Connect with us

Europe

ယူကရိန်း အဓိက အခြေခံအဆောက်အအုံများ တစ်ရက်အတွင်း ဒုံးကျည်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံရ၊ ယူကရိန်း လေယာဉ်မှူးများကို လေ့ကျင့်ပေးရန် ကြိုးပမ်းနေသည့်

Bakhmutမြို့ အနောက်ပိုင်းရှိ Chasiv Yar တွင် ပျက်စီးနေသော သံချပ်ကာယာဉ်အား ပြုပြင်နေသည့် ယူကရိန်းစစ်သားများအား ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒိန်းမတ်နှင့်နယ်သာလန်အား ရုရှား သတိပေး ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ် စသည့် နေရာများရှိ စစ်ဘက်ဆိုင်ရာ နှင့် အဓိက အခြေခံ အဆောက်အအုံများ မေ ၂၉ ရက်က ဒုံးကျည်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်။ ရုရှားစစ်တပ်က ဒိန်းမတ်နှင့် နယ်သာလန်၏ ယူကရိန်း လေယာဉ်မှူးများကို လေ့ကျင့်ပေးရန် ကြိုးပမ်းနေမှုကို တုံ့ပြန်နိုင်စွမ်းရှိသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မေ ၂၉ ရက်တွင် သတိပေး ပြောကြားလိုက်သည်။—— ရုရှားက ယူကရိန်း စစ်ဘက်ဆိုင်ရာနှင့် အဓိက အခြေခံ အဆောက်အအုံများကို မေ ၂၉ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ် Valery Zaluzhny က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် အတည်ပြုခဲ့သည်။ ယူကရိန်း လေတပ်၏ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဝေဟင်ပစ်မှတ်များကို တားဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Bakhmutမြို့အနီးရှိ တာဝန်ကျ ယူကရိန်း စစ်သားများအား ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

—— ကိဗ်မြို့တွင် မေ ၂၉ ရက် နံနက်ပိုင်းက Kh-101 ၊ Kh-555 ခရုဇ်ဒုံးကျည်နှင့် ဒရုန်းယာဉ်များ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ ဒုံးကျည်နှင့်ဒရုန်းယာဉ် ၄၀ ကျော်၏ တိုက်ခိုက်မှုကို ကိဗ်မြို့ လေကြောင်းရန် ကာကွယ်ရေးက အလုံးစုံ တားဆီးနိုင်ခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinformက စစ်တပ်၏ သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။ မြို့တွင်း ဒေသ သုံးခုရှိ နေရာ ၆ ခုတွင် ဒုံးကျည်အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိဗ်မြို့တော်ဝန် Klitschkoက အချင်းဖြစ်ပွားသောနေ့ နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

—— ဒိန်းမတ်နှင့် နယ်သာလန်၏ ယူကရိန်း လေယာဉ်မှူးများကို F-16 တိုက်လေယာဉ် မောင်းနှင်ရေး လေ့ကျင့်ပေးရန် ကြိုးပမ်းနေမှုကို ရုရှားစစ်တပ်က တုံ့ပြန်နိုင်စွမ်းရှိသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မေ ၂၉ ရက်တွင် သတိပေး ပြောကြားလိုက်သည်။ ဒိန်းမတ်နှင့်နယ်သာလန်က ယူကရိန်းလေယာဉ်မှူးများ လေ့ကျင့်ရေးတွင် ရှေ့တန်းက ရှိနေပြီး ဥရောပအရေး အမေရိကန်နောက်လိုက်လုပ်ရာတွင် ဗိုလ်ကျစိုးမိုးသူကို မျက်နှာသာလုပ်နေကြောင်း ၎င်းက ဝေဖန် ပြောဆိုလိုက်သည်။

Bakhmutမြို့အနီးရှိ တာဝန်ကျ ယူကရိန်း စစ်သားများအား ၂၀၂၃ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

