Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြံပြုချက် ၈ ချက်အား အဆိုပြု ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ကျင်းပသော ပထမအကြိမ်မြောက် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည်ကို မေ ၁၉ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၉ ရက်က ကျင်းပသော တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတွင် အဓိကမိန့်ခွန်းပြောကြားခဲ့ရာ တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော အစီအစဉ်၊ တည်ဆောက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် အကြံပြုချက် ၈ ချက် အား ပြောကြားခဲ့သည်။ ၎င်းတို့မှာ-

(၁) အင်စတီကျူးရှင်းတည်ဆောက်မှုကို အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ မိမိတို့အနေဖြင့် သံတမန်ရေး၊ ကုန်သွယ်စီးပွား၊ အကောက်ခွန် စသည့် ကဏ္ဍများတွင် တွေ့ဆုံဆွေးနွေးမှုယန္တရားနှင့် စီးပွားရေးကောင်စီကို တည်ထောင်ပြီးဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံအသီးသီးနှင့် ဘက်စုံထောင့်စုံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို ကျယ်ပြန့်စွာ တည်ဆောက်ရေးအတွက် စက်မှုလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အရေးပေါ်စီမံခန့်ခွဲရေး၊ ပညာရေး ၊ နိုင်ငံရေးပါတီ စသည့် ကဏ္ဍများတွင် တွေ့ဆုံဆွေးနွေးမှုယန္တရား တည်ဆောက်ရန် အဆိုပြုထားပါသည်။

(၂) ကုန်သွယ်စီးပွားဆက်ဆံရေးကို တိုးချဲ့ရမည် ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ကုန်သွယ်မှု အဆင်ပြေလွယ်ကူရေးအတွက် အစီအမံ များစွာ လုပ်ဆောင်သွားမည် ဖြစ်ပြီး နှစ်ဘက်ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။ နှစ်ဘက်နယ်စပ်ဂိတ်များတွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆက်စပ်သော ထုတ်ကုန်ပစ္စည်းများ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး “အစိမ်းရောင်လမ်းကြောင်း”လွှမ်းခြုံအောင် ဖော်ဆောင်သွားမည်ဖြစ်သလို အလယ်အာရှဒေသထုတ်ကုန်ပစ္စည်းများ တိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်း လှုပ်ရှားမှုပွဲတော်များ ပြုလုပ်၍ ကုန်စည်ရောင်းဝယ်ရေးစင်တာ တည်ဆောက်ကာ ကုန်သွယ်ရေးအတိုင်းအတာ အဆင့်သစ် လျှောက်လှမ်းနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

(၃) အပြန်အလှန်ဆက်သွယ် ချိတ်ဆက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရမည် ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးပမာဏကို ဘက်စုံ မြှင့်တင်သွားမည် ဖြစ်ပြီး ကက်စပီယံပင်လယ်ဖြတ်ကျော်သည့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး စင်္ကြံတည်ဆောက်မှုကို ထောက်ခံအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်၊ တရုတ်-တာဂျစ်ကစ္စတန်-ဥဇဘက်ကစ္စတန် ကုန်လမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းစီမံကိန်း ချိတ်ဆက်မှု ဆွေးနွေးပွဲများကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိ နယ်စပ်ဂိတ်/ဆိပ်ကမ်းများကို ခေတ်မီအသွင် ပြောင်းလဲတည်ဆောက်မှုကို အရှိန်မြှင့်တင်ခြင်း၊ Biedieli နယ်စပ်ဂိတ်/ဆိပ်ကမ်းကို ထပ်တိုးဖွင့်လှစ်ခြင်း၊ လေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက် ပွင့်လင်းလာရေး တွန်းအားပေးခြင်းဖြင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်သည်။ တရုတ်-ဥရောပ ရထား ကုန်စည် စုစည်းမှုစင်တာ တည်ဆောက်မှုကို အားဖြည့်ဆောင်ရွက်ခြင်း၊ အားသာချက်ရှိသော ကုမ္ပဏီလုပ်ငန်းများအား အလယ်အာရှဒေသ နိုင်ငံများတွင် ပြည်ပကုန်လှောင်ရုံတည်ဆောက်မှုကို အားပေးဆောင်ရွက်ခြင်း၊ အထွေထွေ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပလက်ဖောင်း တည်ဆောက်ခြင်း များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

