိသောဘုံရလဒ်များကို ဖော်ဆောင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ သဘောတူစာချုပ်ဝင်နိုင်ငံများ ၁၅ ကြိမ်မြောက်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဥရောပအနေဖြင့် ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံ၏ကာဗွန်လျှော့ချရေး အားထုတ်မှုကို တန်ဖိုးထားကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း အာဆူလာ ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း လက်ရှိကမ္ဘာကြီးသည် မသေချာမရေရာမှုများနှင့်ပြည့်နှက်နေရာ ဥရောပသမဂ္ဂနှင့်တရုတ်သည် အပြန်အလှန်လေးစားမှု၊ ရိုးသားမှု၊ နှိမ့်ချမှုဖြင့် တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “ကွင်းဆက်ပြတ်တောက်”သည့် ထောင်ချောက်အတင်း မကျဆင်းအောင်၊ တန်းတူညီမျှ ဘုံအကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုစသည့် အရေးကြီးသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရန်၊ ဥရောပသမဂ္ဂ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်ရန် နှစ်ဘက်အတူကြိုးပမ်းသင့်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ခေါင်းဆောင် ၃ ဦးက အမြင်သဘောထားများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။ အာဆူလာ ဗွန်ဒါလီယန်နှင့်မက်ခရွန်တို့က ဥရောပ၏ သဘောထားအမြင်ကို ပြောကြားရာတွင် တရုတ်နိုင်ငံက ယူကရိန်းအကျပ်အတည်းကို ဖန်တီးသူမဟုတ်ကြောင်း၊ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ၏ တွန်းအားပေးကြိုးပမ်းဆောင်ရွက်မှုများကို ဥရောပအနေဖြင့် တန်ဖိုးထားကြောင်း၊ ပိုမိုအရေးကြီးသောအခန်းကဏ္ဍတွင် တရုတ်နိုင်ငံ ပါဝင်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနည်းလမ်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်ကလည်း တရုတ်နိုင်ငံသည် ဖြစ်ရပ်၏ အမှားအမှန်အခြေအနေအရ မိမိ၏ ရပ်တည်ချက်ကို လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏နည်းလမ်းက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်သာ ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံက စိတ်အေးအေးနှင့်ဆင်ခြင်တုံတရားရှိစွာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေးအခြေအနေကို အတူတကွ ဖန်တီးသွားကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ လက်ရှိ အရေးကြီးတာဝန်မှာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးခြင်း ဖြစ်ပြီး ပြဿနာရပ်များ ပိုမိုရှုပ်ထွေးအောင် မီးလောင်ရာ လေပင့်လုပ်ဆောင်ခြင်းကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် တရုတ်-ဥရောပအကြား တည်ရှိသော ပြဿနာမဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း၊ ဥရောပ၏ ပင်ကိုယ်နှင့် ရေရှည် အကျိုးစီးပွားဟူသောရှုထောင့်မှ အဆိုပြုသော နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး အတွေးအမြင်နှင့်နည်းလမ်းများ၊ ဟန်ချက်ညီ ထိရောက်မှုရှိသော စဉ်ဆက်မပြတ်ဖြစ်သည့် ဥရောပတိုက်လုံခြုံရေးမူဘောင် တည်ဆောက်ရေး တွန်းအားပေးမှုများကို ထောက်ခံသွားမည် ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဝမ်ရိနှင့်ချင်ကန်းတို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
习近平同法国总统马克龙、欧盟委员会主席冯德莱恩举行中法欧三方会晤
新华社北京4月6日电(记者刘华)4月6日下午,国家主席习近平在人民大会堂同法国总统马克龙、欧盟委员会主席冯德莱恩举行中法欧三方会晤。
习近平指出,中欧双方有着广泛共同利益,合作大于竞争,共识多于分歧。当前,国际形势复杂多变,中欧双方应该坚持相互尊重,增进政治互信,加强对话合作,共同维护世界和平稳定,促进共同发展繁荣,携手应对全球性挑战。今年是中国同欧盟建立全面战略伙伴关系20周年。中方愿同欧方一道,把握好中欧关系发展大方向和主基调,全面重启各层级交往,激活各领域互利合作,为中欧关系发展和世界和平、稳定、繁荣注入新动力。
习近平强调,要增强中欧关系的稳定性。中欧关系不针对、不依附、不受制于第三方。中方始终从战略高度和长远角度看待中欧关系,对欧政策保持稳定性和连续性。希望欧方形成更为独立、客观的对华认知,奉行务实、积极的对华政策。双方要尊重彼此核心利益和重大关切,通过对话协商聚同化异。要相互尊重彼此发展道路。中国式现代化和欧洲一体化是双方各自着眼未来作出的战略选择,双方要做彼此发展道路上可信、可靠的合作伙伴。中国人民为自己找到的符合本国国情的正确发展道路感到自豪。双方应该求同存异,相互包容、相互欣赏、相互借鉴、相互促进。渲染所谓“民主对抗威权”、挑动“新冷战”,只会给世界带来分裂和对抗。要维护开放互信的合作环境。中欧要保持双向开放,为对方企业提供公平、非歧视性的营商环境,避免将经贸问题政治化、安全化。双方要构建稳定互信的供应链,对接“一带一路”倡议同欧盟“全球门户”战略,助力双方经济长期稳定增长。
习近平强调,中国始终坚持真正的多边主义,坚持共商共建共享的全球治理观,愿同欧方加强在多边事务中的协调合作,共同维护以联合国为核心的国际体系、以国际法为基础的国际秩序、以联合国宪章宗旨和原则为基础的国际关系基本准则。中欧要共同维护世界稳定和繁荣,反对霸权主义、单边主义,反对“脱钩断链”。双方要加强宏观经济和金融政策沟通协调,深化绿色伙伴关系,加强绿色金融、环境技术、清洁能源等领域对话和合作。双方要帮助发展中国家共同发展,推动多边机构和金融资本更多参与二十国集团缓债倡议,探讨在非洲等地开展三方、多方合作。
冯德莱恩表示,欧方尊重中国历史和文化。欧中进行坦诚和建设性的对话,保持欧中关系持续发展,对欧洲的和平稳定至关重要。欧中互为重要贸易伙伴,彼此经济高度关联,同中国“脱钩”不符合欧方利益,不是欧盟的战略选择,欧盟独立自主地决定对华政策。欧方愿同中方重启欧中经贸高层对话,推进欧中经贸关系稳定平衡发展,实现互利共赢。欧方祝贺中方成功举办《生物多样性公约》第十五次缔约方大会,赞赏中方为减少碳排放所做努力,希望同中方加强沟通协调,合作应对全球性挑战,为促进世界和平、稳定和发展发挥应有作用。
马克龙表示,当今世界充满不确定性,需要欧中双方以相互尊重和坦诚谦逊的态度加强对话交流。双方应共同努力,不掉入“脱钩断链”的陷阱,开展平等互利合作,共同应对气候变化等紧迫全球性挑战,不断深化欧中全面战略伙伴关系。
三位领导人就乌克兰危机交换了意见。冯德莱恩和马克龙介绍了欧方看法,表示中方不是乌克兰危机的制造者,欧方赞赏中方为推动政治解决乌克兰危机所做努力,期待中方发挥更加重要作用,愿同中方合作,找到劝和促谈的办法。
习近平强调,中国始终根据事情本身的是非曲直独立自主决定立场。中方在乌克兰问题上的方针归结为一句话,就是劝和促谈。中方敦促各方保持冷静和理智,共同为和谈创造条件。当务之急是推动停火止战,反对火上浇油、让问题复杂化。乌克兰危机不是中欧之间的问题。中方将继续为劝和促谈发挥积极作用,支持欧方从自身根本和长远利益出发,提出政治解决乌克兰危机的思路和方案,推动构建均衡、有效、可持续的欧洲安全框架。
王毅、秦刚等参加会晤。(完)

1. 4月6日下午,国家主席习近平在北京人民大会堂同法国总统马克龙、欧盟委员会主席冯德莱恩举行中法欧三方会晤。 新华社记者 翟健岚 摄