Connect with us

China

လျန်ယွင်ကန်မြို့တွင် ခရီးစဉ် ၁၅,၀၀၀ မြောက် အလယ်အာရှကုန်တင်ရထား ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ ရှီးအန်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် ကာဇက်စတန်နိုင်ငံသို့ထွက်ခွါမည့် X9041ရထားကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သော လျန်ယွင်ကန်မြို့တွင် အလယ်အာရှ ၅ နိုင်ငံမှ ကုန်တင်ရထား အသွား၊ အပြန် ခရီးစဉ် ၁၅,၀၀၀ ပြေးဆွဲခဲ့ကြောင်း သိရသည်။

ကြွေပြားများ၊ တာယာများနှင့် စက်ကိရိယာသုံး စက်ဆီချောဆီများ ပါဝင်သော TEU ၁၀၀ ကွန်တိန်များအပြည့်တင်ဆောင်လာသည့် ကုန်တင်ရထားတစ်စင်းသည် ကာဇက်စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ဦးတည်ကာ လျန်ယွင်ကန်မြို့မှ ထွက်ခွာသွားခဲ့သည်။

အဆိုပါရထားသည် ၁၉၉၂ ခုနှစ်က New Eurasian Land Bridge ဖွင့်လှစ်ချိန်မှစ၍
လျန်ယွင်ကန်-အလယ်အာရှနိုင်ငံများ ကုန်တင်ရထားခရီးစဉ် ၁၅,၀၀၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း Jiangsu International Rail Freight Express ကုမ္ပဏီလီမိတက်အရ သိရသည်။

လျန်ယွင်ကန်မြို့သည် မကြာသေးမီနှစ်များအတွင်း နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားဝန်ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ထိရောက်သော အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကို မြှင့်တင်ခြင်းအစီအစဉ်များစွာ ဆောင်ရွက်ခဲ့သည်။

လျန်ယွင်ကန်မြို့နှင့် အလယ်အာရှနိုင်ငံများကြား ကုန်တင်ရထားဝန်ဆောင်မှုသည် နိုင်ငံတစ်ဝန်း တရုတ်-ဥရောပ ကုန်တင်ရထား ပေါ်ထွက်လာခြင်း၏ စံနမူနာလည်း ဖြစ်သည်။

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု အရေအတွက်မှာ ယမန်နှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်း၊ ခရီးစဉ် ၄,၁၈၆ ခု မြင့်တက်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Chinese city sees 15,000th Central Asia freight train trip

NANJING, May 19 (Xinhua) — The coastal city of Lianyungang in east China’s Jiangsu Province has reported 15,000 freight train trips to and from the five Central Asian countries.

A cargo train, fully loaded with 100 twenty-foot equivalent unit (TEU) containers of ceramic tiles, tires and grease processing equipment, left Lianyungang for Kazakhstan and Uzbekistan on Thursday.

This marked the 15,000th Lianyungang-Central Asian countries freight train trip since December 1992 when the New Eurasian Land Bridge opened, according to Jiangsu International Rail Freight Express Co., Ltd..

The city has taken a series of measures in recent years to raise the efficiency of customs clearance to facilitate the cross-border freight train service.
The freight train service between Lianyungang and Central Asia is the epitome of booming China-Europe freight train services nationwide.
In the first quarter of this year, the number of China-Europe freight train services surged by 15 percent year on year to 4,186 trips, according to the China State Railway Group Co., Ltd.
Photo – The X9041 train leaves Xi’an International Port for Kazakhstan in Xi’an, northwest China’s Shaanxi Province, April 13, 2021. (Xinhua/Li Yibo)