(၄) စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရမည် ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် တရုတ်-အလယ်အာရှ စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရန်၊ တရုတ်-အလယ်အာရှ သဘာဝဓါတ်ငွေ့ပိုက်လိုင်း Line D တည်ဆောက်ရန်၊ နှစ်ဘက် ရေနံနှင့်သဘာဝဓတ်ငွေ့ကုန်သွယ်ရေးပမာဏ တိုးချဲ့ရန်၊ စွမ်းအင်စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုလုံးပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် ဆောင်ရွက်ရန်၊ စွမ်းအင်သစ်နှင့် ငြိမ်းချမ်းစွာနှင့် နျူကလီးယားစွမ်းအင်အသုံးပြုခြင်း ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် အဆိုပြုပါသည်။

(၅) အစိမ်းရောင် ဆန်းသစ်တီထွင်မှုများကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အလယ်အာရှဒေသ နိုင်ငံများနှင့်အတူ ဆားငန်မြေ-အယ်ကာလိုင်းမြေကို စီမံဆောင်ရွက်ခြင်း၊ ရေချွေတာ ဆည်မြောင်းစနစ်စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။ မိုးနည်းဒေသ လယ်ယာစိုက်ပျိုးရေး ပူးတွဲ ဓါတ်ခွဲခန်းကို အတူတည်ဆောက်၍ အေရယ်ပင်လယ် ဂေဟစနစ်အကျပ်အတည်း ဖြေရှင်းရေး တွန်းအားပေး ဆောင်ရွက်သွားလိုပြီး အလယ်အာရှဒေသတွင် အဆင့်မြင့် နည်းပညာကုမ္ပဏီလုပ်ငန်းများ၊ IT စက်မှုဥယျာဉ်များ တည်ဆောက်မှုကို အားပေးထောက်ခံသွားမည် ဖြစ်သည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အထူး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ဖြစ်သော စဉ်ဆက်မပြတ် နည်းပညာဖွံ့ဖြိုးရေး၊ ဆန်းသစ်ဖန်တီးသော လုပ်ငန်းများ၊ အာကာသ သတင်းအချက်အလက်နည်းပညာ စသည့်ကဏ္ဍများတွင် အလယ်အာရှနိုင်ငံများ ပါဝင်မှုကို တရုတ်နိုင်ငံက ကြိုဆိုပါသည်။

(၆) ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည် မြှင့်တင်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် သိပ္ပံနှင့်နည်းပညာအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ရေးဆွဲသွားမည် ဖြစ်ပြီး “တရုတ်-အလယ်အာရှ နည်းပညာနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်” ကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အလယ်အာရှနိုင်ငံများတွင် “Luban Workshops”များ ပိုမို တည်ဆောက်သွားမည် ဖြစ်ပြီး အလယ်အာရှဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းများကို ဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးရန် အားပေးဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်-အလယ်အာရှဒေသ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် အလယ်အာရှနိုင်ငံများကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူတွန်းအားပေးသည့်အနေဖြင့် တရုတ်နိုင်ငံက အလယ်အာရှနိုင်ငံများကို ယွမ် ၂၆ ဘီလီယံ ငွေကြေးပံ့ပိုးမှုများနှင့် အခမဲ့အကူအညီများ ပေးအပ်သွားမည် ဖြစ်သည်။

(၇) ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်သွားရမည် ဖြစ်သည်။ တရုတ်နိုင်ငံက အလယ်အာရှနိုင်ငံများကို “ယဉ်ကျေးမှု ပိုးလမ်းမ”အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ကာ အလယ်အာရှဒေသတွင် တိုင်းရင်းဆေးပညာစင်တာများ ပိုမိုတည်ဆောက်သွားမည် ဖြစ်ပြီး ယဉ်ကျေးမှုစင်တာများ အပြန်အလှန်ထားရှိခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ အလယ်အာရှနိုင်ငံများအတွက် တရုတ်အစိုးရပညာတော်သင်ဆုများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပြီး “ပိုးလမ်းမ တက္ကသိုလ်များ မဟာမိတ်ဆက်ဆံရေး”တွင် အလယ်အာရှနိုင်ငံများရှိ အဆင့်မြင့်ပညာကျောင်းများ ပါဝင်မှုကို အားပေးထောက်ခံ သွားမည် ဖြစ်သည်။ တရုတ်-အလယ်အာရှဒေသ ပြည်သူများ ယဉ်ကျေးမှုအနုပညာနှစ်နှင့် တရုတ်-အလယ်အာရှ မီဒီယာအဆင့်မြင့်တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်မည် ဖြစ်သည်။ “တရုတ်-အလယ်အာရှ ယဉ်ကျေးမှုနှင့်ခရီးသွားမြို့ ”ရွေးချယ်ပွဲများကို ဆောင်ရွက်ကာ အလယ်အာရှဒေသ၏ လူမှုယဉ်ကျေးမှု ခရီးသွားကဏ္ဍကို တွန်းအားပေး‌ဆောင်ရွက်သွားမည် ဖြစ်သည်။