—— ယူကရိန်းအရေးတွင် အနောက်နိုင်ငံများ၏ပါဝင်မှုက နေ့စဉ်နှင့်အမျှ များပြားလာခဲ့ကြောင်း၊ ထိုသို့ပါဝင်မှုက ပဋိပက္ခဖြစ်စဉ်ကို ပို၍ ကြာရှည်စေမည်သာဖြစ်ပြီး အခြေအနေကို အမြစ်ပြတ် ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ပြန်ကြားရေးဌာန အတွင်းဝန် Sergey Peskovက ရုပ်သံ မေးမြန်ခန်းအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ကြောင်း TASS သတင်းအေဂျင်စီက မေ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။ အထူးစစ်ရေးလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ရုရှားနိုင်ငံသည် မိမိ၏အကျိုးစီးပွားကို ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

——ဇူလိုင်လတွင် Vilnius ၌ ကျင်းပမည့် NATO ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း NATOအဖွဲ့ဝင် ဖြစ်ရေး လျှောက်လှမ်းရာလမ်းတွင် အခြားစားထိုးရွေးချယ်မှု မရှိတော့ရန် မျှော်လင့်သည့်တစ်ချိန်တည်းတွင်ပင် ယူကရိန်း NATOအဖွဲ့ဝင် မဖြစ်မီ လုံခြုံရေးအာမခံချက်ကို အတည်ပြုပေးရန် မျှော်လင့်ကြောင်း ယူကရိန်း သမ္မတရုံး အကြီးအကဲ Andriy Yermakက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတရုံးဝက်ဘ်ဆိုက်၏ ယင်းနေ့ ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)
#Ukraine #Russia #Conflict #ယူကရိန်း #ရုရှား #ပဋိပက္ခ
………………………
(乌克兰局势)最新动态:乌重要设施一天内遭两轮导弹袭击 俄对丹麦、荷兰意图培训乌飞行员发出警告
新华社北京5月30日电综合新华社驻外记者报道:乌克兰首都基辅等地的军事设施和关键基础设施29日遭到两轮导弹袭击,基辅多地传出爆炸声。俄罗斯外交部长拉夫罗夫29日警告说,俄武装力量有能力对丹麦、荷兰培训乌克兰飞行员的意图作出回应。
——乌武装部队总司令扎卢日内29日在社交媒体发文证实,当天凌晨至上午,俄罗斯针对乌克兰的军事设施和关键基础设施发动了两轮导弹袭击。乌空军位于中部、东部、西部和南部的防空部队对空中目标进行了拦截。
——乌克兰国家通讯社援引军方消息称,在当天凌晨的空袭中,基辅遭到Kh-101和Kh-555巡航导弹和无人机同步袭击,来袭的40多个导弹和无人机“目标”被基辅防空火力全部拦截。基辅市长克利奇科当天上午在社交媒体发文称,该市3个区发现了6处导弹碎片,空袭导致1人受伤。
——俄罗斯外交部长拉夫罗夫29日表示,针对丹麦与荷兰欲对乌克兰飞行员进行F-16战机驾驶培训的意图,俄武装力量有能力作出回应。他批评丹麦与荷兰在培训乌克兰飞行员中“走在前列”,在欧洲事务中积极追随美国,“取悦霸权者”。
——据塔斯社27日报道,俄罗斯总统新闻秘书佩斯科夫日前在接受一档电视节目采访时表示,西方国家介入乌克兰危机的程度与日俱增。西方国家的介入只会在时间上拖延冲突进程,无法从根本上改变局势。他说,特别军事行动将继续,俄罗斯无论如何都会捍卫自身利益。
——据乌克兰总统网站26日发布的消息,乌总统办公室主任叶尔马克当天说,期待将于7月举行的维尔纽斯北约峰会确认乌克兰在成为北约成员国的道路上不存在“替代”选项,同时确认乌克兰在加入北约前得到安全保障。(参与记者:李东旭、陈汀、华迪)(完)
1.4月10日,在巴赫穆特西部的恰索夫亚尔,乌克兰士兵维修一辆受损装甲运兵车。新华社发(彼得•德鲁克摄)
2.4月10日,乌克兰士兵在巴赫穆特附近阵地执勤。新华社发(彼得•德鲁克摄)
3.4月12日,乌克兰炮兵在巴赫穆特附近阵地执勤。 新华社发(彼得•德鲁克摄)