Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev နှင့် ရှီးအန်းမြို့တွင် မေ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev နှင့် ရှီးအန်းမြို့တွင် မေ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့သည် အပြန်အလှန်ယုံကြည်ထိုက်သော မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်ပုံစံခေတ်မီအသွင်ဖြင့် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်လျက်ရှိသလို ကာဇက်စတန်နိုင်ငံသည်လည်း စည်ပင်သာယာ၍ “သစ်လွင်သော ကာဇက်စတန်နိုင်ငံ” တည်ဆောက်မှုများကို လျင်မြန်စွာ ဆောင်ရွက်လျက်ရှိကြောင်း ၊ နှစ်နိုင်ငံစလုံးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးသို့ လျှောက်လှမ်းနေသော အချိန်အခါတွင် “ရွှေရောင်ထွန်းတောက်သည့် နှစ် ၃၀ ” တရုတ်-ကာဇက်စတန် ဆက်ဆံရေးကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ ခိုင်မာစွာ အပြန်အလှန် အားပေးထောက်ခံခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို နီးကပ်စွာ ချိတ်ဆက်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူ ကြိုးပမ်းခြင်းဖြင့် ခေတ်အဆက်ဆက် ချစ်ကြည်ရေး ၊ အပြန်အလှန် ယုံကြည်မှု မြင့်မားရေး၊ အေးအတူ ပူအမျှ တရုတ်-ကာဇက်စတန် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayevက တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်၍ တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် လာရောက်ရသည့်အတွက် အထူးဝမ်းသာကြောင်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်မှုတွင် တရုတ်နိုင်ငံက ကြီးမားသော အောင်မြင်မှုများရရှိသည့်အတွက် ဂုဏ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံသည် ပို၍ ထွန်းထောက်သော အနာဂတ်ကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း၊ သမ္မတရှီကျင့်ဖိန်၏ ကာဇက်စတန်-တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်မှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး အားဖြည့်ရေးအကြံပြုချက်များကို မိမိအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာဇက်စတန်၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံက ထူးခြား၍အရေးကြီးသော နေရာတွင် ရှိရာ ကာဇက်စတန်-တရုတ် ဆက်ဆံရေးသည် နက်ရှိုင်းသောချစ်ကြည်ရေးနှင့် ခိုင်မာသော အပြန်အလှန် ယုံကြည်မှုတွင် အခြေခံသော ဘုံရည်မှန်းချက်နှင့်တာဝန်များရှိကြောင်း၊ ကာဇက်စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ထာဝရ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်ဘက်ကုန်သွယ်ရေး၊ ခရီးသွား၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရရေးရာ စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ကာ “ရွှေရောင်ထွန်းတောက်သည့် နှစ် ၃၀ ” ကာဇက်စတန်-တရုတ်ကဏ္ဍသစ် ဖွင့်လှစ်ရေး ပို၍ခိုင်မာသော အခြေခံများကို တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များအတူ 《တရုတ်-ကာဇက်စတန် ပူးတွဲကြေညာချက်》ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်စီးပွား၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အပြန်အလှန်ချိန်ဆက်မှု၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရရေးရာ စသည်ကဏ္ဍများတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ကြသည်ကို သက်သေပြုခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
习近平同哈萨克斯坦总统托卡耶夫会谈
新华社西安5月17日电(记者杨依军、陈晨)5月17日下午,国家主席习近平在西安同来华出席中国-中亚峰会并进行国事访问的哈萨克斯坦总统托卡耶夫会谈。
习近平指出,中哈是彼此值得信赖的好朋友、好兄弟、好伙伴。中国正在以中国式现代化全面推进中华民族伟大复兴,哈萨克斯坦正在建设快速发展、欣欣向荣的“新哈萨克斯坦”。中哈都处在发展振兴的关键阶段,中哈关系已经开启新的“黄金三十年”。双方要大力弘扬传统友好,坚定相互支持,密切发展战略对接,深化互利合作,共谋发展振兴,推动构建世代友好、高度互信、休戚与共的中哈命运共同体。
托卡耶夫表示,很高兴应邀来到西安出席中国-中亚峰会并对中国进行国事访问。祝贺习近平主席领导中国取得伟大成就,相信中国将拥有更加辉煌的未来。我完全赞同习近平主席对哈中关系的评价以及对进一步加强两国合作的建议。中国在哈对外政策中具有特殊重要位置,哈中关系基于深厚友谊和牢固互信,拥有共同目标和任务。哈方愿同中方一道,进一步加强哈中永久全面战略伙伴关系,扩大双边贸易、旅游、人文、地方等各领域合作,为哈中开启新的“黄金三十年”奠定更加坚实的基础。
会谈后,两国元首签署了《中华人民共和国和哈萨克斯坦共和国联合声明》,共同见证签署经贸、能源、交通、农业、互联互通、人文、地方等领域多项双边合作文件。
1. 5月17日下午,国家主席习近平在西安同来华出席中国-中亚峰会并进行国事访问的哈萨克斯坦总统托卡耶夫会谈。 新华社记者 刘彬 摄