(၈) ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အလယ်အာရှနိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေးစွမ်းရည်တည်ဆောက်မှုကို ကူညီဆောင်ရွက်ကာ နိုင်ငံအသီးသီး၏ လွတ်လပ်သော ဒေသတွင်းလုံခြုံရေးထိန်းသိမ်းမှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းမှု၊ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို အားပေးဆောင်ရွက်သွားလိုသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းဆွေးနွေးရေးယန္တရားတွင် ဆက်လက်ပါဝင်ကာ အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အတူတွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

…………………………….
(Chinese Version)

新华社权威速览 | 关于中国同中亚国家合作,习近平主席提出“八点建议”
5月19日,国家主席习近平在中国—中亚峰会上发表主旨讲话,就如何将中国—中亚合作规划好、建设好、发展好,提出“八点建议”。
一是加强机制建设。我们已经成立外交、经贸、海关等会晤机制和实业家委员会。中方还倡议成立产业与投资、农业、交通、应急管理、教育、政党等领域会晤和对话机制,为各国开展全方位互利合作搭建广泛平台。
二是拓展经贸关系。中方将出台更多贸易便利化举措,升级双边投资协定,实现双方边境口岸农副产品快速通关“绿色通道”全覆盖,举办“聚合中亚云品”主题活动,打造大宗商品交易中心,推动贸易规模迈上新台阶。
三是深化互联互通。中方将全面提升跨境运输过货量,支持跨里海国际运输走廊建设,提升中吉乌、中塔乌公路通行能力,推进中吉乌铁路项目对接磋商。加快现有口岸现代化改造,增开别迭里口岸,大力推进航空运输市场开放,发展地区物流网络。加强中欧班列集结中心建设,鼓励优势企业在中亚国家建设海外仓,构建综合数字服务平台。
四是扩大能源合作。中方倡议建立中国-中亚能源发展伙伴关系,加快推进中国-中亚天然气管道D线建设,扩大双方油气贸易规模,发展能源全产业链合作,加强新能源与和平利用核能合作。
五是推进绿色创新。中方愿同中亚国家在盐碱地治理开发、节水灌溉等领域开展合作,共同建设旱区农业联合实验室,推动解决咸海生态危机,支持在中亚建立高技术企业、信息技术产业园。中方欢迎中亚国家参与可持续发展技术、创新创业、空间信息科技等“一带一路”专项合作计划。
六是提升发展能力。中方将制定中国同中亚国家科技减贫专项合作计划,实施“中国-中亚技术技能提升计划”,在中亚国家设立更多鲁班工坊,鼓励在中亚的中资企业为当地提供更多就业机会。为助力中国同中亚国家合作和中亚国家自身发展,中方将向中亚国家提供总额260亿元人民币的融资支持和无偿援助。
七是加强文明对话。中方邀请中亚国家参与“文化丝路”计划,将在中亚设立更多传统医学中心,加快互设文化中心,继续向中亚国家提供政府奖学金名额,支持中亚国家高校加入“丝绸之路大学联盟”,办好中国同中亚国家人民文化艺术年和中国-中亚媒体高端对话交流活动,推动开展“中国-中亚文化和旅游之都”评选活动、开行面向中亚的人文旅游专列。
八是维护地区和平。中方愿帮助中亚国家加强执法安全和防务能力建设,支持各国自主维护地区安全和反恐努力,开展网络安全合作。继续发挥阿富汗邻国协调机制作用,共同推动阿富汗和平重建。

1. 5月19日上午,国家主席习近平在陕西省西安市主持首届中国-中亚峰会并发表题为《携手建设守望相助、共同发展、普遍安全、世代友好的中国-中亚命运共同体》的主旨讲话。